ပွဲကစားခွင့်နည်းပါးလာမှုအပေါ် လက်ခံပေမယ့် နည်းပြအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေမယ့် ကာဗာနီ

အက်ဒီဆင်ကာဗာနီကခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနှင့်အတူအမန်ယူတွင်ကစားခွင့်ရရှိလာမှုနည်းပါးလာမှုအပေါ်လက်ခံသော်လည်းအသင်းအတွက်အပြည့်အဝပေးဆပ်သွားဦးမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာယခုရာသီတွင်မန်ယူအတွက်လေးပွဲတည်းသာကစားခွင့်ရထားပြီး စနေနေ့တုန်းကအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

သူဟာအဲဗာတန်နှင့်ပွဲမှာပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်းပွဲချိန်၅၇မိနစ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့၁၂လကျော်တုန်းကမန်ယူသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့တဲ့ကာဗာနီဟာပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၂၆ပွဲကစားခဲ့ရာမှာ၁၀ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာယခုရာသီမှာရော်နယ်ဒိုရောက်လာမှုနဲ့အတူပွဲကစားခွင့် အခွင့်အရေးတဖြည်းဖြည်းနည်းပါးလာခဲ့ပါတယ်။

နိုင်ငံတကာပွဲကစားရန်ဥရုဂွေးသို့ရောက်နေစဉ်အတွင်းကာဗာနီက “ဘောလုံးမှာ အမြဲတမ်းကိုယ့်ဖက်ကအဆင်သင့်ဖြစ်နေရပါမယ်။တစ်ခါတလေကစားခွင့်ပိုရတယ်။တစ်ခါတလေနည်းတယ်။နည်းပြတွေကဘဲဆုံးဖြတ်ပါတယ်။ဒါပေမယ့်နေရာအတွက်ယှဉ်ပြိုင်ဖို့အလုပ်လုပ်မှုကိုတော့ရပ်လို့မရပါဘူး။လိဂ်ကအခုမှစခါဘဲရှိပါသေးတယ်။ကိုယ့်ဘက်ကအမြဲတမ်းအသင့်ဖြစ်နေရပါမယ်။ပြီးခဲ့တဲ့နှစ်ကလောက်ကစားခွင့်ရမှာမဟုတ်တော့ပေမယ့်အသင်းရဲ့အစိတ်အပိုင်းအဖြစ်ရှိနေဆဲပါ”လို့ပြောကြားသွားပါတယ်။

ကာဗာနီဟာလာမယ့်သောကြာနေ့မှာကိုလံဘီယာနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာဥရုဂွေးအတွက်၁၂၄ပွဲမြောက်ပွဲအဖြစ်ဝင်ကစားလာဖို့ရှိပါတယ်။

ZawGyi

ပြဲကစားခြင့္နည္းပါးလာမႈအေပၚ လက္ခံေပမယ့္ နည္းျပအတြက္ အၿမဲတမ္းအဆင္သင့္ျဖစ္ေနမယ့္ ကာဗာနီ

အက္ဒီဆင္ကာဗာနီကခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈႏွင့္အတူအမန္ယူတြင္ကစားခြင့္ရရွိလာမႈနည္းပါးလာမႈအေပၚလက္ခံေသာ္လည္းအသင္းအတြက္အျပည့္အဝေပးဆပ္သြားဦးမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာယခုရာသီတြင္မန္ယူအတြက္ေလးပြဲတည္းသာကစားခြင့္ရထားၿပီး စေနေန႔တုန္းကအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတစ္ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

သူဟာအဲဗာတန္ႏွင့္ပြဲမွာပြဲထြက္ခြင့္ရခဲ့ေပမယ့္လည္းပြဲခ်ိန္၅၇မိနစ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။

လြန္ခဲ့တဲ့၁၂လေက်ာ္တုန္းကမန္ယူသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့တဲ့ကာဗာနီဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၂၆ပြဲကစားခဲ့ရာမွာ၁၀ဂိုးအထိသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာယခုရာသီမွာေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူပြဲကစားခြင့္ အခြင့္အေရးတျဖည္းျဖည္းနည္းပါးလာခဲ့ပါတယ္။

ႏိုင္ငံတကာပြဲကစားရန္ဥ႐ုေဂြးသို႔ေရာက္ေနစဥ္အတြင္းကာဗာနီက “ေဘာလုံးမွာ အၿမဲတမ္းကိုယ့္ဖက္ကအဆင္သင့္ျဖစ္ေနရပါမယ္။တစ္ခါတေလကစားခြင့္ပိုရတယ္။တစ္ခါတေလနည္းတယ္။နည္းျပေတြကဘဲဆုံးျဖတ္ပါတယ္။ဒါေပမယ့္ေနရာအတြက္ယွဥ္ၿပိဳင္ဖို႔အလုပ္လုပ္မႈကိုေတာ့ရပ္လို႔မရပါဘူး။လိဂ္ကအခုမွစခါဘဲရွိပါေသးတယ္။ကိုယ့္ဘက္ကအၿမဲတမ္းအသင့္ျဖစ္ေနရပါမယ္။ၿပီးခဲ့တဲ့ႏွစ္ကေလာက္ကစားခြင့္ရမွာမဟုတ္ေတာ့ေပမယ့္အသင္းရဲ႕အစိတ္အပိုင္းအျဖစ္ရွိေနဆဲပါ”လို႔ေျပာၾကားသြားပါတယ္။

ကာဗာနီဟာလာမယ့္ေသာၾကာေန႔မွာကိုလံဘီယာႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာဥ႐ုေဂြးအတြက္၁၂၄ပြဲေျမာက္ပြဲအျဖစ္ဝင္ကစားလာဖို႔ရွိပါတယ္။