ပွဲကစားခွင့်မရရှိမှာစိုးရိမ်မှုကြောင့် မန်ယူရဲ့စာချုပ်သစ်ကို လင်ဂတ်ပယ်ချထား

ဂျက်စီလင်ဂတ်ဟာအသင်းတွင်ပါဝင်ကစားရရှိမယ့်အခွင့်အရေးနည်းပါးလာနိုင်တဲ့အခြေအနေကြောင့်မန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာနွေရာသီတုန်းကဝက်စ်ဟမ်းရဲ့ဆက်သွယ်ခြင်းခံခဲ့ရပေမယ့်မန်ယူတွင်ပင်ဆက်ကစားရန်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းတွင်ခြောက်လအငှားဖြင့်သွားကစားခဲ့တဲ့လင်ဂတ်ဟာမန်ယူနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးနေရာအတွက်တိုက်ပွဲဝင်ရန်ဆက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာယခုရာသီတွင်မန်ယူတွင်ပွဲကစားခွင့်များစွာရရှိ/မရှိအပေါ်တွင်မူတည်ကာအနာဂတ်ကိုဆုံးဖြတ်လိုမှုနဲ့အတူမန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုငြင်းပယ်ထားပါတယ်။

ယခုဘောလုံးရာသီမစတင်မီတုန်းကမန်ယူနည်းပြဆိုးလ်ရှားကလင်ဂတ်အတွက်ယခုရာသီတွင်ပွဲကစားခွင့်များစွာရရှိလာမှာဖြစ်ကြောင်းကတိပြုထားပါတယ်။ဒါပေမယ့်သူဟာမန်ယူရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲ၃ပွဲမှာ၅မိနစ်တည်းသာကစားထားရပါတယ်။

တစ်ဖက်တွင်ဆန်ချိုနှင့်ရော်နယ်ဒိုတို့ရောက်လာမှုကလည်းသူ့အတွက်ကစားခွင့်အခွင့်အရေးပိုမိုနည်းပါးလာစေတော့မှာဖြစ်ပါတယ်။

ZawGyi

ပြဲကစားခြင့္မရရွိမွာစိုးရိမ္မႈေၾကာင့္ မန္ယူရဲ႕စာခ်ဳပ္သစ္ကို လင္ဂတ္ပယ္ခ်ထား

ဂ်က္စီလင္ဂတ္ဟာအသင္းတြင္ပါဝင္ကစားရရွိမယ့္အခြင့္အေရးနည္းပါးလာႏိုင္တဲ့အေျခအေနေၾကာင့္မန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာေႏြရာသီတုန္းကဝက္စ္ဟမ္းရဲ႕ဆက္သြယ္ျခင္းခံခဲ့ရေပမယ့္မန္ယူတြင္ပင္ဆက္ကစားရန္ဆုံးျဖတ္ခဲ့သူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းတြင္ေျခာက္လအငွားျဖင့္သြားကစားခဲ့တဲ့လင္ဂတ္ဟာမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးေနရာအတြက္တိုက္ပြဲဝင္ရန္ဆက္ကစားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာယခုရာသီတြင္မန္ယူတြင္ပြဲကစားခြင့္မ်ားစြာရရွိ/မရွိအေပၚတြင္မူတည္ကာအနာဂတ္ကိုဆုံးျဖတ္လိုမႈနဲ႔အတူမန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုျငင္းပယ္ထားပါတယ္။

ယခုေဘာလုံးရာသီမစတင္မီတုန္းကမန္ယူနည္းျပဆိုးလ္ရွားကလင္ဂတ္အတြက္ယခုရာသီတြင္ပြဲကစားခြင့္မ်ားစြာရရွိလာမွာျဖစ္ေၾကာင္းကတိျပဳထားပါတယ္။ဒါေပမယ့္သူဟာမန္ယူရဲ႕ပရီးမီးယားလိဂ္အဖြင့္ပြဲ၃ပြဲမွာ၅မိနစ္တည္းသာကစားထားရပါတယ္။

တစ္ဖက္တြင္ဆန္ခ်ိဳႏွင့္ေရာ္နယ္ဒိုတို႔ေရာက္လာမႈကလည္းသူ႔အတြက္ကစားခြင့္အခြင့္အေရးပိုမိုနည္းပါးလာေစေတာ့မွာျဖစ္ပါတယ္။