ပွဲကစားခွင့်အတွက် အာမခံချက်မရရှိလျှင် မန်ယူမှထွက်ခွာရန် လင်ဂတ်တောင်းဆိုမည်

ဂျက်စီလင်ဂတ်ဟာမန်ယူပထမအသင်းတွင်ပွဲကစားခွင့်ရရှိရန်အာမခံချက်မရရှိပါကယခုနွေရာသီတွင်မန်ယူမှထွက်ခွာနိုင်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာကိုဗစ်ကူးစက်ခြင်းခံခဲ့ရမှုကြောင့်လိဒ်ယူနိုက်တက်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာကိုဗစ်မှပြန်လည်ကောင်းမွန်ကာကြားရက်တုန်းကဘန်လေနှင့်ကစားတဲ့ခြေစမ်းပွဲတွင်ပါဝင်ကစားနိုင်ခဲ့ကာဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှာဟာဂျက်စီလင်ဂတ်ကိုယခုရာသီသူ့အစီအစဉ်အတွင်းတွင်ထည့်သွင်းထားကြောင်းလူသိရှင်ကြားပြောကြားထားပါတယ်။

ဒါပေမယ့်မန်ယူနည်းပြဆိုးလ်ရှားဟာလိဒ်နှင့်ပွဲတွင်ဘရူနိုဖာနန်ဒက်စ် ဟက်ထရစ်သွင်းယူနိုင်ခဲ့မှု၊ပေါလ်ပေါ့ဘာ ၄ကြိမ်ဖန်တီးမှုပြုလုပ်ကာခြေစွမ်းပြကစားနိုင်ခဲ့မှုနဲ့အတူလင်ဂတ်ရဲ့သူ့သဘောထားပြောင်းလာဖို့ရှိနေပါတယ်။

ဒါကြောင့်လည်းဂျက်စီလင်ဂတ်ဟာသူ့အတွက်မန်ယူနည်းပြဆိုးလ်ရှားထံမှပွဲကစားခွင့်အာမခံချက်တောင်းဆိုထားပြီးကတိမပေးနိုင်ပါကအသင်းပြောင်းခွင့်တောင်းဆိုသွားပါမယ်။

လက်ရှိအချိန်တွင်လင်ဂတ်ကိုဝက်စ်ဟမ်းအသင်းကခေါ်ယူရန်ထိပ်ဆုံးမှစိတ်ဝင်စားနေပါတယ်။ဒါပေမယ့်ဝက်စ်ဟမ်းဟာလင်ဂတ်အတွက်မန်ယူကပြောင်းရွှေ့ကြေးပေါင်၂၅သန်းတောင်းဆိုမှုကြောင့်အခက်တွေ့နေပါတယ်။

လက်ရှိအချိန်တွင်စီးရီးအေကလပ်တစ်ခုကလည်းလင်ဂတ်ကိုခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသတင်းထွက်နေပါတယ်။

ZawGyi







