ပွဲကစားခွင့် နည်းပါးမှုကြောင့် အနာဂတ်ကို ရှင်းရှင်းလင်းလင်းသိရရန် ရီးရဲလ်မက်ဒရစ်စတားအလိုရှိ

ရီးရဲလ်မက်ဒရစ်မာကိုအဆန်စီယိုဟာယခုရာသီတွင်ပွဲကစားခွင့်အနည်းငယ်သာရရှိမှုနဲ့အတူဘာနေဗျူးတွင်မပျော်မရွှင်ဖြစ်နေကြောင်းသိရပါတယ်။

အသက်၂၅နှစ်ရှိစပိန်စတားဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရီးရဲလ်မက်ဒရစ်မှထွက်ခွာနိုင်မယ့်အခွင့်အရေးရရှိခဲ့ပေမယ့်လည်းအသင်းတွင်ဆက်ကစားကာနေရာအတွက်တိုက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်အဆန်စီယိုဟာဆက်ကစားဖို့ဆုံးဖြတ်လိုက်မှုနဲ့အတူပွဲကစားချိန်အလွန်နည်းပါးနေခြင်းကြောင့်စိတ်ပျက်နေပါတယ်။ဒါကြောင့်လည်းအဆန်စီယိုဟာရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာအနာဂတ်နှင့်ပတ်သက်ပြီးရှင်းရှင်းလင်းလင်းဖြစ်အောင်ပြုလုပ်ရန်စီစဉ်ထားပါတယ်။

မာယော့ကာကစားသမားဟောင်းဟာ၂၀၁၄ခုနှစ်တွင်ရီးရဲလ်မက်ဒရစ်သို့ရောက်လာပြီးနောက်လာလီဂါဖလားနှစ်ကြိမ်၊ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်၊စူပါဖလားနှစ်ကြိမ်၊ဖီဖာကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်တွင်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်အောင်မြင်မှုများရယူလာနိုင်ခဲ့ပေမယ့်ယခင်တုန်းကလည်းလက်တွဲခဲ့ဖူးတဲ့အန်ဆယ်လော့တီတစ်ကျော့ပြန်ရောက်လာချိန်မှာနေရာရရန်ရုန်းကန်နေရပါတယ်။

တစ်ဖက်တွင်ယခုအချိန်မှာရာသီအစကာလမျှသာရှိသေးရာအဆန်စီယိုအနေဖြင့်ရီးရဲလ်မက်ဒရစ်တွင်နေရာရရှိရေးအတွက်ကြိုးပမ်းရန်အချိန်များစွာကျန်ရှိနေပါသေးတယ်။

ZawGyi

ပြဲကစားခြင့္ နည္းပါးမႈေၾကာင့္ အနာဂတ္ကို ရွင္းရွင္းလင္းလင္းသိရရန္ ရီးရဲလ္မက္ဒရစ္စတားအလိုရွိ

ရီးရဲလ္မက္ဒရစ္မာကိုအဆန္စီယိုဟာယခုရာသီတြင္ပြဲကစားခြင့္အနည္းငယ္သာရရွိမႈနဲ႔အတူဘာေနဗ်ဴးတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းသိရပါတယ္။

အသက္၂၅ႏွစ္ရွိစပိန္စတားဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကရီးရဲလ္မက္ဒရစ္မွထြက္ခြာႏိုင္မယ့္အခြင့္အေရးရရွိခဲ့ေပမယ့္လည္းအသင္းတြင္ဆက္ကစားကာေနရာအတြက္တိုက္ပြဲဝင္ရန္ဆုံးျဖတ္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္အဆန္စီယိုဟာဆက္ကစားဖို႔ဆုံးျဖတ္လိုက္မႈနဲ႔အတူပြဲကစားခ်ိန္အလြန္နည္းပါးေနျခင္းေၾကာင့္စိတ္ပ်က္ေနပါတယ္။ဒါေၾကာင့္လည္းအဆန္စီယိုဟာရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ကာအနာဂတ္ႏွင့္ပတ္သက္ၿပီးရွင္းရွင္းလင္းလင္းျဖစ္ေအာင္ျပဳလုပ္ရန္စီစဥ္ထားပါတယ္။

မာေယာ့ကာကစားသမားေဟာင္းဟာ၂၀၁၄ခုႏွစ္တြင္ရီးရဲလ္မက္ဒရစ္သို႔ေရာက္လာၿပီးေနာက္လာလီဂါဖလားႏွစ္ႀကိမ္၊ခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္၊စူပါဖလားႏွစ္ႀကိမ္၊ဖီဖာကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးထားႏိုင္သူျဖစ္ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္တြင္အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္ေအာင္ျမင္မႈမ်ားရယူလာႏိုင္ခဲ့ေပမယ့္ယခင္တုန္းကလည္းလက္တြဲခဲ့ဖူးတဲ့အန္ဆယ္ေလာ့တီတစ္ေက်ာ့ျပန္ေရာက္လာခ်ိန္မွာေနရာရရန္႐ုန္းကန္ေနရပါတယ္။

တစ္ဖက္တြင္ယခုအခ်ိန္မွာရာသီအစကာလမွ်သာရွိေသးရာအဆန္စီယိုအေနျဖင့္ရီးရဲလ္မက္ဒရစ္တြင္ေနရာရရွိေရးအတြက္ႀကိဳးပမ္းရန္အခ်ိန္မ်ားစြာက်န္ရွိေနပါေသးတယ္။