ပွဲကစားခွင့် နည်းပါးမှုကြောင့် ယူနိုက်တက်မှ ထွက်ခွာရန် ပထမဆုံးအကြိမ်အဖြစ် စဉ်းစားလာတဲ့ ရပ်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်စတားမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာပွဲထွက်ကစားခွင့်ရရှိမှုအလွန်နည်းပါးလာမှုနဲ့အတူ အိုးထရက်ဖို့ဒ်မှထွက်ခွာရန် ကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်စဉ်းစားလာပါတယ်။

အသက်၂၄နှစ်ရှိရပ်ရှ်ဖို့ဒ်ဟာကစားသမားဘဝတစ်ခုလုံးကိုယူနိုက်တက်တွင်ကုန်ဆုံးလာသူဖြစ်ပြီးယူနိုက်တက်မှထွက်ခွာရန်တစ်ခါမျှမစဉ်းစားခဲ့သူလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာလူးဝစ်ဗန်ဂါးလ်လက်အောက်တွင်ယူနိုက်တက်ပထမအသင်းသို့တက်လှမ်းလာပြီးနောက်ခြောက်ရာသီခွဲကာလအတွင်းတွင်ယူနိုက်တက်အတွက်၂၉၅ပွဲကစားကာ၉၃ဂိုးသွင်းယူထားနိုင်ပါတယ်။ဒါပေမဲ့သူဟာအိုးထရက်ဖို့ဒ်မှထွက်ခွာရန်အလေးအနက်ထားစဉ်းစးနေပြီဖြစ်ပါတယ်။

အင်္ဂလန်စတားဟာပုခုံးဒဏ်ရာခွဲစိတ်ကုသမှုကြောင့်ယူနိုက်တက်ရဲ့ရာသီအစပွဲစဉ်များကိုလွဲချော်ခဲ့သူဖြစ်ပြီးယခုရာသီတွင်ပရီးမီးယားလိဂ်ပွဲ၂၀ပွဲကစားထားရာမှာ၉ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

ဒါပေမဲ့သူဟာဒီဇင်ဘာလတုန်းကနယူးကာဆယ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲနောက်ပိုင်းမှာယူနိုက်တက်အတွက်ပရီးမီးယားလိဂ်ပွဲနှစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

ရေးဖ်ရန်းနစ်ခ်ဟာအက်သလက်တီကိုနှစ်တစ်ဂိုးစီသရေကျတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်နှင့်မစ်ဒယ်ဘရော့ကိုရှုံးနိမ့်တဲ့အက်ဖ်အေဖလားပွဲတို့မှာရပ်ရှ်ဖို့ဒ်ကိုပွဲထွက်အဖြစ်အသုံးပြုခဲ့ပါတယ်။

The Guardian ရဲ့ဖော်ပြမှုအရရပ်ရှ်ဖို့ဒ်ဟာယူနိုက်တက်တွင်ကစားခွင့်နည်းပါးနေမှုအပေါ် အကြီးအကျယ်စိတ်ပျက်နေပြီးနည်းပြရန်းနစ်ခ်နှင့်လည်းအဆင်မပြေဖြစ်နေကြောင်းသိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာယူနိုက်တက်နှင့်၂၀၂၃ခုနှစ်ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးယူနိုက်တက်ဘက်ကစာချုပ်တွင်ပါဝင်တဲ့တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ဖြင့် တစ်နှစ်သက်တမ်းတိုးဖို့ရှိပါတယ်။

ရေးဖ်ရန်းနစ်ခ်ဟာယခုရာသီအကုန်တွင်ယူနိုက်တက်နည်းပြအဖြစ်မှထွက်ခွာမည်ဖြစ်ပြီး ပိုချက်တီနို(သို့မဟုတ်)အဲရစ်တင်ဟက်က ယူနိုက်တက်နည်းပြဖြစ်လာဖို့ရှိပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာနည်းပြသစ်လက်ထက်တွင်လည်းအခြေအနေတိုးတက်မလာပါက အသင်းပြောင်းခွင့်တောင်းဆိုသွားဖို့ရှိပါတယ်။

ZawGyi

ပြဲကစားခြင့္ နည္းပါးမႈေၾကာင့္ ယူႏိုက္တက္မွ ထြက္ခြာရန္ ပထမဆုံးအႀကိမ္အျဖစ္ စဥ္းစားလာတဲ့ ရပ္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္စတားမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာပြဲထြက္ကစားခြင့္ရရွိမႈအလြန္နည္းပါးလာမႈနဲ႔အတူ အိုးထရက္ဖို႔ဒ္မွထြက္ခြာရန္ ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္စဥ္းစားလာပါတယ္။

အသက္၂၄ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ဟာကစားသမားဘဝတစ္ခုလုံးကိုယူႏိုက္တက္တြင္ကုန္ဆုံးလာသူျဖစ္ၿပီးယူႏိုက္တက္မွထြက္ခြာရန္တစ္ခါမွ်မစဥ္းစားခဲ့သူလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာလူးဝစ္ဗန္ဂါးလ္လက္ေအာက္တြင္ယူႏိုက္တက္ပထမအသင္းသို႔တက္လွမ္းလာၿပီးေနာက္ေျခာက္ရာသီခြဲကာလအတြင္းတြင္ယူႏိုက္တက္အတြက္၂၉၅ပြဲကစားကာ၉၃ဂိုးသြင္းယူထားႏိုင္ပါတယ္။ဒါေပမဲ့သူဟာအိုးထရက္ဖို႔ဒ္မွထြက္ခြာရန္အေလးအနက္ထားစဥ္းစးေနၿပီျဖစ္ပါတယ္။

အဂၤလန္စတားဟာပုခုံးဒဏ္ရာခြဲစိတ္ကုသမႈေၾကာင့္ယူႏိုက္တက္ရဲ႕ရာသီအစပြဲစဥ္မ်ားကိုလြဲေခ်ာ္ခဲ့သူျဖစ္ၿပီးယခုရာသီတြင္ပရီးမီးယားလိဂ္ပြဲ၂၀ပြဲကစားထားရာမွာ၉ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

ဒါေပမဲ့သူဟာဒီဇင္ဘာလတုန္းကနယူးကာဆယ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲေနာက္ပိုင္းမွာယူႏိုက္တက္အတြက္ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

ေရးဖ္ရန္းနစ္ခ္ဟာအက္သလက္တီကိုႏွစ္တစ္ဂိုးစီသေရက်တဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ႏွင့္မစ္ဒယ္ဘေရာ့ကိုရႈံးနိမ့္တဲ့အက္ဖ္ေအဖလားပြဲတို႔မွာရပ္ရွ္ဖို႔ဒ္ကိုပြဲထြက္အျဖစ္အသုံးျပဳခဲ့ပါတယ္။

The Guardian ရဲ႕ေဖာ္ျပမႈအရရပ္ရွ္ဖို႔ဒ္ဟာယူႏိုက္တက္တြင္ကစားခြင့္နည္းပါးေနမႈအေပၚ အႀကီးအက်ယ္စိတ္ပ်က္ေနၿပီးနည္းျပရန္းနစ္ခ္ႏွင့္လည္းအဆင္မေျပျဖစ္ေနေၾကာင္းသိရပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာယူႏိုက္တက္ႏွင့္၂၀၂၃ခုႏွစ္ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးယူႏိုက္တက္ဘက္ကစာခ်ဳပ္တြင္ပါဝင္တဲ့တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ျဖင့္ တစ္ႏွစ္သက္တမ္းတိုးဖို႔ရွိပါတယ္။

ေရးဖ္ရန္းနစ္ခ္ဟာယခုရာသီအကုန္တြင္ယူႏိုက္တက္နည္းျပအျဖစ္မွထြက္ခြာမည္ျဖစ္ၿပီး ပိုခ်က္တီႏို(သို႔မဟုတ္)အဲရစ္တင္ဟက္က ယူႏိုက္တက္နည္းျပျဖစ္လာဖို႔ရွိပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာနည္းျပသစ္လက္ထက္တြင္လည္းအေျခအေနတိုးတက္မလာပါက အသင္းေျပာင္းခြင့္ေတာင္းဆိုသြားဖို႔ရွိပါတယ္။