ပွဲကစားခွင့် ရရှိမှုနည်းပါးလျှင် နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ချ်မှ ပူလီဆစ်ထွက်ခွာမည်

ခရစ္စတီယန်ပူလီဆစ်ဟာယခုရာသီတွင်ပွဲကစားခွင့်အလုံအလောက်မရရှိပါကလာမယ့်နွေရာသီတွင်ချဲလ်ဆီးမှ ထွက်ခွာရန်စီစဉ်ထားကြောင်းသိရပါတယ်။

အမေရိကန်တိုက်စစ်သမားဟာသောမတ်စ်တူချယ်ရဲ့လက်အောက်မှာပရီးမီးယားလိဂ်တစ်ပွဲမျှပွဲထွက်ခွင့်ရရှိထားခြင်းမရှိသေးပါဘူး။

ဒေါ့မွန်တွင်လက်တွဲခဲ့ဖူးတဲ့သောမတ်စ်တူချယ်ရဲ့လက်အောက်မှာအထိုင်မကျဖြစ်နေတဲ့ပူလီဆစ်ရဲ့အခြေအနေကို မန်ယူအပါအဝင်ကလပ်များစွာတို့ကစောင့်ကြည့်လျက်ရှိကြပါတယ်။

သူဟာအဲဗာတန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတစ်မိနစ်တည်းသာကစားခွင့်ရရှိထားပြီးတူချယ်လက်အောက်မှာ အရန်အဖြစ်၆ကြိမ်ဝင်ရောက်ကစားထားရပါတယ်။သူဟာလွန်ခဲ့တဲ့တစ်လတုန်းကဘန်စလေကို၁-၀ဂိုးဖြင့်အနိုင် ရရှိတဲ့အက်ဖ်အေဖလားပွဲမှာသာပွဲထွက်ခွင့်ရခဲ့ပြီးယင်းပွဲမှာလည်းလူစားလဲခံခဲ့ရပါတယ်။

ယင်းသို့အနေအထားကြောင့်ဒေါ့မွန်မှပေါင်၅၈သန်းဖြင့်ရောက်လာတဲ့အသက်၂၂နှစ်ရှိပူလီဆစ်ဟာတစ်ပတ်လုပ်ခ ပေါင်၁၅၀၀၀၀ကိုလျှော့ယူကာပွဲထွက်ကစားခွင့်နေရရှိမယ့်ကလပ်တစ်ခုသို့ပြောင်းရွှေ့လိုနေပါတယ်။

အခြားတစ်ဖက်မှာသူဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာရသူလည်းဖြစ်ပါတယ်။

ZawGyi

ပြဲကစားခြင့္ ရရွိမႈနည္းပါးလွ်င္ ေႏြရာသီတြင္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွ ပူလီဆစ္ထြက္ခြာမည္

ခရစၥတီယန္ပူလီဆစ္ဟာယခုရာသီတြင္ပြဲကစားခြင့္အလုံအေလာက္မရရွိပါကလာမယ့္ေႏြရာသီတြင္ခ်ဲလ္ဆီးမွ ထြက္ခြာရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

အေမရိကန္တိုက္စစ္သမားဟာေသာမတ္စ္တူခ်ယ္ရဲ႕လက္ေအာက္မွာပရီးမီးယားလိဂ္တစ္ပြဲမွ်ပြဲထြက္ခြင့္ရရွိထားျခင္းမရွိေသးပါဘူး။

ေဒါ့မြန္တြင္လက္တြဲခဲ့ဖူးတဲ့ေသာမတ္စ္တူခ်ယ္ရဲ႕လက္ေအာက္မွာအထိုင္မက်ျဖစ္ေနတဲ့ပူလီဆစ္ရဲ႕အေျခအေနကို မန္ယူအပါအဝင္ကလပ္မ်ားစြာတို႔ကေစာင့္ၾကည့္လ်က္ရွိၾကပါတယ္။

သူဟာအဲဗာတန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာတစ္မိနစ္တည္းသာကစားခြင့္ရရွိထားၿပီးတူခ်ယ္လက္ေအာက္မွာ အရန္အျဖစ္၆ႀကိမ္ဝင္ေရာက္ကစားထားရပါတယ္။သူဟာလြန္ခဲ့တဲ့တစ္လတုန္းကဘန္စေလကို၁-၀ဂိုးျဖင့္အႏိုင္ ရရွိတဲ့အက္ဖ္ေအဖလားပြဲမွာသာပြဲထြက္ခြင့္ရခဲ့ၿပီးယင္းပြဲမွာလည္းလူစားလဲခံခဲ့ရပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ေဒါ့မြန္မွေပါင္၅၈သန္းျဖင့္ေရာက္လာတဲ့အသက္၂၂ႏွစ္ရွိပူလီဆစ္ဟာတစ္ပတ္လုပ္ခ ေပါင္၁၅၀၀၀၀ကိုေလွ်ာ့ယူကာပြဲထြက္ကစားခြင့္ေနရရွိမယ့္ကလပ္တစ္ခုသို႔ေျပာင္းေ႐ႊ႕လိုေနပါတယ္။

အျခားတစ္ဖက္မွာသူဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာရသူလည္းျဖစ္ပါတယ္။