ပွဲကစားရတဲ့အချိန်ထက် ဖုန်းပြောတဲ့အချိန်များခဲ့တဲ့ မန်ယူစတားဗန်ဒီဘိခ်

နယ်သာလန်နည်းပြလူးဝစ်ဗန်ဂါးလ်ကမန်ယူအလယ်တန်းကစားသမားဗန်ဒီဘိခ်အနေဖြင့်လက်ရွေးစင်အသင်းတွင်ပြန်လည်ရွေးချယ်ခြင်းခံရလိုပါကကလပ်အသင်းတွင်ပုံမှန်ပွဲကစားခွင့်ရရှိဖို့လိုအပ်ကြောင်းပြောကြားလိုက်ပါတယ်။

နယ်သာလန်နည်းပြအဖြစ်သုံးကြိမ်မြောက်ကိုင်တွယ်လာခဲ့တဲ့မန်ယူနည်းပြဟောင်းဗန်ဂါးလ်ဟာဗန်ဒီဘိခ်နှင့်၄၅မိနစ်ကျော်ဖုန်းဆက်သွယ်ပြောကြားစဉ်အတွင်းပုံမှန်ပွဲထွက်ကစားခွင့်ရရှိမှသာလျှင်လက်ရွေးစင်အသင်းတွင်ပါဝင်လာမည်ဖြစ်ကြောင်းသတိပေးခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာမန်ယူအသင်းတွင်နေရာပျောက်နေမှုနဲ့အတူနော်ဝေ၊မွန်တီနီဂရိုး၊တူရကီတို့နှင့်ရင်ဆိုင်ကစားရမယ့်နယ်သာလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်နယ်သာလန်အသင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဗန်ဂါးလ်က “မနေ့တုန်းကဒွန်နီဗန်ဒီဘိခ်ကိုဖုန်းပြောခဲ့ပါတယ်။ပွဲတွေကစားခွင့်ရဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ကစားသမားတွေရဲ့မန်နေဂျာတွေနဲ့တော့မပြောပါဘူး။ပြောတော့ပြောသင့်တယ်။ဒါပေမယ့်မလုပ်ပါဘူး။မနေ့ညတုန်းကသူနဲ့ဖုန်း ၄၅မိနစ်လောက်ပြောဖြစ်ပါတယ်။ဘာတွေပြောခဲ့လဲဆိုတာတော့ပြောပြမှာမဟုတ်ပါဘူး။ဒါကဒွန်နီနဲ့ကျွန်တော့်အကြားမှာဘဲရှိပါမယ်။ကျွန်တော့်ဘက်ကကစားသမားတွေကိုအကြံဉာဏ်ပေးနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အသက်၂၄နှစ်ရှိဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအေဂျက်စ်မှမန်ယူသို့ရောက်လာပြီးနောက်မန်ယူအတွက်၃၆ပွဲကစားခွင့်ရခဲ့သော်လည်းပွဲအများစုကိုအရန်အဖြစ်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ZawGyi

ပြဲကစားရတဲ့အခ်ိန္ထက္ ဖုန္းေျပာတဲ့အခ်ိန္မ်ားခဲ့တဲ့ မန္ယူစတားဗန္ဒီဘိခ္

နယ္သာလန္နည္းျပလူးဝစ္ဗန္ဂါးလ္ကမန္ယူအလယ္တန္းကစားသမားဗန္ဒီဘိခ္အေနျဖင့္လက္ေ႐ြးစင္အသင္းတြင္ျပန္လည္ေ႐ြးခ်ယ္ျခင္းခံရလိုပါကကလပ္အသင္းတြင္ပုံမွန္ပြဲကစားခြင့္ရရွိဖို႔လိုအပ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

နယ္သာလန္နည္းျပအျဖစ္သုံးႀကိမ္ေျမာက္ကိုင္တြယ္လာခဲ့တဲ့မန္ယူနည္းျပေဟာင္းဗန္ဂါးလ္ဟာဗန္ဒီဘိခ္ႏွင့္၄၅မိနစ္ေက်ာ္ဖုန္းဆက္သြယ္ေျပာၾကားစဥ္အတြင္းပုံမွန္ပြဲထြက္ကစားခြင့္ရရွိမွသာလွ်င္လက္ေ႐ြးစင္အသင္းတြင္ပါဝင္လာမည္ျဖစ္ေၾကာင္းသတိေပးခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာမန္ယူအသင္းတြင္ေနရာေပ်ာက္ေနမႈနဲ႔အတူေနာ္ေဝ၊မြန္တီနီဂ႐ိုး၊တူရကီတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္နယ္သာလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္နယ္သာလန္အသင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

ဗန္ဂါးလ္က “မေန႔တုန္းကဒြန္နီဗန္ဒီဘိခ္ကိုဖုန္းေျပာခဲ့ပါတယ္။ပြဲေတြကစားခြင့္ရဖို႔လိုတယ္လို႔ေျပာခဲ့ပါတယ္။ကစားသမားေတြရဲ႕မန္ေနဂ်ာေတြနဲ႔ေတာ့မေျပာပါဘူး။ေျပာေတာ့ေျပာသင့္တယ္။ဒါေပမယ့္မလုပ္ပါဘူး။မေန႔ညတုန္းကသူနဲ႔ဖုန္း ၄၅မိနစ္ေလာက္ေျပာျဖစ္ပါတယ္။ဘာေတြေျပာခဲ့လဲဆိုတာေတာ့ေျပာျပမွာမဟုတ္ပါဘူး။ဒါကဒြန္နီနဲ႔ကြၽန္ေတာ့္အၾကားမွာဘဲရွိပါမယ္။ကြၽန္ေတာ့္ဘက္ကကစားသမားေတြကိုအႀကံဉာဏ္ေပးႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိဗန္ဒီဘိခ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကေအဂ်က္စ္မွမန္ယူသို႔ေရာက္လာၿပီးေနာက္မန္ယူအတြက္၃၆ပြဲကစားခြင့္ရခဲ့ေသာ္လည္းပြဲအမ်ားစုကိုအရန္အျဖစ္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။