ပွဲကစားရန် အဝေးရောက်နေစဉ်အတွင်း ပီအက်စ်ဂျီတိုက်စစ်မှူးအိုင်ကာဒီရဲ့နေအိမ်ဖောက်ထွင်းခံရ

မော်ရိုအိုင်ကာဒီကပီအက်စ်ဂျီကစားသမားတွေထဲမှာသူခိုးများပစ်မှတ်ထားခြင်းခံရတဲ့နောက်ဆုံးကစားသမား ဖြစ်လာပါတယ်။ L’Equipe ရဲ့ဖော်ပြချက်အရအာဂျင်တီးနားတိုက်စစ်မှူးကအသင်းနဲ့အတူပွဲသွားကစားစဉ်အ တွင်းသူခိုးများကနေအိမ်ဖောက်ထွင်းသွားခဲ့ကာပေါင်၃၅၀၀၀၀တန်ဖိုးရှိပစ္စည်းများခိုးယူသွားခဲ့ကြောင်းသိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးရဲ့နေအိမ်ကပဲရစ်မှနျူလီဆော်ဆိန်းတွင်ရှိပြီးစနေနေ့တုန်းကဖောက်ထွင်းခံခဲ့ရပါတယ်။ အိုင်ကာဒီဟာယနေ့တုန်းကပီအက်စ်ဂျီနှင့်အတူလိုရီယန့်အဝေးကွင်းပွဲကစားရန်အတွက်ဘရစ်တာနီသို့ ရောက်ရှိနေခဲ့ပါတယ်။

တနင်္ဂနွေနေ့နံနက်ပိုင်းရောက်ချိန်တွင်မှအိုင်ကာဒီရဲ့နေအိမ်ရှိအလုပ်သမားများကအိမ်ဖောက်ထွင်းခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။သူခိုးများဟာပြတင်းပေါက်မှတစ်ဆင့်အိမ်အတွင်းသို့ဝင်ရောက်ကာလက်ဝတ်ရတနာများ၊ အဝတ်အထည်များ၊နာရီများအခိုးခံခဲ့ရတာဖြစ်ပါတယ်။

ဒေသခံရဲတပ်ဖွဲ့ဟာသူခိုးများရဲ့လက်ဗွေရာနှင့် DNA များကို ရှာဖွေရယူခဲ့ကြပြီးသူခိုးအားရှာဖွေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်းမှာသူခိုးများဟာနာမည်ကျော်ဘောလုံးသမားများအဝေးကွင်းပွဲသွားကစားချိန်တွင်နေအိမ် ဖောက်ထွင်းမှုများပြုလုပ်လာခဲ့ကြပြီး ပီအက်စ်ဂျီကစားသမားများလည်းခံခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကပီအက်စ်ဂျီဂိုးသမားရီကိုဟာမွန်ပယ်လီယာပွဲကစားနေစဉ်နေအိမ်ဖောက်ထွင်းခံရပြီးပေါင် ၂၂၀၀၀တန်ပစ္စည်းများအခိုးခံခဲ့ရပါတယ်။

၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလတုန်းကလည်းပီအက်စ်ဂျီစတားဟောင်းဒါနီအဲလ်ဗက်စ်ရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရကာ ၂၀၁၈ခုနှစ်၊နိုဝင်ဘာလတုန်းကလည်းတိုက်စစ်သမားအဲရစ်မာဇမ်ချူပိုမိုတင်ရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရကာ ပေါင်၅၃၀၀၀၀တန်ဖိုးရှိပစ္စည်းများဖောက်ထွင်းခံခဲ့ရပါတယ်။

လက်ရှိချဲလ်ဆီးတွင်ကစားနေတဲ့တီယာဂိုဆေးလ်ဗားဟာလည်း၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကသူခိုးများရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပြီးပေါင်၅၀၀၀၀ ကျော်တန်ဖိုးရှိ Richard Mille နာရီအပြင် လက်ဝတ်ရတနာအချို့အခိုးခံခဲ့ရကာ စုစုပေါင်းပေါင်၁သန်းနီးပါးတန်ဖိုးရှိပါတယ်။

အိုင်ကာဒီအတွက်ပိုပြီးတော့ဆိုးရွားသွားတာကတော့လိုရီယန့်နှင့်ပွဲစဉ်မှာ၃-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ပြဲကစားရန္ အေဝးေရာက္ေနစဥ္အတြင္း ပီအက္စ္ဂ်ီတိုက္စစ္မႉးအိုင္ကာဒီရဲ႕ေနအိမ္ေဖာက္ထြင္းခံရ

ေမာ္႐ိုအိုင္ကာဒီကပီအက္စ္ဂ်ီကစားသမားေတြထဲမွာသူခိုးမ်ားပစ္မွတ္ထားျခင္းခံရတဲ့ေနာက္ဆုံးကစားသမား ျဖစ္လာပါတယ္။ L’Equipe ရဲ႕ေဖာ္ျပခ်က္အရအာဂ်င္တီးနားတိုက္စစ္မႉးကအသင္းနဲ႔အတူပြဲသြားကစားစဥ္အ တြင္းသူခိုးမ်ားကေနအိမ္ေဖာက္ထြင္းသြားခဲ့ကာေပါင္၃၅၀၀၀၀တန္ဖိုးရွိပစၥည္းမ်ားခိုးယူသြားခဲ့ေၾကာင္းသိရပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးရဲ႕ေနအိမ္ကပဲရစ္မွန်ဴလီေဆာ္ဆိန္းတြင္ရွိၿပီးစေနေန႔တုန္းကေဖာက္ထြင္းခံခဲ့ရပါတယ္။ အိုင္ကာဒီဟာယေန႔တုန္းကပီအက္စ္ဂ်ီႏွင့္အတူလိုရီယန႔္အေဝးကြင္းပြဲကစားရန္အတြက္ဘရစ္တာနီသို႔ ေရာက္ရွိေနခဲ့ပါတယ္။

တနဂၤေႏြေန႔နံနက္ပိုင္းေရာက္ခ်ိန္တြင္မွအိုင္ကာဒီရဲ႕ေနအိမ္ရွိအလုပ္သမားမ်ားကအိမ္ေဖာက္ထြင္းခံထားရေၾကာင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။သူခိုးမ်ားဟာျပတင္းေပါက္မွတစ္ဆင့္အိမ္အတြင္းသို႔ဝင္ေရာက္ကာလက္ဝတ္ရတနာမ်ား၊ အဝတ္အထည္မ်ား၊နာရီမ်ားအခိုးခံခဲ့ရတာျဖစ္ပါတယ္။

ေဒသခံရဲတပ္ဖြဲ႕ဟာသူခိုးမ်ားရဲ႕လက္ေဗြရာႏွင့္ DNA မ်ားကို ရွာေဖြရယူခဲ့ၾကၿပီးသူခိုးအားရွာေဖြလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာသူခိုးမ်ားဟာနာမည္ေက်ာ္ေဘာလုံးသမားမ်ားအေဝးကြင္းပြဲသြားကစားခ်ိန္တြင္ေနအိမ္ ေဖာက္ထြင္းမႈမ်ားျပဳလုပ္လာခဲ့ၾကၿပီး ပီအက္စ္ဂ်ီကစားသမားမ်ားလည္းခံခဲ့ရဖူးပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကပီအက္စ္ဂ်ီဂိုးသမားရီကိုဟာမြန္ပယ္လီယာပြဲကစားေနစဥ္ေနအိမ္ေဖာက္ထြင္းခံရၿပီးေပါင္ ၂၂၀၀၀တန္ပစၥည္းမ်ားအခိုးခံခဲ့ရပါတယ္။

၂၀၁၉ခုႏွစ္၊ေဖေဖာ္ဝါရီလတုန္းကလည္းပီအက္စ္ဂ်ီစတားေဟာင္းဒါနီအဲလ္ဗက္စ္ရဲ႕ေနအိမ္ေဖာက္ထြင္းခံခဲ့ရကာ ၂၀၁၈ခုႏွစ္၊ႏိုဝင္ဘာလတုန္းကလည္းတိုက္စစ္သမားအဲရစ္မာဇမ္ခ်ဴပိုမိုတင္ရဲ႕ေနအိမ္ေဖာက္ထြင္းခံခဲ့ရကာ ေပါင္၅၃၀၀၀၀တန္ဖိုးရွိပစၥည္းမ်ားေဖာက္ထြင္းခံခဲ့ရပါတယ္။

လက္ရွိခ်ဲလ္ဆီးတြင္ကစားေနတဲ့တီယာဂိုေဆးလ္ဗားဟာလည္း၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကသူခိုးမ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရၿပီးေပါင္၅၀၀၀၀ ေက်ာ္တန္ဖိုးရွိ Richard Mille နာရီအျပင္ လက္ဝတ္ရတနာအခ်ိဳ႕အခိုးခံခဲ့ရကာ စုစုေပါင္းေပါင္၁သန္းနီးပါးတန္ဖိုးရွိပါတယ္။

အိုင္ကာဒီအတြက္ပိုၿပီးေတာ့ဆိုး႐ြားသြားတာကေတာ့လိုရီယန႔္ႏွင့္ပြဲစဥ္မွာ၃-၂ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။