
စပါးစ်နောက်ခံလူဘင်ဒါးဗီးစ်ကစပါးစ်အနေဖြင့်ယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းမှာရင်ဆိုင်ရမယ့်မန်ချက်စတာယူနိုက်တက်နှင့်ပွဲစဉ်တွင်ခရစ္စတီယန်အဲရစ်ဆင်ကိုတားဆီးအတွက်လုပ်ဆောင်ရမယ့်ကိစ္စမှာအလွန်အရေးပါကြောင်း ဆိုသွားပါတယ်။
အန်တိုနီယိုကွန်တီရဲ့စပါးစ်ဟာပရီးမီးယားလိဂ်ပွဲ၁၀ပွဲကစားပြီးချိန်တွင်ရမှတ်၂၃မှတ်ဖြင့်အဆင့်၃နေရာတွင်ရပ်တည်နေပါတယ်။
စပါးစ်ဟာအိုးထရက်ဖို့ဒ်ကွင်းပွဲစဉ်တွင်အနိုင်ရရှိပါကမန်စီးတီးကိုကျော်ဖြတ်ကာအဆင့်၂နေရာကိုရယူလာပါမယ်။၎င်းတို့ဟာဇယားထိပ်ဆုံးမှမြောက်လန်ဒန်ဒါဘီပြိုင်ဘက်အာဆင်နယ်နှင့်လည်းရမှတ်တစ်မှတ်တည်းသာကွာဟလာပါမယ်။
ဒါပေမဲ့စပါးစ်ဟာအိုးထရက်ဖို့ဒ်ကွင်းတွင်ယူနိုက်တက်နှင့်ပွဲကြပ်ရင်ဆိုင်လာရဖို့သေချာနေပါတယ်။အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲရှုံးနိမ့်ခဲ့ပြီးနောက်တဖြည်းဖြည်းခြေစွမ်းကောင်းလာနေတဲ့အသင်းဖြစ်နေပါတယ်။
ယခုအခါစပါးစ်နောက်ခံလူဘင်ဒါးဗီးစ်ကယူနိုက်တက်အသင်းဘက်မှ စပါးစ်အသင်းအာရုံစိုက်ရမယ့်ကစားသမားတစ်ဦးကိုဆွဲထုတ်ပြလာပါတယ်။
ဘင်ဒါးဗီးစ်က “သူ(အဲရစ်ဆင်)ကကမ္ဘာ့အဆင့်ကစားသမားတစ်ဦးပါ။သူ့ဆီမှာဘောလုံးရှိတဲ့ဘယ်အချိန်မှာမဆို အရမ်းအန္တရာယ်ရှိပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့အသင်းလိုက်အနေနဲ့သူ့ကိုအထူးသတိပြုရပါမယ်။သူ့ကိုတားဆီးဖို့အစီအစဉ်လည်းလုပ်ရပါမယ်”လို့ပြောကြားသွားပါတယ်။
ခရစ္စတီယန်အဲရစ်ဆင်ဟာနွေရာသီတုန်းကယူနိုက်တက်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာမှာ၂ကြိမ်ဖန်တီးထားနိုင်ပါတယ်။
သူဟာယူနိုက်တက်တွင်ကွင်းလယ်အဖျက်နေရာမှာကစားရတယ်ဆိုပေမဲ့ အသင်းအခြေအနေအပေါ်မူတည်ပြီးတော့ တိုက်စစ်ကိုလိုက်ပါကစားနေပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်များကကစားခဲ့တဲ့ပွဲစဉ်များတွင်အဲရစ်ဆင်ရဲ့ခြေစွမ်းမှာယူနိုက်တက်ရဲ့ရလဒ်အပေါ်များစွာလွှမ်းမိုးနေပါတယ်။
ယူနိုက်တက်ဟာအဲရစ်ဆင်မပါဝင်တဲ့နယူးကာဆယ်နှင့်ပွဲစဉ်တွင်ဖန်တီးမှုပိုင်းအားနည်းပြီးဂိုးမရှိသရေဖြင့်သာကျေနပ်ခဲ့ရပါတယ်။ဒါပေမဲ့အဲရစ်ဆင်ဟာယနေ့ညစပါးစ်နှင့်ပွဲစဉ်မှာတော့ပါဝင်လာပါမယ်။
ZawGyi
ပြဲကို လုံးဝကြဲျပားလာေအာင္ လုပ္ႏိုင္စြမ္းရွိတဲ့ ယူႏိုက္တက္စတားကို စပါးစ္စတားအႀကီးအက်ယ္စိုးရိမ္ေန
စပါးစ္ေနာက္ခံလူဘင္ဒါးဗီးစ္ကစပါးစ္အေနျဖင့္ယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာရင္ဆိုင္ရမယ့္မန္ခ်က္စတာယူႏိုက္တက္ႏွင့္ပြဲစဥ္တြင္ခရစၥတီယန္အဲရစ္ဆင္ကိုတားဆီးအတြက္လုပ္ေဆာင္ရမယ့္ကိစၥမွာအလြန္အေရးပါေၾကာင္း ဆိုသြားပါတယ္။
အန္တိုနီယိုကြန္တီရဲ႕စပါးစ္ဟာပရီးမီးယားလိဂ္ပြဲ၁၀ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၂၃မွတ္ျဖင့္အဆင့္၃ေနရာတြင္ရပ္တည္ေနပါတယ္။
စပါးစ္ဟာအိုးထရက္ဖို႔ဒ္ကြင္းပြဲစဥ္တြင္အႏိုင္ရရွိပါကမန္စီးတီးကိုေက်ာ္ျဖတ္ကာအဆင့္၂ေနရာကိုရယူလာပါမယ္။၎တို႔ဟာဇယားထိပ္ဆုံးမွေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္အာဆင္နယ္ႏွင့္လည္းရမွတ္တစ္မွတ္တည္းသာကြာဟလာပါမယ္။
ဒါေပမဲ့စပါးစ္ဟာအိုးထရက္ဖို႔ဒ္ကြင္းတြင္ယူႏိုက္တက္ႏွင့္ပြဲၾကပ္ရင္ဆိုင္လာရဖို႔ေသခ်ာေနပါတယ္။အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲရႈံးနိမ့္ခဲ့ၿပီးေနာက္တျဖည္းျဖည္းေျခစြမ္းေကာင္းလာေနတဲ့အသင္းျဖစ္ေနပါတယ္။
ယခုအခါစပါးစ္ေနာက္ခံလူဘင္ဒါးဗီးစ္ကယူႏိုက္တက္အသင္းဘက္မွ စပါးစ္အသင္းအာ႐ုံစိုက္ရမယ့္ကစားသမားတစ္ဦးကိုဆြဲထုတ္ျပလာပါတယ္။
ဘင္ဒါးဗီးစ္က “သူ(အဲရစ္ဆင္)ကကမာၻ႔အဆင့္ကစားသမားတစ္ဦးပါ။သူ႔ဆီမွာေဘာလုံးရွိတဲ့ဘယ္အခ်ိန္မွာမဆို အရမ္းအႏၲရာယ္ရွိပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔အသင္းလိုက္အေနနဲ႔သူ႔ကိုအထူးသတိျပဳရပါမယ္။သူ႔ကိုတားဆီးဖို႔အစီအစဥ္လည္းလုပ္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။
ခရစၥတီယန္အဲရစ္ဆင္ဟာေႏြရာသီတုန္းကယူႏိုက္တက္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲ၈ပြဲကစားထားရာမွာ၂ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။
သူဟာယူႏိုက္တက္တြင္ကြင္းလယ္အဖ်က္ေနရာမွာကစားရတယ္ဆိုေပမဲ့ အသင္းအေျခအေနအေပၚမူတည္ၿပီးေတာ့ တိုက္စစ္ကိုလိုက္ပါကစားေနပါတယ္။ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားကကစားခဲ့တဲ့ပြဲစဥ္မ်ားတြင္အဲရစ္ဆင္ရဲ႕ေျခစြမ္းမွာယူႏိုက္တက္ရဲ႕ရလဒ္အေပၚမ်ားစြာလႊမ္းမိုးေနပါတယ္။
ယူႏိုက္တက္ဟာအဲရစ္ဆင္မပါဝင္တဲ့နယူးကာဆယ္ႏွင့္ပြဲစဥ္တြင္ဖန္တီးမႈပိုင္းအားနည္းၿပီးဂိုးမရွိသေရျဖင့္သာေက်နပ္ခဲ့ရပါတယ္။ဒါေပမဲ့အဲရစ္ဆင္ဟာယေန႔ညစပါးစ္ႏွင့္ပြဲစဥ္မွာေတာ့ပါဝင္လာပါမယ္။