ပွဲကြည့်စင်ပေါ်မှ ကိုးမန်းကို ဖုန်းဆက်တဲ့ပုံစံဖြင့် ဂိုးသွင်းအောင်ပွဲခံကာ လှောင်ပြောင်ခဲ့တဲ့ ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာအသင်းဟောင်းဘာစီလိုနာနှင့်ပွဲစဉ်မှာဂိုးသွင်းယူပြီးနောက်ပွဲကြည့်စင်ပေါ်တွင်ရှိနေတဲ့ကိုးမန်းကိုဖုန်းဆက်တဲ့ပုံစံမျိုးဖြင့်လှောင်ပြောင်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကနူးကမ့်တွင်သူ့အနာဂတ်မရှိတော့ကြောင်း ကိုးမန်းရဲ့ပြောကြားခြင်းခံရပြီးနောက်အကြီးအကျယ်ဒေါသထွက်ခဲ့သူဖြစ်ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရဒတ်ချ်လူမျိုးနည်းပြဟာဆွာရက်ဇ်ထံသို့ စက္ကန့်၆၀ခန့်ဖုန်းဆက်စကားပြောကာသူ့ကိုအလိုမရှိတော့ကြောင်းပြောကြားခဲ့တာလို့သိရပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာမည်သည့်ဖြေရှင်းချက်မှမရရှိဘဲဘာစီလိုနာရဲ့ကန်ထုတ်ခြင်းခံခဲ့ရတာဖြစ်ပြီးအက်သလက်တီကိုသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

မနေ့ညတုန်းကအက်သလက်တီကိုဟာရလဒ်ဆိုးများကြုံနေရတဲ့ဘာစီလိုနာကိုဧည့်ခံကစားရပြီး၂-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။လူးဝစ်ဆွာရက်ဇ်ဟာပထမပိုင်းပြီးခါနီးမှာအက်သလက်တီကိုအတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ကိုးမန်းဟာယင်းပွဲကိုပွဲပယ်ပြစ်ဒဏ်ကြောင့်ကြီးကြပ်နိုင်ခဲ့ခြင်းမရှိဘဲပွဲကြည့်စင်မှသာကြည့်ခဲ့ရပါတယ်။ဆွာရက်ဇ်ဟာဂိုးသွင်းယူပြီးနောက်ဖုန်းဆက်သွယ်ပြောကြားဟန်ဖြင့်အောင်ပွဲခံကာကိုးမန်းနှင့်ဘာစီလိုနာကိုလှောင်ပြောင်ခဲ့ပါတယ်။

ကိုးမန်းဟာအက်သလက်တီကိုအားရှုံးနိမ့်မှုနဲ့အတူဘာစီလိုနာနည်းပြအဖြစ်တာဝန်ထမ်းဆောင်တဲ့နေ့ရက်တွေကိုရေတွက်နေရပြီဖြစ်ပါတယ်။

ZawGyi

ပြဲၾကည့္စင္ေပၚမွ ကိုးမန္းကို ဖုန္းဆက္တဲ့ပုံစံျဖင့္ ဂိုးသြင္းေအာင္ပြဲခံကာ ေလွာင္ေျပာင္ခဲ့တဲ့ ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာအသင္းေဟာင္းဘာစီလိုနာႏွင့္ပြဲစဥ္မွာဂိုးသြင္းယူၿပီးေနာက္ပြဲၾကည့္စင္ေပၚတြင္ရွိေနတဲ့ကိုးမန္းကိုဖုန္းဆက္တဲ့ပုံစံမ်ိဳးျဖင့္ေလွာင္ေျပာင္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကႏူးကမ့္တြင္သူ႔အနာဂတ္မရွိေတာ့ေၾကာင္း ကိုးမန္းရဲ႕ေျပာၾကားျခင္းခံရၿပီးေနာက္အႀကီးအက်ယ္ေဒါသထြက္ခဲ့သူျဖစ္ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒတ္ခ်္လူမ်ိဳးနည္းျပဟာဆြာရက္ဇ္ထံသို႔ စကၠန႔္၆၀ခန႔္ဖုန္းဆက္စကားေျပာကာသူ႔ကိုအလိုမရွိေတာ့ေၾကာင္းေျပာၾကားခဲ့တာလို႔သိရပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာမည္သည့္ေျဖရွင္းခ်က္မွမရရွိဘဲဘာစီလိုနာရဲ႕ကန္ထုတ္ျခင္းခံခဲ့ရတာျဖစ္ၿပီးအက္သလက္တီကိုသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။

မေန႔ညတုန္းကအက္သလက္တီကိုဟာရလဒ္ဆိုးမ်ားႀကဳံေနရတဲ့ဘာစီလိုနာကိုဧည့္ခံကစားရၿပီး၂-၀ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။လူးဝစ္ဆြာရက္ဇ္ဟာပထမပိုင္းၿပီးခါနီးမွာအက္သလက္တီကိုအတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ကိုးမန္းဟာယင္းပြဲကိုပြဲပယ္ျပစ္ဒဏ္ေၾကာင့္ႀကီးၾကပ္ႏိုင္ခဲ့ျခင္းမရွိဘဲပြဲၾကည့္စင္မွသာၾကည့္ခဲ့ရပါတယ္။ဆြာရက္ဇ္ဟာဂိုးသြင္းယူၿပီးေနာက္ဖုန္းဆက္သြယ္ေျပာၾကားဟန္ျဖင့္ေအာင္ပြဲခံကာကိုးမန္းႏွင့္ဘာစီလိုနာကိုေလွာင္ေျပာင္ခဲ့ပါတယ္။

ကိုးမန္းဟာအက္သလက္တီကိုအားရႈံးနိမ့္မႈနဲ႔အတူဘာစီလိုနာနည္းျပအျဖစ္တာဝန္ထမ္းေဆာင္တဲ့ေန႔ရက္ေတြကိုေရတြက္ေနရၿပီျဖစ္ပါတယ္။