ပွဲကြည့်စင်သို့ တက်ကာ ပရိသတ်ငယ်လေး ရေးစ်ပေါ်တာနှင့်အတူ အောင်ပွဲခံခဲ့တဲ့ ဖူလ်ဟမ်ကစားသမားများ

ဖူလ်ဟမ်ကစားသမားများဟာဘရက်စတိုးစီးတီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပွဲကြည့်စင်သို့တက်ကာအသက်၁၃နှစ်အရွယ်ပရိသတ်ငယ်လေး ရေးစ်ပေါ်တာနှင့်အတူအောင်ပွဲခံခဲ့ကြပါတယ်။

ဖူလ်ဟမ်ဟာပွဲချိန်၅၀မိနစ်မှာအလက်ဇန္ဒားမီထရိုဗစ်ရဲ့ဂိုးနဲ့အိမ်ရှင်ဘရက်စတိုးကိုဦးဆောင်နိုင်ခဲ့ပါတယ်။မီထရိုဗစ်ဂိုးသွင်းလိုက်ပြီးနောက်ဖူလ်ဟမ်ကစားသမားများဟာ ပရိသတ်များရှိရာပွဲကြည့်စင်သို့လာပြီးလူငယ်လေးပေါ်တာရဲ့ခေါင်းကိုပွတ်ခြင်း၊ပုတ်ခြင်းဦဖက်ခြင်းတို့ပြုလုပ်ကာအတူအောင်ပွဲခံခဲ့ကြတာပါ။

အဆိုပါပရိသတ်ငယ်လေးဟာမွေးရာပါဦးနှောက်ချို့ယွင်းမှုကြောင့်ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မလှုပ်ရှားနိုင်တဲ့ဝေဒနာခံစားနေရသူဖြစ်ပါတယ်။

သူဟာဘောလုံးကန်နေတဲ့ဗီဒီယိုဖိုင်ကိုတင်လိုက်ပြီးနောက်အွန်လိုင်းတွင် စာနာမူမဲ့လူများရဲ့တိုက်ခိုက်ပြောဆိုမှုများနှင့်ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။

ပေါ်တာဟာအွန်လိုင်းတွင်တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်ကစားသမားများရဲ့ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။

ဖူလ်ဟမ်ဟာမီထရိုဗစ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းပါလ်မာကဘရက်စတိုးအတွက်ချေပဂိုးသွင်းခဲ့လို့တစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

ZawGyi






