ပွဲချိန် ၁ မိနစ်မှ ၉၇ မိနစ်အတွင်း ဂိုးသွင်းနိုင်တဲ့ သမိုင်းဝင်ကစားသမားဖြစ်လာတဲ့ လူးဝစ်ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာဂီတာဖေးအားအက်သလက်တီကိုမက်ဒရစ်ကအနိုင်ရရှိတဲ့ပွဲတွင်ဘောလုံသမိုင်းတွင်ကြီးကျယ်ခမ်းနားတဲ့သမိုင်းမှတ်တိုင်ကြီးတစ်ခုကိုစိုက်ထူးနိုင်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိအက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟာဂီတာဖေးအားအနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲချိန်၇၈မိနစ်မှာအက်သလက်တီကိုအတွက်ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးပွဲချိန်၉၁မိနစ်တွင်အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာပွဲချိန်၇၈မိနစ်မှာမာရီယိုဟာမိုဆိုရဲ့ဖြတ်တင်ဘောကနေ ပိတ်သွင်းပြီးအဖိုးတန်ချေပဂိုးသွင်းခဲ့ကာသမိုင်းမှတ်တိုင်စိုက်ခဲ့တာဖြစ်ပါတယ်။သူဟာပွဲပြီးခါနီးတွင်လည်းအက်သလက်တီကိုအတွက်အဖိုးတန်အနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ယင်းဂိုးကြောင့်လူးဝစ်ဆွာရက်ဇ်ဟာကစားသမားဘဝတစ်လျှောက်တွင်ပွဲချိန်၁မိနစ်မှ၉၇မိနစ်တို့အတွင်းတွင်မိနစ်တိုင်းဂိုးသွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

လီဗာပူးနှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဇလာတန်အီဘရာဟီမိုဗစ်တို့ပြီးနောက်ပွဲကစားချိန်မိနစ်တိုင်းတွင်ဂိုးသွင်းဖူးတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၄ခုနှစ်တုန်းကအက်သလက်တီကိုနှင့်ပွဲရဲ့ပွဲချိန်၇မိနစ်မှာပင်နယ်တီကနေဂိုးသွင်းပြီးနောက်ပွဲကစားချိန်မိနစ်တိုင်းဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့တာဖြစ်ပါတယ်။အီဘရာဟီမိုဗစ်ဟာလည်းယင်းနှစ်မှာဘဲအက်စ်တိုးနီးယားနှင့်ဆွီဒင်တို့ရဲ့ပွဲစဉ်မှာပွဲချိန်၂၄မိနစ်မှာဂိုးသွင်းယူနိုင်ပြီးနောက်ပွဲကစားချိန်မိနစ်တိုင်းဂိုးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။

မက်ဆီကတော့ပွဲကစားချိန်မိနစ်တိုင်းဂိုးသွင်းနိုင်သူအဖြစ်မှတ်တမ်းရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

ZawGyi

ပြဲခ်ိန္ ၁ မိနစ္မွ ၉၇ မိနစ္အတြင္း ဂိုးသြင္းႏိုင္တဲ့ သမိုင္းဝင္ကစားသမားျဖစ္လာတဲ့ လူးဝစ္ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာဂီတာေဖးအားအက္သလက္တီကိုမက္ဒရစ္ကအႏိုင္ရရွိတဲ့ပြဲတြင္ေဘာလုံသမိုင္းတြင္ႀကီးက်ယ္ခမ္းနားတဲ့သမိုင္းမွတ္တိုင္ႀကီးတစ္ခုကိုစိုက္ထူးႏိုင္ခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိအက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးဟာဂီတာေဖးအားအႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲခ်ိန္၇၈မိနစ္မွာအက္သလက္တီကိုအတြက္ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီးပြဲခ်ိန္၉၁မိနစ္တြင္အဖိုးတန္အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာပြဲခ်ိန္၇၈မိနစ္မွာမာရီယိုဟာမိုဆိုရဲ႕ျဖတ္တင္ေဘာကေန ပိတ္သြင္းၿပီးအဖိုးတန္ေခ်ပဂိုးသြင္းခဲ့ကာသမိုင္းမွတ္တိုင္စိုက္ခဲ့တာျဖစ္ပါတယ္။သူဟာပြဲၿပီးခါနီးတြင္လည္းအက္သလက္တီကိုအတြက္အဖိုးတန္အႏိုင္ဂိုးကိုေခါင္းတိုက္သြင္းယူခဲ့ပါတယ္။

ယင္းဂိုးေၾကာင့္လူးဝစ္ဆြာရက္ဇ္ဟာကစားသမားဘဝတစ္ေလွ်ာက္တြင္ပြဲခ်ိန္၁မိနစ္မွ၉၇မိနစ္တို႔အတြင္းတြင္မိနစ္တိုင္းဂိုးသြင္းယူႏိုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

လီဗာပူးႏွင့္ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဇလာတန္အီဘရာဟီမိုဗစ္တို႔ၿပီးေနာက္ပြဲကစားခ်ိန္မိနစ္တိုင္းတြင္ဂိုးသြင္းဖူးတဲ့တတိယေျမာက္ကစားသမားျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၄ခုႏွစ္တုန္းကအက္သလက္တီကိုႏွင့္ပြဲရဲ႕ပြဲခ်ိန္၇မိနစ္မွာပင္နယ္တီကေနဂိုးသြင္းၿပီးေနာက္ပြဲကစားခ်ိန္မိနစ္တိုင္းဂိုးသြင္းယူႏိုင္သူျဖစ္လာခဲ့တာျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ဟာလည္းယင္းႏွစ္မွာဘဲအက္စ္တိုးနီးယားႏွင့္ဆြီဒင္တို႔ရဲ႕ပြဲစဥ္မွာပြဲခ်ိန္၂၄မိနစ္မွာဂိုးသြင္းယူႏိုင္ၿပီးေနာက္ပြဲကစားခ်ိန္မိနစ္တိုင္းဂိုးသြင္းယူႏိုင္သူျဖစ္လာခဲ့ပါတယ္။

မက္ဆီကေတာ့ပြဲကစားခ်ိန္မိနစ္တိုင္းဂိုးသြင္းႏိုင္သူအျဖစ္မွတ္တမ္းေရးထိုးႏိုင္ျခင္းမရွိေသးပါဘူး။