ပွဲချိန် ၉၁ မိနစ်မှာ အမိုက်စား မြေမကျဘောကန်သွင်းပြီးနောက် ရော်နယ်ဒိုကို အတ္တလန္တာနည်းပြဂက်စ်ပါရီနီ ဘာပြောခဲ့လဲ?

အတ္တလန္တာနည်းပြဂီယန်ပီရိုဂက်စ်ပါရီနီဟာမန်ယူနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာမန်ယူအတွက်နောက်ကျချေပဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုကသွင်းယူလိုက်ပြီးနောက် “ငရဲကိုသွားလိုက်”လို့ဆိုပြီးပြောကြားခဲ့ပါတယ်။

အတ္တလန္တာဟာအင်္ဂါနေ့တုန်းကမန်ယူနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ဂျိုးဆစ်အလက်ဆစ်၊ဒူဗန်ဇာပါတာတို့သွင်းယူတဲ့ဂိုးတို့ဖြင့်နှစ်ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့သော်လည်းမန်ယူအတွက်ချေပဂိုးများကိုခရစ္စတီယာနိုရော်နယ်ဒိုကသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ဒုတိယချေပဂိုးကိုနာကျင်အချိန်ပိုမှာဧရိယာအစပ်ကနေမြေမကျဘောလှပစွာကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်ဂက်စ်ပါရီနီက “ပွဲပြီးတော့ရော်နယ်ဒိုနဲ့စကားပြောခဲ့တယ်။သူကတကယ့်ကိုကြီးကျယ်တဲ့ကစားသမားတစ်ဦးပါ။တစ်ချို့ကသူ့ကိုပြဿနာကောင်လို့ခေါ်ကြတယ်။ရှိဖို့ကောင်းတဲ့ပြဿနာပေါ့။ပထမပိုင်းမှာဂိုးသွင်းခဲ့တယ်။ဒုတိယပိုင်းမှာလည်းဂိုးသွင်းခဲ့ပြန်တယ်။ပွဲပြီးတော့သူ့ကိုကျွန်တော်ပြောခဲ့တယ်။ ‘အီတလီမှာဆိုငါတို့ဘယ်လိုပြောကြလဲသိလား။ငရဲသွားလိုက်”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနှင့်ပွဲတွင်မြေမကျဘောလှပစွာသွင်းယူမှုမတိုင်မီသုံးရက်အလိုတုန်းကစပါးစ်နှင့်ပွဲစဉ်တွင်လည်းဘရူနိုဖာနန်ဒက်စ်ရဲ့ချေပေးမှုကနေမြေမကျဘောထောင့်ဖြတ်ကန်သွင်းခဲ့ပါတယ်။

ZawGyi

ပြဲခ်ိန္ ၉၁ မိနစ္မွာ အမိုက္စား ေျမမက်ေဘာကန္သြင္းၿပီးေနာက္ ေရာ္နယ္ဒိုကို အတၱလႏၲာနည္းျပဂက္စ္ပါရီနီ ဘာေျပာခဲ့လဲ?

အတၱလႏၲာနည္းျပဂီယန္ပီ႐ိုဂက္စ္ပါရီနီဟာမန္ယူႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာမန္ယူအတြက္ေနာက္က်ေခ်ပဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုကသြင္းယူလိုက္ၿပီးေနာက္ “ငရဲကိုသြားလိုက္”လို႔ဆိုၿပီးေျပာၾကားခဲ့ပါတယ္။

အတၱလႏၲာဟာအဂၤါေန႔တုန္းကမန္ယူႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ဂ်ိဳးဆစ္အလက္ဆစ္၊ဒူဗန္ဇာပါတာတို႔သြင္းယူတဲ့ဂိုးတို႔ျဖင့္ႏွစ္ႀကိမ္တိုင္တိုင္ဦးေဆာင္ႏိုင္ခဲ့ေသာ္လည္းမန္ယူအတြက္ေခ်ပဂိုးမ်ားကိုခရစၥတီယာႏိုေရာ္နယ္ဒိုကသြင္းယူခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ဒုတိယေခ်ပဂိုးကိုနာက်င္အခ်ိန္ပိုမွာဧရိယာအစပ္ကေနေျမမက်ေဘာလွပစြာကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ဂက္စ္ပါရီနီက “ပြဲၿပီးေတာ့ေရာ္နယ္ဒိုနဲ႔စကားေျပာခဲ့တယ္။သူကတကယ့္ကိုႀကီးက်ယ္တဲ့ကစားသမားတစ္ဦးပါ။တစ္ခ်ိဳ႕ကသူ႔ကိုျပႆနာေကာင္လို႔ေခၚၾကတယ္။ရွိဖို႔ေကာင္းတဲ့ျပႆနာေပါ့။ပထမပိုင္းမွာဂိုးသြင္းခဲ့တယ္။ဒုတိယပိုင္းမွာလည္းဂိုးသြင္းခဲ့ျပန္တယ္။ပြဲၿပီးေတာ့သူ႔ကိုကြၽန္ေတာ္ေျပာခဲ့တယ္။ ‘အီတလီမွာဆိုငါတို႔ဘယ္လိုေျပာၾကလဲသိလား။ငရဲသြားလိုက္”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲတြင္ေျမမက်ေဘာလွပစြာသြင္းယူမႈမတိုင္မီသုံးရက္အလိုတုန္းကစပါးစ္ႏွင့္ပြဲစဥ္တြင္လည္းဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေခ်ေပးမႈကေနေျမမက်ေဘာေထာင့္ျဖတ္ကန္သြင္းခဲ့ပါတယ္။