ပွဲချိန် ၉၅ မိနစ်တွင် အဝါကတ်အပြခံရပြီး ကာဒစ်ဇ်ရဲ့တန်ပြန်တိုက်စစ်ဂိုးသွင်းမှုကို တားဆီးဖို့ ဒုတိယဘောလုံးကို ကန်ခဲ့တဲ့ ဘက်စကွက်ဇ်

ဘာစီလိုနာအသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ဇ်ဟာကြာသပတေးနေ့ညတုန်းက ကာဒစ်ဇ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်ရဲ့ပွဲချိန်၉၅မိနစ်တွင် ကာဒစ်ဇ်ရဲ့တန်ပြန်တိုက်စစ်ဖြင့်ဂိုးသွင်းမှုကိုတားဆီးရန်အတွက်ညစ်ပတ်တဲ့နည်းလမ်းကိုအသုံးပြုခဲ့ပါတယ်။

ဘာစီလိုနာဟာကာဒစ်ဇ်နှင့်ပွဲစဉ်ရဲ့ပွဲချိန်၆၅မိနစ်မှာဖရန်ကီဒီဂျောင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရလို့တစ်ယောက်အလျှော့နဲ့ရင်ဆိုင်ကစားခဲ့ရပါတယ်။ဘာစီလိုနာဟာကာဒစ်ဇ်နှင့်ပွဲစဉ်မှာလည်းဂိုးမရှိသရေကျခဲ့မှုကြောင့်သုံးပွဲဆက်နိုင်ပွဲပျောက်ခဲ့ကာထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့်ရမှတ်၇မှတ်အထိကွာဟသွားခဲ့ပါတယ်။

ဒါပေမယ့်တကယ်လို့များဘက်စကွက်ဇ်ကသာသူ့ရဲ့အတွေ့အကြုံကိုအသုံးချခြင်း၊ကလပ်အကျိုးအတွက် ညစ်ပတ်တဲ့နည်းလမ်းကိုပါသုံးဖို့လက်တွန့်နေခဲ့ရင် ဘာစီလိုနာရဲ့အခြေအနေပိုပြီးတော့တောင်ဆိုးရွားသွားနိုင်ပါတယ်။

ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာကာဒစ်ဇ်ဟာလျှင်မြန်တဲ့တန်ပြန်တိုက်စစ်ဆင်မှုပြုလုပ်လာခဲ့ပါတယ်။ကာဒစ်ဇ်ရဲ့ဆယ်လ်ဗီဟာခြမ်းမှာအန္တရာယ်ရှိတဲ့ဖြတ်တင်ဘောပြုလုပ်နိုင်တဲ့အနေအထားမျိုးရှိနေခဲ့ပါတယ်။ဒါပေမယ့်ယင်းအချိန်တွင်ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ဘောလုံးတစ်လုံးကဘာစီလိုနာဧရိယာအတွင်းမှာရှိနေခဲ့ပါတယ်။

ယင်းဘောလုံးကလည်းပွဲအပေါ် တစ်စုံတစ်ရာထိခိုက်မယ့်အနေအထားမျိုးမှာမရှိပါဘူး။ဒါပေမယ့်ဘက်စကွက်ဇ်ဟာဉာဏ်ဆိုးဉာဏ်ညစ်အသုံးချပြီးယင်းဒုတိယဘောလုံးကိုဆယ်လ်ဗီထံသို့တည့်တည့်ကန်ပြီးပွဲကစားမှုကအနှောက်အယှက်ပေးခဲ့ပါတယ်။

ကာဒစ်ဇ်ရဲ့ကျောနံပါတ်၇ပိုင်ရှင်ဟာဘာစီလိုနာဧရိယာအတွင်းသို့ပေးပို့ခဲ့ပြီးကာဒစ်ဇ်တိုက်စစ်မှူးကပိတ်သွင်းကာဂိုးသွင်းခဲ့ပါတယ်။

ဒါပေမယ့်ယင်းဂိုးကိုဘက်စကွက်ဇ်ရဲ့လုပ်ရပ်ကြောင့်ခွင့်မပြုခဲ့ပါဘူး။ဘက်စကွက်ဇ်ဟာယင်းလုပ်ရပ်အတွက်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ကာဒစ်ဇ်ဟာဂိုးခွင့်ပြုခြင်းမခံခဲ့ရဘဲဖရီးကစ်ရရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်ဘက်စကွက်ဇ်ရဲ့ဉာဏ်ကိုခပ်ပါးပါးထုတ်သုံးပြီးပြိုင်ဘက်ရဲ့အန္တရာယ်ရှိတဲ့တန်ပြန်တိုက်စစ်ကိုတားဆီးမှုကချီးကျူးစရာပါ။

အထက်ပါအဖြစ်အပျက်ဖြစ်ပြီးနောက်ဘာစီလိုနာနည်းပြကိုးမန်းဟာလည်းအထုတ်ခံခဲ့ရပါတယ်။ကိုးမန်းကသူ့ကိုဒိုင်လူကြီးကအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းပွဲအပြီးတွင်ဝေဖန်သွားပါတယ်။

ZawGyi

ပြဲခ်ိန္ ၉၅ မိနစ္တြင္ အဝါကတ္အျပခံရၿပီး ကာဒစ္ဇ္ရဲ႕တန္ျပန္တိုက္စစ္ဂိုးသြင္းမႈကို တားဆီးဖို႔ ဒုတိယေဘာလုံးကို ကန္ခဲ့တဲ့ ဘက္စကြက္ဇ္

ဘာစီလိုနာအသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္ဇ္ဟာၾကာသပေတးေန႔ညတုန္းက ကာဒစ္ဇ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၉၅မိနစ္တြင္ ကာဒစ္ဇ္ရဲ႕တန္ျပန္တိုက္စစ္ျဖင့္ဂိုးသြင္းမႈကိုတားဆီးရန္အတြက္ညစ္ပတ္တဲ့နည္းလမ္းကိုအသုံးျပဳခဲ့ပါတယ္။

ဘာစီလိုနာဟာကာဒစ္ဇ္ႏွင့္ပြဲစဥ္ရဲ႕ပြဲခ်ိန္၆၅မိနစ္မွာဖရန္ကီဒီေဂ်ာင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရလို႔တစ္ေယာက္အေလွ်ာ့နဲ႔ရင္ဆိုင္ကစားခဲ့ရပါတယ္။ဘာစီလိုနာဟာကာဒစ္ဇ္ႏွင့္ပြဲစဥ္မွာလည္းဂိုးမရွိသေရက်ခဲ့မႈေၾကာင့္သုံးပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ကာထိပ္ဆုံးမွရီးရဲလ္မက္ဒရစ္ႏွင့္ရမွတ္၇မွတ္အထိကြာဟသြားခဲ့ပါတယ္။

ဒါေပမယ့္တကယ္လို႔မ်ားဘက္စကြက္ဇ္ကသာသူ႔ရဲ႕အေတြ႕အႀကဳံကိုအသုံးခ်ျခင္း၊ကလပ္အက်ိဳးအတြက္ ညစ္ပတ္တဲ့နည္းလမ္းကိုပါသုံးဖို႔လက္တြန႔္ေနခဲ့ရင္ ဘာစီလိုနာရဲ႕အေျခအေနပိုၿပီးေတာ့ေတာင္ဆိုး႐ြားသြားႏိုင္ပါတယ္။

ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာကာဒစ္ဇ္ဟာလွ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ဆင္မႈျပဳလုပ္လာခဲ့ပါတယ္။ကာဒစ္ဇ္ရဲ႕ဆယ္လ္ဗီဟာျခမ္းမွာအႏၲရာယ္ရွိတဲ့ျဖတ္တင္ေဘာျပဳလုပ္ႏိုင္တဲ့အေနအထားမ်ိဳးရွိေနခဲ့ပါတယ္။ဒါေပမယ့္ယင္းအခ်ိန္တြင္ဘယ္အခ်ိန္ကေရာက္ေနမွန္းမသိတဲ့ေဘာလုံးတစ္လုံးကဘာစီလိုနာဧရိယာအတြင္းမွာရွိေနခဲ့ပါတယ္။

ယင္းေဘာလုံးကလည္းပြဲအေပၚ တစ္စုံတစ္ရာထိခိုက္မယ့္အေနအထားမ်ိဳးမွာမရွိပါဘူး။ဒါေပမယ့္ဘက္စကြက္ဇ္ဟာဉာဏ္ဆိုးဉာဏ္ညစ္အသုံးခ်ၿပီးယင္းဒုတိယေဘာလုံးကိုဆယ္လ္ဗီထံသို႔တည့္တည့္ကန္ၿပီးပြဲကစားမႈကအေႏွာက္အယွက္ေပးခဲ့ပါတယ္။

ကာဒစ္ဇ္ရဲ႕ေက်ာနံပါတ္၇ပိုင္ရွင္ဟာဘာစီလိုနာဧရိယာအတြင္းသို႔ေပးပို႔ခဲ့ၿပီးကာဒစ္ဇ္တိုက္စစ္မႉးကပိတ္သြင္းကာဂိုးသြင္းခဲ့ပါတယ္။

ဒါေပမယ့္ယင္းဂိုးကိုဘက္စကြက္ဇ္ရဲ႕လုပ္ရပ္ေၾကာင့္ခြင့္မျပဳခဲ့ပါဘူး။ဘက္စကြက္ဇ္ဟာယင္းလုပ္ရပ္အတြက္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။ကာဒစ္ဇ္ဟာဂိုးခြင့္ျပဳျခင္းမခံခဲ့ရဘဲဖရီးကစ္ရရွိခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ဘက္စကြက္ဇ္ရဲ႕ဉာဏ္ကိုခပ္ပါးပါးထုတ္သုံးၿပီးၿပိဳင္ဘက္ရဲ႕အႏၲရာယ္ရွိတဲ့တန္ျပန္တိုက္စစ္ကိုတားဆီးမႈကခ်ီးက်ဴးစရာပါ။

အထက္ပါအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ဘာစီလိုနာနည္းျပကိုးမန္းဟာလည္းအထုတ္ခံခဲ့ရပါတယ္။ကိုးမန္းကသူ႔ကိုဒိုင္လူႀကီးကအေၾကာင္းျပခ်က္တစ္စုံတစ္ရာမရွိဘဲထုတ္ပယ္ခဲ့ျခင္းျဖစ္ေၾကာင္းပြဲအၿပီးတြင္ေဝဖန္သြားပါတယ္။