ပွဲချိန် ၉၇ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ဘင်မီးကို ခေါင်းဖြင့် ဆောင့်တိုက်လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့တဲ့ ဒီယေဂိုကော့စတာ

ဘောလုံးလူဆိုးဒီယေဂိုကော့စတာဟာမနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင် ဘင်မီးကိုခေါင်းဖြင့်ဆောင့်တိုက်ခဲ့မှုကြောင့်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အထက်ပါဖြစ်ရပ်မှာဘရန့်ဖို့ဒ်နှင့်ဝုဗ်တို့တစ်ဂိုးစီသရေကျတဲ့မနေ့ညကပရီးမီးယားလိဂ်ပွဲစဉ်တွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

မယုံကြည်နိုင်စရာကောင်းတာကတော့ယင်းအနီကတ်ကဘောလုံးလူဆိုးဒီယေဂိုကော့စတာအတွက်ပထမဆုံးပရီးမီးယားလိဂ်အနီကတ်ဖြစ်နေတာဖြစ်ပါတယ်။

ကော့စတာဟာနာကျင်အပိုချိန်တွင်သူ့ကိုအနီကတ်ပြသခံရစေတဲ့ခေါင်းတိုက်မှုအတွက်တောင်းပန်မှုပြုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။

ကော့စတာဟာဘရန့်ဖို့ဒ်ဧရိယာထိပ်တွင်ဖြတ်တင်ဘောကိုစောင့်ဆိုင်းနေစဉ်ဘင်မီးကိုခေါင်းဖြင့်ဆောင့်တိုက်ခဲ့တာလည်းဖြစ်ပါတယ်။ယင်းဖြစ်ရပ်က VAR ကသတိထားပြီးစစ်ဆေးကာအနီကတ်ပြစေခဲ့တာလည်းဖြစ်ပါတယ်။

ကော့စတာဟာ ယင်းအနီကတ်ကြောင့်သုံးပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားပြိုင်ပွဲရောက်တဲ့အထိဝုဗ်အတွက်ကစားခွင့်ရတော့မှာမဟုတ်ပါဘူး။

ZawGyi

ပြဲခ်ိန္ ၉၇ မိနစ္မွာ ဘရန႔္ဖို႔ဒ္ရဲ႕ဘင္မီးကို ေခါင္းျဖင့္ ေဆာင့္တိုက္လို႔ အနီကတ္ျပထုတ္ပယ္ခံခဲ့တဲ့ ဒီေယဂိုေကာ့စတာ

ေဘာလုံးလူဆိုးဒီေယဂိုေကာ့စတာဟာမေန႔ညတုန္းကဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ ဘင္မီးကိုေခါင္းျဖင့္ေဆာင့္တိုက္ခဲ့မႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အထက္ပါျဖစ္ရပ္မွာဘရန႔္ဖို႔ဒ္ႏွင့္ဝုဗ္တို႔တစ္ဂိုးစီသေရက်တဲ့မေန႔ညကပရီးမီးယားလိဂ္ပြဲစဥ္တြင္ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

မယုံၾကည္ႏိုင္စရာေကာင္းတာကေတာ့ယင္းအနီကတ္ကေဘာလုံးလူဆိုးဒီေယဂိုေကာ့စတာအတြက္ပထမဆုံးပရီးမီးယားလိဂ္အနီကတ္ျဖစ္ေနတာျဖစ္ပါတယ္။

ေကာ့စတာဟာနာက်င္အပိုခ်ိန္တြင္သူ႔ကိုအနီကတ္ျပသခံရေစတဲ့ေခါင္းတိုက္မႈအတြက္ေတာင္းပန္မႈျပဳလုပ္ခဲ့တာလည္းေတြ႕ရပါတယ္။

ေကာ့စတာဟာဘရန႔္ဖို႔ဒ္ဧရိယာထိပ္တြင္ျဖတ္တင္ေဘာကိုေစာင့္ဆိုင္းေနစဥ္ဘင္မီးကိုေခါင္းျဖင့္ေဆာင့္တိုက္ခဲ့တာလည္းျဖစ္ပါတယ္။ယင္းျဖစ္ရပ္က VAR ကသတိထားၿပီးစစ္ေဆးကာအနီကတ္ျပေစခဲ့တာလည္းျဖစ္ပါတယ္။

ေကာ့စတာဟာ ယင္းအနီကတ္ေၾကာင့္သုံးပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။သူဟာကမာၻ႔ဖလားၿပိဳင္ပြဲေရာက္တဲ့အထိဝုဗ္အတြက္ကစားခြင့္ရေတာ့မွာမဟုတ္ပါဘူး။