ပွဲချိန် ၉၇ မိနစ်မှာ အိုင်ဗရီကို့စ်အတွက် ဖရီးကစ်မှ အနိုင်ဂိုးသွင်းခဲ့တဲ့ အာမက်ဒီရယ်လို

အာမက်ဒီရယ်လိုဟာအိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက်ဒုတိယမြောက်ကစားတဲ့ပွဲမှာဘဲသူ့ရဲ့ပထမဆုံးနိုင်ငံတကာဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။သူဟာပွဲချိန်၉၇မိနစ်မှာဖရီးကစ်ကနေအနိုင်ဂိုးကိုလှလှပပသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အာမက်ဒီရယ်လိုဟာဇန်နဝါရီလတုန်းကမန်ယူသို့ပေါင်၃၇ဖြင့်ပြောင်းရွှေ့စဉ်ကရွက်ပုန်းသီးပါရမီရှင်အဖြစ်လူမသိသူမသိကစားသမားအဖြစ်ရှိနေခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူသို့မပြောင်းမီအတ္တလန္တာစီနီယာအသင်းအတွက်၅ပွဲတည်းသာကစားခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာမန်ယူသို့ရောက်လာပြီးနောက်လူတိုင်းရဲ့အာရုံစိုက်ခြင်းခံလာခဲ့ရပါတယ်။သူဟာမန်ယူလူငယ်အသင်းတွင်စတင်ကစားပြီးခြေစွမ်းပြကစားနိုင်ပြီးနောက်ဆိုးလ်ရှားရဲ့စီနီယာအသင်းသို့ဆင့်ခေါ်ခြင်းခံရပါတယ်။သူဟာမန်ယူစီနီယာအသင်းမှာပွဲထွက်ခွင့်မရပေမယ့်လည်းအရန်အဖြစ်ကစားတိုင်းခြေစွမ်းပြနိုင်လို့ပရိသတ်မေတ္တာရနေသူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းသူဟာမတ်လတုန်းကစတင်ကာအိုင်ဗရီကို့စ်အသင်းအတွက်ပထမဆုံးနိုင်ငံတကာပွဲကစားခွင့်ရခဲ့ပါတယ်။

စနေနေ့မှာတော့ဒီရယ်လိုဟာဘူကီနာဖာဆိုနှင့်ပွဲမှာအိုင်ဗရီကို့စ်အတွက်ဒုတိယမြောက်နိုင်ငံတကာပွဲကိုကစားခွင့်ရခဲ့ပါတယ်။သူဟာလူစားဝင်ရောက်လာပြီးနောက်နာကျင်အချိန်ပိုမှာဖရီးကစ်ကအနေအိုင်ဗရီကို့စ်အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းခဲ့ပါတယ်။

ဘူကီနာဖာဆိုဟာပွဲချိန်၁၆မိနစ်မှာအေဂျက်စ်တိုက်စစ်မှူးလက်စ်ဆီနာထရာအိုရီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။အသက်၂၀နှစ်ရှိတိုက်စစ်မှူးဟာဘူကီနာဖာဆိုအတွက်၁၂ပွဲကစားရာမှာ၆ဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရယ်လိုလူစားဝင်လာချိန်မှာအိုင်ဗရီကို့စ်က၁-၀ဂိုးဖြင့်ရှုံးနေတုန်းဖြစ်ပါတယ်။ပွဲချိန်၇၂မိနစ်မှာမက်စ်ဂရာဒယ်ရဲ့ဖန်တီးမှုကနေအလယ်တန်းကစားသမားအီဘရာဟမ်ဆန်ဂါရီကအိုင်ဗရီကို့စ်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

အိုင်ဗရီကို့စ်ဟာလာမယ့်အပတ်စနေနေ့မှာဂါနာနှင့်ရင်ဆိုင်ကစားရဦးမှာဖြစ်ပြီးအာမက်ဒီရယ်လိုဟာနောက်ထပ်အခွင့်အရေးရရှိလာဖို့သေချာနေပါတယ်။

သူဟာမတ်လတုန်းကဆိုစီဒက်နှင့်ယူရိုပါလိဂ်ပွဲစဉ်မှာမန်ယူစီနီယာအသင်းအတွက်ပထမဆုံးပွဲကိုမေဆင်ဂရင်းဝုဒ်အစားလူစားဝင်ရောက်ကာကစားခွင့်ရရှိခဲ့ပြီးအေစီမီလန်နှင့်ပွဲစဉ်မှာပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ပြဲခ်ိန္ ၉၇ မိနစ္မွာ အိုင္ဗရီကို႔စ္အတြက္ ဖရီးကစ္မွ အႏိုင္ဂိုးသြင္းခဲ့တဲ့ အာမက္ဒီရယ္လို

အာမက္ဒီရယ္လိုဟာအိုင္ဗရီကို႔စ္လက္ေ႐ြးစင္အသင္းအတြက္ဒုတိယေျမာက္ကစားတဲ့ပြဲမွာဘဲသူ႔ရဲ႕ပထမဆုံးႏိုင္ငံတကာဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာပြဲခ်ိန္၉၇မိနစ္မွာဖရီးကစ္ကေနအႏိုင္ဂိုးကိုလွလွပပသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

အာမက္ဒီရယ္လိုဟာဇန္နဝါရီလတုန္းကမန္ယူသို႔ေပါင္၃၇ျဖင့္ေျပာင္းေ႐ႊ႕စဥ္က႐ြက္ပုန္းသီးပါရမီရွင္အျဖစ္လူမသိသူမသိကစားသမားအျဖစ္ရွိေနခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူသို႔မေျပာင္းမီအတၱလႏၲာစီနီယာအသင္းအတြက္၅ပြဲတည္းသာကစားခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာမန္ယူသို႔ေရာက္လာၿပီးေနာက္လူတိုင္းရဲ႕အာ႐ုံစိုက္ျခင္းခံလာခဲ့ရပါတယ္။သူဟာမန္ယူလူငယ္အသင္းတြင္စတင္ကစားၿပီးေျခစြမ္းျပကစားႏိုင္ၿပီးေနာက္ဆိုးလ္ရွားရဲ႕စီနီယာအသင္းသို႔ဆင့္ေခၚျခင္းခံရပါတယ္။သူဟာမန္ယူစီနီယာအသင္းမွာပြဲထြက္ခြင့္မရေပမယ့္လည္းအရန္အျဖစ္ကစားတိုင္းေျခစြမ္းျပႏိုင္လို႔ပရိသတ္ေမတၱာရေနသူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူဟာမတ္လတုန္းကစတင္ကာအိုင္ဗရီကို႔စ္အသင္းအတြက္ပထမဆုံးႏိုင္ငံတကာပြဲကစားခြင့္ရခဲ့ပါတယ္။

စေနေန႔မွာေတာ့ဒီရယ္လိုဟာဘူကီနာဖာဆိုႏွင့္ပြဲမွာအိုင္ဗရီကို႔စ္အတြက္ဒုတိယေျမာက္ႏိုင္ငံတကာပြဲကိုကစားခြင့္ရခဲ့ပါတယ္။သူဟာလူစားဝင္ေရာက္လာၿပီးေနာက္နာက်င္အခ်ိန္ပိုမွာဖရီးကစ္ကအေနအိိုင္ဗရီကို႔စ္အတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းခဲ့ပါတယ္။

ဘူကီနာဖာဆိုဟာပြဲခ်ိန္၁၆မိနစ္မွာေအဂ်က္စ္တိုက္စစ္မႉးလက္စ္ဆီနာထရာအိုရီရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ပါတယ္။အသက္၂၀ႏွစ္ရွိတိုက္စစ္မႉးဟာဘူကီနာဖာဆိုအတြက္၁၂ပြဲကစားရာမွာ၆ဂိုးေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီရယ္လိုလူစားဝင္လာခ်ိန္မွာအိုင္ဗရီကို႔စ္က၁-၀ဂိုးျဖင့္ရႈံးေနတုန္းျဖစ္ပါတယ္။ပြဲခ်ိန္၇၂မိနစ္မွာမက္စ္ဂရာဒယ္ရဲ႕ဖန္တီးမႈကေနအလယ္တန္းကစားသမားအီဘရာဟမ္ဆန္ဂါရီကအိုင္ဗရီကို႔စ္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

အိုင္ဗရီကို႔စ္ဟာလာမယ့္အပတ္စေနေန႔မွာဂါနာႏွင့္ရင္ဆိုင္ကစားရဦးမွာျဖစ္ၿပီးအာမက္ဒီရယ္လိုဟာေနာက္ထပ္အခြင့္အေရးရရွိလာဖို႔ေသခ်ာေနပါတယ္။

သူဟာမတ္လတုန္းကဆိုစီဒက္ႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္မွာမန္ယူစီနီယာအသင္းအတြက္ပထမဆုံးပြဲကိုေမဆင္ဂရင္းဝုဒ္အစားလူစားဝင္ေရာက္ကာကစားခြင့္ရရွိခဲ့ၿပီးေအစီမီလန္ႏွင့္ပြဲစဥ္မွာပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။