ပွဲတစ်ပွဲကစားရန် ငြင်းဆန်မှုကြောင့် မန်ယူကစားသမားဘဝအဆုံးသတ်လုနီးပါးဖြစ်ခဲ့ဖူးတဲ့ ပေါလ်စခိုး

ပေါလ်စခိုးဟာကစားသမားဘဝတစ်ခုလုံးကိုမန်ချက်စတာယူနိုက်တက်မှာမြှပ်နှံခဲ့ပြီးသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးအဖြစ် အောင်မြင်တဲ့သမိုင်းကြောင်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်တကယ်လို့များသူသာကလပ်အတွက်ပွဲကစားဖို့ငြင်းပယ်ခဲ့ပြီးနောက်သူ့ကစားသမားဘဝဟာကွဲပြားတဲ့ဇာတ်လမ်းနဲ့အဆုံးသတ်လာနိုင်တဲ့အနေအထားမျိုးမှာရှိခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးကစားသမားဟောင်းဟာမန်ယူတွင်၂၁နှစ်ကြာကစားပြီးဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာအောင်မြင်မှုသရဖူများစွာစိုက်ထူနိုင်ခဲ့ပါတယ်။

သူဟာပရီးမီးယားလိဂ်ဖလား၁၁ကြိမ်၊ချန်ပီယံလိဂ်ဖလား၂ကြိမ်အပါအဝင်ဆုဖလားစုစုပေါင်း၂၅ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာလီဗာပူးနှင့်ပွဲမှာကစားရန်ငြင်းဆန်ခဲ့ပြီးတဲ့နောက်ဆာအဲလက်စ်ဖာဂူဆန်ရဲ့ကံကောင်းထောက်မစွာရောင်းချခြင်းမခံခဲ့ပါဘူး။

မန်ယူကစားဖော်ဟောင်းဂယ်ရီနဗီးလ်နှင့်ပြုလုပ်တဲ့အင်တာဗျူးမှာပေါလ်စခိုးက “၂၀၀၁ခုနှစ်တုန်းကဘာကြောင့်အဲဒီလိုလုပ်ခဲ့တာလဲဆိုတာမသိပါဘူး။ဒါပေမယ့်အဲဒီလုပ်တဲ့အတွက်နောင်တလည်းရရပါတယ်။အဲဒီတုန်းကစိတ်ခံစားမှုကသိပ်မကောင်းဘူး။လီဗာပူးနဲ့ပွဲမှာလူစာရင်းမှာကျွန်တော်ချန်ထားခဲ့ပါတယ်။အဲဒီပွဲပြီးရင်ကစားရမယ့်အာဆင်နယ်နဲ့ဖလားပွဲမှာကအရန်အသင်းနဲ့ကစားရမယ်ဆိုတာသိထားပြီးပါ။ကျွန်တော့်မှာအကြောင်းပြချက်တော့ရှိတယ်။ဒါပေမယ့်မိုက်မဲတဲ့အကြောင်းပြချက်ပါ။ဒဏ်ရိုက်ခံရပြီးအဆုံးသတ်ခဲ့တယ်။တောင်းပန်ခဲ့ရတယ်။ကံကောင်းတယ်လို့ဆိုရမယ်။တကယ်ဆိုမန်နေဂျာကကျွန်တော့်ကိုတစ်စစီဖြစ်အောင်လုပ်ပိုင်ခွင့်ရှိနေတယ်”လို့ပြောကြားသွားပါတယ်။

ပေါလ်စခိုးဟာ၂၀၀၁ခုနှစ်တုန်းကလီဗာပူးနှင့်ပွဲမှာကစားရန်ငြင်းဆိုခဲ့ပေမယ့်လည်းအိုးထရက်ဖို့ဒ်မှထွက်ခွာရန်တကြိမ်မျှမကြိုးစားဖူးတဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၀၀ခုနှစ်များတုန်းကအင်တာမီလန်ရဲ့အကြိမ်ကြိမ်ကမ်းလှမ်းမှုရရှိခဲ့သူလည်းဖြစ်ပါတယ်။ထိုစဉ်ကအင်တာမီလန်ဥက္ကဌမိုရက်တီဟာပေါလ်စခိုးရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။

မိုရက်တီက “ပေါလ်စခိုးကိုခေါ်ယူနိုင်ဖို့တကယ်ပဲအစွမ်းကုန်ကြိုးစားခဲ့တာပါ။မန်ချက်စတာယူနိုက်တက်ကိုချက်လက်မှတ်အလွတ်ပေးလိုက်တယ်။သူနဲ့လည်းစကားပြောခဲ့တယ်။သူက ‘တကယ်လို့ခင်ဗျားအတွက်ကျုပ်ကိုကစားပေးစေချင်တယ်ဆိုရင်ဒီကလပ်ကိုဝယ်လိုက်မှရလိမ့်မယ်’လို့ပြန်ပြောပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ပြဲတစ္ပြဲကစားရန္ ျငင္းဆန္မႈေၾကာင့္ မန္ယူကစားသမားဘဝအဆုံးသတ္လုနီးပါးျဖစ္ခဲ့ဖူးတဲ့ ေပါလ္စခိုး

ေပါလ္စခိုးဟာကစားသမားဘဝတစ္ခုလုံးကိုမန္ခ်က္စတာယူႏိုက္တက္မွာျမႇပ္ႏွံခဲ့ၿပီးသမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ ေအာင္ျမင္တဲ့သမိုင္းေၾကာင္းပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္တကယ္လို႔မ်ားသူသာကလပ္အတြက္ပြဲကစားဖို႔ျငင္းပယ္ခဲ့ၿပီးေနာက္သူ႔ကစားသမားဘဝဟာကြဲျပားတဲ့ဇာတ္လမ္းနဲ႔အဆုံးသတ္လာႏိုင္တဲ့အေနအထားမ်ိဳးမွာရွိခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးကစားသမားေဟာင္းဟာမန္ယူတြင္၂၁ႏွစ္ၾကာကစားၿပီးဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္မွာေအာင္ျမင္မႈသရဖူမ်ားစြာစိုက္ထူႏိုင္ခဲ့ပါတယ္။

သူဟာပရီးမီးယားလိဂ္ဖလား၁၁ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၂ႀကိမ္အပါအဝင္ဆုဖလားစုစုေပါင္း၂၅ႀကိမ္အထိဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာလီဗာပူးႏွင့္ပြဲမွာကစားရန္ျငင္းဆန္ခဲ့ၿပီးတဲ့ေနာက္ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ကံေကာင္းေထာက္မစြာေရာင္းခ်ျခင္းမခံခဲ့ပါဘူး။

မန္ယူကစားေဖာ္ေဟာင္းဂယ္ရီနဗီးလ္ႏွင့္ျပဳလုပ္တဲ့အင္တာဗ်ဴးမွာေပါလ္စခိုးက “၂၀၀၁ခုႏွစ္တုန္းကဘာေၾကာင့္အဲဒီလိုလုပ္ခဲ့တာလဲဆိုတာမသိပါဘူး။ဒါေပမယ့္အဲဒီလုပ္တဲ့အတြက္ေနာင္တလည္းရရပါတယ္။အဲဒီတုန္းကစိတ္ခံစားမႈကသိပ္မေကာင္းဘူး။လီဗာပူးနဲ႔ပြဲမွာလူစာရင္းမွာကြၽန္ေတာ္ခ်န္ထားခဲ့ပါတယ္။အဲဒီပြဲၿပီးရင္ကစားရမယ့္အာဆင္နယ္နဲ႔ဖလားပြဲမွာကအရန္အသင္းနဲ႔ကစားရမယ္ဆိုတာသိထားၿပီးပါ။ကြၽန္ေတာ့္မွာအေၾကာင္းျပခ်က္ေတာ့ရွိတယ္။ဒါေပမယ့္မိုက္မဲတဲ့အေၾကာင္းျပခ်က္ပါ။ဒဏ္႐ိုက္ခံရၿပီးအဆုံးသတ္ခဲ့တယ္။ေတာင္းပန္ခဲ့ရတယ္။ကံေကာင္းတယ္လို႔ဆိုရမယ္။တကယ္ဆိုမန္ေနဂ်ာကကြၽန္ေတာ့္ကိုတစ္စစီျဖစ္ေအာင္လုပ္ပိုင္ခြင့္ရွိေနတယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္စခိုးဟာ၂၀၀၁ခုႏွစ္တုန္းကလီဗာပူးႏွင့္ပြဲမွာကစားရန္ျငင္းဆိုခဲ့ေပမယ့္လည္းအိုးထရက္ဖို႔ဒ္မွထြက္ခြာရန္တႀကိမ္မွ်မႀကိဳးစားဖူးတဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၀၀ခုႏွစ္မ်ားတုန္းကအင္တာမီလန္ရဲ႕အႀကိမ္ႀကိမ္ကမ္းလွမ္းမႈရရွိခဲ့သူလည္းျဖစ္ပါတယ္။ထိုစဥ္ကအင္တာမီလန္ဥကၠဌမိုရက္တီဟာေပါလ္စခိုးရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ပါတယ္။

မိုရက္တီက “ေပါလ္စခိုးကိုေခၚယူႏိုင္ဖို႔တကယ္ပဲအစြမ္းကုန္ႀကိဳးစားခဲ့တာပါ။မန္ခ်က္စတာယူႏိုက္တက္ကိုခ်က္လက္မွတ္အလြတ္ေပးလိုက္တယ္။သူနဲ႔လည္းစကားေျပာခဲ့တယ္။သူက ‘တကယ္လို႔ခင္ဗ်ားအတြက္က်ဳပ္ကိုကစားေပးေစခ်င္တယ္ဆိုရင္ဒီကလပ္ကိုဝယ္လိုက္မွရလိမ့္မယ္’လို႔ျပန္ေျပာပါတယ္”လို႔ေျပာၾကားသြားပါတယ္။