ပွဲထောင်ပြည့်ပွဲတွင် အချိန်ပိုဂိုးဖြင့်အနိုင်ရပြီးနောက် ကလေးတစ်ယောက်လို ကွင်းပတ်ပြေးကာ အောင်ပွဲခံမှုအတွက် မော်ရင်ဟိုတောင်းပန်

ဟိုဆေးမော်ရင်ဟိုကမနေ့ညတုန်းကဆက်စ်ဆူလိုအားအနိုင်ရရှိတဲ့ပွဲတွင်နာကျင်အချိန်ပိုမှာအနိုင်ရရှိပြီးနောက်ကွင်းအတွင်းပတ်ပြေးအောင်ပွဲခံချိန်တွင်အသက်၁၄နှစ်သားအရွယ် ဆယ်ကျော်သက်လူငယ်တစ်ဦးကဲ့သို့ခံစားရကြောင်းပြောကြားလိုက်ပါတယ်။

ရိုးမားဟာဆက်စ်ဆူလိုကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးအဆိုပါပွဲမှာမော်ရင်ဟိုအတွက်နည်းပြဘဝပွဲ၁၀၀၀မြောက်ပွဲဖြစ်ပြီး၆၃၈ပွဲမြောက်နိုင်ပွဲလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်ရိုးမားဟာနာကျင်အချိန်မှာစတီဖင်အယ်ရှီယာဝီသွင်းယူတဲ့အနိုင်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးမော်ရင်ဟိုဟာကွင်းအတွင်းပတ်ပြေးကာကစားသမားများ၊ပရိသတ်များနှင့်အတူအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်နောက်ပိုင်းတွင်မော်ရင်ဟိုဟာသူ့လုပ်ရပ်အတွက်တောင်းပန်မှုပြုလုပ်လာခဲ့ပါတယ်။

မော်ရင်ဟိုက “ဒီအပတ်အတွင်းမှာကျွန်တော်ဟာလူလိမ်တစ်ယောက်ဖြစ်ခဲ့တယ်။ဒီပွဲကိုစပါယ်ရှယ်ပွဲမဟုတ်ဘူးလို့ပြောခဲ့တယ်။ဒါပေမယ့်ဒီပွဲကစပါယ်ရှယ်ပွဲပါ။ကျွန်တော့်အတွက်စပါယ်ရှယ်ကိန်းဂဏန်းနဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ကျွန်တော့်ရဲ့ပွဲတစ်ထောင်မြောက်ပွဲကိုဒီလိုအမှတ်ရစရာနဲ့ရှိစေချင်ပါတယ်။ဒီပွဲက၆-၆-၊၇-၇-ရလဒ်မျိုးဖြစ်သင့်တယ်။ရုဇ်ပါထရီစီယိုအရမ်းကောင်းတဲ့ကာကွယ်မှုနှစ်ခုလုပ်ခဲ့တယ်။ကျွန်တော်တို့အခွင့်အရေးတစ်ချို့လွဲခဲ့တယ်။ဒီပွဲကတကယ့်ကိုကြီးကျယ်ပြီးအရေးပါတဲ့ပွဲပါ။ဒီနေ့မှာကျွန်တော်ဟာအသက်၅၈နှစ်မဟုတ်ပါဘူး။အသက်၁၄နှစ်ပါ။ဘောလုံးလောကမှာဘဝတစ်ခုစဖို့အိပ်မက်စမက်တဲ့အရွယ်ပါ။ဒါကကလေးတစ်ယောက်ရဲ့ပြိုင်ပွဲတစ်ခုပါ။ဒေယိုနီစီ(ဆက်စ်ဆူလိုနည်းပြ)ကိုတောင်းပန်ပါတယ်။သူတို့လည်းအရမ်းကောင်းတဲ့ပွဲတစ်ပွဲကစားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

မော်ရင်ဟိုဦးဆောင်တဲ့ရိုးမားဟာစီးရီးအေအဖွင့်ပွဲသုံးပွဲလုံးအနိုင်ရရှိထားပြီးအမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။၎င်းတို့ဟာလာမယ့်ကြာသပတေးနေ့မှာယူရိုပါကွန်ဖရင့်ပွဲစဉ်အဖြစ်အိုလံပီကိုကွင်းမှာစီအက်စ်ကေအေဆိုဖီယာနှင့်ရင်ဆိုင်ကစားရပါမယ်။

မော်ရင်ဟိုဟာ၂၀၀၄ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်တွင်မန်ယူကိုအနိုင်ရစဉ်တုန်းကနှင့်၂၀၁၀ခုနှစ်တုန်းကချန်ပီယံလိဂ်တွင်ဘာစီလိုနာကိုအနိုင်ရတုန်းကလည်းယင်းသို့ကွင်းပတ်ပြေးကာအောင်ပွဲခံခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

ပြဲေထာင္ျပည့္ပြဲတြင္ အခ်ိန္ပိုဂိုးျဖင့္အႏိုင္ရၿပီးေနာက္ ကေလးတစ္ေယာက္လို ကြင္းပတ္ေျပးကာ ေအာင္ပြဲခံမႈအတြက္ ေမာ္ရင္ဟိုေတာင္းပန္

ဟိုေဆးေမာ္ရင္ဟိုကမေန႔ညတုန္းကဆက္စ္ဆူလိုအားအႏိုင္ရရွိတဲ့ပြဲတြင္နာက်င္အခ်ိန္ပိုမွာအႏိုင္ရရွိၿပီးေနာက္ကြင္းအတြင္းပတ္ေျပးေအာင္ပြဲခံခ်ိန္တြင္အသက္၁၄ႏွစ္သားအ႐ြယ္ ဆယ္ေက်ာ္သက္လူငယ္တစ္ဦးကဲ့သို႔ခံစားရေၾကာင္းေျပာၾကားလိုက္ပါတယ္။

႐ိုးမားဟာဆက္စ္ဆူလိုကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ၿပီးအဆိုပါပြဲမွာေမာ္ရင္ဟိုအတြက္နည္းျပဘဝပြဲ၁၀၀၀ေျမာက္ပြဲျဖစ္ၿပီး၆၃၈ပြဲေျမာက္ႏိုင္ပြဲလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္႐ိုးမားဟာနာက်င္အခ်ိန္မွာစတီဖင္အယ္ရွီယာဝီသြင္းယူတဲ့အႏိုင္ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးေမာ္ရင္ဟိုဟာကြင္းအတြင္းပတ္ေျပးကာကစားသမားမ်ား၊ပရိသတ္မ်ားႏွင့္အတူေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ေနာက္ပိုင္းတြင္ေမာ္ရင္ဟိုဟာသူ႔လုပ္ရပ္အတြက္ေတာင္းပန္မႈျပဳလုပ္လာခဲ့ပါတယ္။

ေမာ္ရင္ဟိုက “ဒီအပတ္အတြင္းမွာကြၽန္ေတာ္ဟာလူလိမ္တစ္ေယာက္ျဖစ္ခဲ့တယ္။ဒီပြဲကိုစပါယ္ရွယ္ပြဲမဟုတ္ဘူးလို႔ေျပာခဲ့တယ္။ဒါေပမယ့္ဒီပြဲကစပါယ္ရွယ္ပြဲပါ။ကြၽန္ေတာ့္အတြက္စပါယ္ရွယ္ကိန္းဂဏန္းနဲ႔ပြဲတစ္ပြဲျဖစ္ပါတယ္။ကြၽန္ေတာ့္ရဲ႕ပြဲတစ္ေထာင္ေျမာက္ပြဲကိုဒီလိုအမွတ္ရစရာနဲ႔ရွိေစခ်င္ပါတယ္။ဒီပြဲက၆-၆-၊၇-၇-ရလဒ္မ်ိဳးျဖစ္သင့္တယ္။႐ုဇ္ပါထရီစီယိုအရမ္းေကာင္းတဲ့ကာကြယ္မႈႏွစ္ခုလုပ္ခဲ့တယ္။ကြၽန္ေတာ္တို႔အခြင့္အေရးတစ္ခ်ိဳ႕လြဲခဲ့တယ္။ဒီပြဲကတကယ့္ကိုႀကီးက်ယ္ၿပီးအေရးပါတဲ့ပြဲပါ။ဒီေန႔မွာကြၽန္ေတာ္ဟာအသက္၅၈ႏွစ္မဟုတ္ပါဘူး။အသက္၁၄ႏွစ္ပါ။ေဘာလုံးေလာကမွာဘဝတစ္ခုစဖို႔အိပ္မက္စမက္တဲ့အ႐ြယ္ပါ။ဒါကကေလးတစ္ေယာက္ရဲ႕ၿပိဳင္ပြဲတစ္ခုပါ။ေဒယိုနီစီ(ဆက္စ္ဆူလိုနည္းျပ)ကိုေတာင္းပန္ပါတယ္။သူတို႔လည္းအရမ္းေကာင္းတဲ့ပြဲတစ္ပြဲကစားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေမာ္ရင္ဟိုဦးေဆာင္တဲ့႐ိုးမားဟာစီးရီးေအအဖြင့္ပြဲသုံးပြဲလုံးအႏိုင္ရရွိထားၿပီးအမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနပါတယ္။၎တို႔ဟာလာမယ့္ၾကာသပေတးေန႔မွာယူ႐ိုပါကြန္ဖရင့္ပြဲစဥ္အျဖစ္အိုလံပီကိုကြင္းမွာစီအက္စ္ေကေအဆိုဖီယာႏွင့္ရင္ဆိုင္ကစားရပါမယ္။

ေမာ္ရင္ဟိုဟာ၂၀၀၄ခုႏွစ္တုန္းကအိုးထရက္ဖို႔ဒ္တြင္မန္ယူကိုအႏိုင္ရစဥ္တုန္းကႏွင့္၂၀၁၀ခုႏွစ္တုန္းကခ်န္ပီယံလိဂ္တြင္ဘာစီလိုနာကိုအႏိုင္ရတုန္းကလည္းယင္းသို႔ကြင္းပတ္ေျပးကာေအာင္ပြဲခံခဲ့ဖူးသူျဖစ္ပါတယ္။