ပွဲထွက်ကစားခွင့်အာမခံချက်မရရှိလျှင် အသင်းပြောင်းခွင့်တောင်းဆိုသွားမယ့် ဆာလီဘာ

ဝီလီယမ်ဆာလီဘာဟာနည်းပြအာတီတာထံမှပွဲထွက်ကစားခွင့်အာမခံချက်မရရှိလျှင်အာဆင်နယ်ထံအသင်းပြောင်းခွင့်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိပြင်သစ်ဗဟိုနောက်ခံလူဟာ၂၀၁၉ခုနှစ်တွင်စိန့်အက်တီယန်မှပေါင်၂၇သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်အာဆင်နယ်အတွက်တစ်ပွဲမျှမကစားရသေးသူလည်းဖြစ်ကာပြီးခဲ့တဲ့သုံးရာသီအားအငှားဖြင့်ထွက်ကစားခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမာဆေးလ်သို့အငှားဖြင့်သွားရောက်ကစားစဉ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်ပြင်သစ်လက်ရွေးစင်အသင်းတွင်ပုံမှန်ရွေးချယ်ခြင်းခံလာရသလို လီဂူး၁ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်းဆွတ်ခူးလာနိုင်ပါတယ်။

ယခုအခါသူဟာအာဆင်နယ်နှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ရန်စိတ်အားထက်သန်နေပါတယ်။

ဒါပေမဲ့ The Independent ရဲ့ဖော်ပြချက်အရပြင်သစ်အတွက်ငါးပွဲကစားထားတဲ့ဆာလီဘာဟာယခုနှစ်နှောင်းပိုင်းတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းနှင့်အတူပါဝင်လိုနေရာပုံမှန်ကစားခွင့်ရရှိရန်လိုအပ်နေပြီးအာမခံချက်မရှိလျှင်အသင်းပြောင်းရန်တောင်းဆိုသွားပါမယ်။

သူဟာအာဆင်နယ်ရဲ့ပွဲထွက်နေရာအတွက်ဂါဘရီရယ်၊ဘင်ဝှိုက်တို့နှင့်တိုက်ပွဲဝင်ရပါမယ်။သူဟာအနာဂတ်ကိုချက်ချင်းဆုံးဖြတ်ဦးမှာမဟုတ်သေးဘဲရာသီစတဲ့အထိစောင့်ဆိုင်းပြီးမှအခြေအနေကိုကြည့်ကာအသင်းပြောင်းခွင့်တောင်းဆိုသွားပါမယ်။

ပြင်သစ်ဗဟိုနောက်ခံလူကိုအက်သလက်တီကိုနှင့်မာဆေးလ်တို့ကအပြီးသတ်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

Zawgyi

ပြဲထြက္ကစားခြင့္အာမခံခ်က္မရရွိလွ်င္ အသင္းေျပာင္းခြင့္ေတာင္းဆိုသြားမယ့္ ဆာလီဘာ

ဝီလီယမ္ဆာလီဘာဟာနည္းျပအာတီတာထံမွပြဲထြက္ကစားခြင့္အာမခံခ်က္မရရွိလွ်င္အာဆင္နယ္ထံအသင္းေျပာင္းခြင့္ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိျပင္သစ္ဗဟိုေနာက္ခံလူဟာ၂၀၁၉ခုႏွစ္တြင္စိန႔္အက္တီယန္မွေပါင္၂၇သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္အာဆင္နယ္အတြက္တစ္ပြဲမွ်မကစားရေသးသူလည္းျဖစ္ကာၿပီးခဲ့တဲ့သုံးရာသီအားအငွားျဖင့္ထြက္ကစားခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမာေဆးလ္သို႔အငွားျဖင့္သြားေရာက္ကစားစဥ္ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေနာက္ျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ပုံမွန္ေ႐ြးခ်ယ္ျခင္းခံလာရသလို လီဂူး၁ တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုလည္းဆြတ္ခူးလာႏိုင္ပါတယ္။

ယခုအခါသူဟာအာဆင္နယ္ႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီး ေျခစြမ္းျပကစားႏိုင္ရန္စိတ္အားထက္သန္ေနပါတယ္။

ဒါေပမဲ့ The Independent ရဲ႕ေဖာ္ျပခ်က္အရျပင္သစ္အတြက္ငါးပြဲကစားထားတဲ့ဆာလီဘာဟာယခုႏွစ္ေႏွာင္းပိုင္းတြင္က်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ျပင္သစ္အသင္းႏွင့္အတူပါဝင္လိုေနရာပုံမွန္ကစားခြင့္ရရွိရန္လိုအပ္ေနၿပီးအာမခံခ်က္မရွိလွ်င္အသင္းေျပာင္းရန္ေတာင္းဆိုသြားပါမယ္။

သူဟာအာဆင္နယ္ရဲ႕ပြဲထြက္ေနရာအတြက္ဂါဘရီရယ္၊ဘင္ဝႈိက္တို႔ႏွင့္တိုက္ပြဲဝင္ရပါမယ္။သူဟာအနာဂတ္ကိုခ်က္ခ်င္းဆုံးျဖတ္ဦးမွာမဟုတ္ေသးဘဲရာသီစတဲ့အထိေစာင့္ဆိုင္းၿပီးမွအေျခအေနကိုၾကည့္ကာအသင္းေျပာင္းခြင့္ေတာင္းဆိုသြားပါမယ္။

ျပင္သစ္ဗဟိုေနာက္ခံလူကိုအက္သလက္တီကိုႏွင့္မာေဆးလ္တို႔ကအၿပီးသတ္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။