ပွဲပယ်ခံရမှုကြောင့် နယူးကာဆယ်နှင့်ပွဲအတွက် ပြင်ဆင်ရန် မန်ယူသို့ ယခုအပတ်အကုန်တွင် ရောက်လာမယ့် ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီရဲ့လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအားပွဲပယ်ခံထားရမှုနဲ့အတူယခုအပတ်အကုန်တွင်မန်ချက်စတာသို့ရောက်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။

ရော်နယ်ဒိုဟာမနေ့ညတုန်းကအိုင်ယာလန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းယူပြီးနောက်အင်္ကျီချွတ်အောင်ပွဲခံမှုကြောင့်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အိုင်ယာလန်နှင့်ပွဲတွင်၂ဂိုးသွင်းယူနိုင်မှုကြောင့်နိုင်ငံတကာဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်၁၁၁ဂိုးဖြင့်မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာယင်းအဝါကတ်ကြောင့်လာမယ့်အပတ်အင်္ဂါနေ့တွင်အဇာဘိုင်ဂျန်နှင့်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလွဲချော်ပါမယ်။

ပေါ်တူဂီဟာလာမယ့်စနေနေ့မှာဟန်ဂေရီမှာကာတာအသင်းနှင့်ခြေစမ်းပွဲကစားသွားပါမယ်။

ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်တိုကခရစ္စတီယာနိုရော်နယ်ဒိုအားစနေနေ့တွင်ကစားမယ့်ကာတာနှင့်ပွဲကိုပါအနားပေးရန်စဉ်းစားနေကြောင်းဖွင့်ဟလာပါတယ်။တကယ်လို့အနားပေးလာပါကခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ယခုအပတ်အကုန်တွင်ပင်မန်ချက်စတာသို့လာရောက်ကာမန်ယူနှင့်ပူးပေါင်းနိုင်ပါမယ်။

ဆန်တိုက “ခရစ္စတီယာနိုဘာကြောင့်ဒီလိုလုပ်ခဲ့တယ်ဆိုတာသိပါတယ်။သူ့မှာအရမ်းကိုသန်မာတဲ့ခံစားချက်တွေရှိပါတယ်။သူဟာနှစ်ဂိုးသွင်းပြီးကျွန်တော်တို့အနိုင်ရအောင်လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့်သူဟာနောင်တရ(အင်္ကျီချွတ်အောင်ပွဲခံမှု)ပြီထင်ပါတယ်။စံချိန်ကတော့ဖြစ်ကိုဖြစ်လာမယ့်အရာပါ။အိုင်ယာလန်နဲ့ပွဲမှာမဟုတ်ရင်လည်းနောက်ပွဲတွေဖြစ်လာမယ့်အရာပါ။အခုသူ ကျွန်တော်တို့နဲ့အတူဆက်နေမလားဆိုတာဆုံးဖြတ်ရပါမယ်။သူပွဲပယ်ခံထားရပါတယ်။ဒီတော့သူ့အနေနဲ့ကျွန်တော်တို့နဲ့အတူအဇာဘိုင်ဂျန်သို့လိုက်ဖို့ကမဖြစ်နိုင်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့မှာဟန်ဂေရီသို့လည်းသွားဖို့ရှိပါတယ်။ဒီအခြေအနေမျိုးမှာသူ့ကိုခေါ်သင့်သလားစဉ်းစားရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်စောစောစီးစီးပူးပေါင်းနိုင်ပါကလာမယ့်စက်တင်ဘာလ၁၁ရက်နေ့တွင်ကစားမယ့်နယူးကာဆယ်နှင့်ပွဲတွင်စောစောစီးစီးပြင်ဆင်နိုင်ပါမယ်။

ZawGyi

ပြဲပယ္ခံရမႈေၾကာင့္ နယူးကာဆယ္ႏွင့္ပြဲအတြက္ ျပင္ဆင္ရန္ မန္ယူသို႔ ယခုအပတ္အကုန္တြင္ ေရာက္လာမယ့္ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီရဲ႕လာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအားပြဲပယ္ခံထားရမႈနဲ႔အတူယခုအပတ္အကုန္တြင္မန္ခ်က္စတာသို႔ေရာက္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

ေရာ္နယ္ဒိုဟာမေန႔ညတုန္းကအိုင္ယာလန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူၿပီးေနာက္အက်ႌခြၽတ္ေအာင္ပြဲခံမႈေၾကာင့္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

အိုင္ယာလန္ႏွင့္ပြဲတြင္၂ဂိုးသြင္းယူႏိုင္မႈေၾကာင့္ႏိုင္ငံတကာေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္၁၁၁ဂိုးျဖင့္မွတ္တမ္းေရးထိုးႏိုင္ခဲ့တဲ့ေရာ္နယ္ဒိုဟာယင္းအဝါကတ္ေၾကာင့္လာမယ့္အပတ္အဂၤါေန႔တြင္အဇာဘိုင္ဂ်န္ႏွင့္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲကိုလြဲေခ်ာ္ပါမယ္။

ေပၚတူဂီဟာလာမယ့္စေနေန႔မွာဟန္ေဂရီမွာကာတာအသင္းႏွင့္ေျခစမ္းပြဲကစားသြားပါမယ္။

ေပၚတူဂီနည္းျပဖာနန္ဒိုဆန္တိုကခရစၥတီယာႏိုေရာ္နယ္ဒိုအားစေနေန႔တြင္ကစားမယ့္ကာတာႏွင့္ပြဲကိုပါအနားေပးရန္စဥ္းစားေနေၾကာင္းဖြင့္ဟလာပါတယ္။တကယ္လို႔အနားေပးလာပါကခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ယခုအပတ္အကုန္တြင္ပင္မန္ခ်က္စတာသို႔လာေရာက္ကာမန္ယူႏွင့္ပူးေပါင္းႏိုင္ပါမယ္။

ဆန္တိုက “ခရစၥတီယာႏိုဘာေၾကာင့္ဒီလိုလုပ္ခဲ့တယ္ဆိုတာသိပါတယ္။သူ႔မွာအရမ္းကိုသန္မာတဲ့ခံစားခ်က္ေတြရွိပါတယ္။သူဟာႏွစ္ဂိုးသြင္းၿပီးကြၽန္ေတာ္တို႔အႏိုင္ရေအာင္လုပ္ေပးခဲ့ပါတယ္။ဒါေပမယ့္သူဟာေနာင္တရ(အက်ႌခြၽတ္ေအာင္ပြဲခံမႈ)ၿပီထင္ပါတယ္။စံခ်ိန္ကေတာ့ျဖစ္ကိုျဖစ္လာမယ့္အရာပါ။အိုင္ယာလန္နဲ႔ပြဲမွာမဟုတ္ရင္လည္းေနာက္ပြဲေတြျဖစ္လာမယ့္အရာပါ။အခုသူ ကြၽန္ေတာ္တို႔နဲ႔အတူဆက္ေနမလားဆိုတာဆုံးျဖတ္ရပါမယ္။သူပြဲပယ္ခံထားရပါတယ္။ဒီေတာ့သူ႔အေနနဲ႔ကြၽန္ေတာ္တို႔နဲ႔အတူအဇာဘိုင္ဂ်န္သို႔လိုက္ဖို႔ကမျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔မွာဟန္ေဂရီသို႔လည္းသြားဖို႔ရွိပါတယ္။ဒီအေျခအေနမ်ိဳးမွာသူ႔ကိုေခၚသင့္သလားစဥ္းစားရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူႏွင့္ေစာေစာစီးစီးပူးေပါင္းႏိုင္ပါကလာမယ့္စက္တင္ဘာလ၁၁ရက္ေန႔တြင္ကစားမယ့္နယူးကာဆယ္ႏွင့္ပြဲတြင္ေစာေစာစီးစီးျပင္ဆင္ႏိုင္ပါမယ္။