
ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုဟာမနေ့ညတုန်းကဆန်စီရိုကွင်းမှာအင်တာမီလန်ကိုရိုးမားက၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုပွဲပယ်ပြစ်ဒဏ်ကြောင့်အသင်းဘတ်စ်ကားပေါ်မှာဘဲကြည့်ခဲ့ရပါတယ်။
မော်ရင်ဟိုဟာအသင်းဟောင်းအင်တာမီလန်ကိုအနိုင်ရရှိတဲ့ပွဲကိုဆန်စီရိုကွင်း ကားပါကင်တွင်ရပ်နားထားတဲ့အသင်းဘတ်စ်ကားပေါ်ကကြည့်ရှုခဲ့ရတဲ့အကြောင်းကိုဆိုရှယ်မီဒီယာမှာဗီဒီယိုဖိုင်တင်ပြီးပရိသတ်များကိုအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။
မော်ရင်ဟိုဟာပြီးခဲ့တဲ့လတုန်းကအတ္တလန္တာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ကွင်းအတွင်းသို့ဝင်ရောက်ပြီးဒိုင်လူကြီးကိုဒေါသတကြီးစောဒကတက်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်အင်တာမီလန်နှင့်ပွဲစဉ်ကိုကြီးကြပ်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီး၊ယူနိုက်တက်နှင့်စပါးစ်နည်းပြဟောင်းဟာအင်တာမီလန်နှင့်ကစားတဲ့ပွဲစဉ်ကိုအသင်းဘတ်စ်ကားပေါ်မှာဘဲကြည့်ရှုခဲ့ရပါတယ်။
ရိုးမားဟာနည်းပြမော်ရင်ဟိုကြီးကြပ်နိုင်ခြင်းမရှိပေမဲ့လည်းအင်တာမီလန်ကို၂-၁ဖြင့်အနိုင်ယူနိုင်ခဲ့ပါတယ်။ဖီဒီရီကိုဒီမာကိုကအင်တာအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးပေါ်လိုဒိုင်ဘာလာကပြန်လည်ချေပခဲ့ကာစမောလင်းကရိုးအားအတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
ZawGyi
ပြဲပယ္ျပစ္ဒဏ္ကို အင္တာႏိုင္ပြဲကို ဆန္စီ႐ိုကားပါကင္တြင္ ဘတ္စ္ကားေပၚမွာ ၾကည့္ခဲ့ရတဲ့ေမာ္ရင္ဟို
႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုဟာမေန႔ညတုန္းကဆန္စီ႐ိုကြင္းမွာအင္တာမီလန္ကို႐ိုးမားက၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုပြဲပယ္ျပစ္ဒဏ္ေၾကာင့္အသင္းဘတ္စ္ကားေပၚမွာဘဲၾကည့္ခဲ့ရပါတယ္။
ေမာ္ရင္ဟိုဟာအသင္းေဟာင္းအင္တာမီလန္ကိုအႏိုင္ရရွိတဲ့ပြဲကိုဆန္စီ႐ိုကြင္း ကားပါကင္တြင္ရပ္နားထားတဲ့အသင္းဘတ္စ္ကားေပၚကၾကည့္ရႈခဲ့ရတဲ့အေၾကာင္းကိုဆိုရွယ္မီဒီယာမွာဗီဒီယိုဖိုင္တင္ၿပီးပရိသတ္မ်ားကိုအသိေပးလာခဲ့တာလည္းျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာၿပီးခဲ့တဲ့လတုန္းကအတၱလႏၲာကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ကြင္းအတြင္းသို႔ဝင္ေရာက္ၿပီးဒိုင္လူႀကီးကိုေဒါသတႀကီးေစာဒကတက္မႈေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္အင္တာမီလန္ႏွင့္ပြဲစဥ္ကိုႀကီးၾကပ္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီး၊ယူႏိုက္တက္ႏွင့္စပါးစ္နည္းျပေဟာင္းဟာအင္တာမီလန္ႏွင့္ကစားတဲ့ပြဲစဥ္ကိုအသင္းဘတ္စ္ကားေပၚမွာဘဲၾကည့္ရႈခဲ့ရပါတယ္။
႐ိုးမားဟာနည္းျပေမာ္ရင္ဟိုႀကီးၾကပ္ႏိုင္ျခင္းမရွိေပမဲ့လည္းအင္တာမီလန္ကို၂-၁ျဖင့္အႏိုင္ယူႏိုင္ခဲ့ပါတယ္။ဖီဒီရီကိုဒီမာကိုကအင္တာအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးေပၚလိုဒိုင္ဘာလာကျပန္လည္ေခ်ပခဲ့ကာစေမာလင္းက႐ိုးအားအတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။