မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင်ဒိုင်လူကြီးရဲ့လွှမ်းမိုးမှုများစွာဖြစ်ခဲ့ပြီးဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်မှာတသတ်မတ်တည်းမရှိကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ယူနိုက်တက်ဟာပွဲချိန်၃၄မိနစ်တွင်ပင်ကက်စ်မီရိုအနီကတ်ပြထုတ်ပယ်ခြင်းခံရမှုကြောင့်တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရပါတယ်။
ဒိုင်လူကြီးအန်တိုနီတေလာဟာကားလို့စ်အယ်ကာရက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ကက်စ်မီရိုကိုအစောပိုင်းတုန်းကအဝါကတ်သာပြခဲ့ပေမဲ့လည်းမော်နီတာတွင်ကြည့်ရှုပြီးနောက်အနီကတ်ပြောင်းလဲပြသခဲ့ပါတယ်။
ဒါပေမဲ့ယင်းနောက်မိနစ်အနည်းငယ်အကြာတွင်ယူနိုက်တက်ဟာဘရူနိုဖာနန်ဒက်စ်ကိုကိုင်လီဝေါလ်ကားပီတာကကြမ်းတမ်းစွာဖျက်ထုတ်မှု၊အာမယ်ဘယ်လာကော့ချက်ရဲ့လက်ထိဘောတို့မှာပင်နယ်တီမရခဲ့ပါဘူး။
ဒါကြောင့်လည်းပွဲအပြီးတွင်အဲရစ်တန်ဟက်က “ကက်စ်မီရိုဟာဥရောပမှာပွဲငါးရာကျော်ကစားခဲ့တယ်။အနီကတ်တစ်ကတ်တောင်အပြမခံခဲ့ရဘူး။အခုပရီးမီးယားလိဂ်မှာနှစ်ခါတောင်အနီကတ်ပြခံထားရတယ်။သူမပါဝင်နိုင်တာကပြဿနာမဟုတ်ဘူး။ဖြေရှင်းလို့ရတယ်။ဒီပွဲကိုဒိုင်လူကြီးကအများကြီးလွှမ်းမိုးထားခဲ့တယ်။ဘောလုံးနဲ့ပတ်သက်ပြီးလူတိုင်းသိထားတာရှိတယ်။ခင်ဗျားလည်းသိတယ်။အဲဒါကိုအေးခဲထားရင်အရမ်းကြည့်ရဆိုးသွားတယ်။ဒါပေမဲ့ထိပ်တန်းဘောလုံးမှာကျင်လည်တဲ့လူတိုင်းဘယ်ကဆိုးတယ်။ဘယ်ကမဆိုးဘူးဆိုတာသိတယ်။ဘယ်ဟာကမမျှတဘူးဆိုတာသိတယ်။ပြီးတော့ခင်ဗျားကိုကျွန်တော်ပြောနိုင်တာက ‘ကက်စ်မီရိုကအရမ်းကိုသန့်ရှင်းတဲ့ကစားသမား”ဆိုတာပါ။ကြမ်းတယ်။ုဒါပေမဲ့သန့်ရှင်းတယ်”။ပဲလေ့စ်နဲ့ပွဲမှာတုန်းကလိုပဲ။အဖြစ်အပျက်တစ်ခုကိုမြင်တဲ့အချိန်မှာကစားသမားသုံးလေးဦးလောက်ထုတ်လိုက်လေ။တသမတ်တည်းဆိုရင်တစ်ယောက်တည်းပဲထုတ်မှာမဟုတ်ဘူး”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးအဲရစ်တန်ဟက်က ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့်ပွဲများကိုကိုင်တွယ်ရာတွင်တသမတ်တည်းမျှတစွာကိုင်တွယ်သင့်ကြောင်းဆိုသွားပါတယ်။
၎င်းက “တသမတ်တည်းမရှိဘူးလို့ပြောတာကကစားသမားတွေကပေါ်လစီနဲ့ပတ်သက်ပြီးဘာမှအတိအကျမသိဘူး။အားလုံးရှုပ်ထွေးတယ်။မနေ့ကပရီးမီးယားလိဂ်ပွဲမှာလည်းတွေ့ခဲ့ရတယ်။ချဲလ်ဆီးနဲ့လက်စတာပွဲမှာ။VAR မစစ်ဘူး။ဒီနေ့VAR သာစစ်သာလာရင်ပင်နယ်တီအခြေအနေနှစ်ကြိမ်ရှိတယ်။ပထမတစ်ကြိမ်ကတော့တော်တော်ရှင်းရှင်းလေးပါ။နောက်တစ်ခုကလက်ထိဘော။ဒီတော့ပေါ်လစီကဘာလဲ။ဒိုင်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောကြတယ်။ဒါပေမဲ့အများကြီးတော့မဟုတ်ဘူး။ကျွန်တော်တို့မှာမေးခွန်းတစ်ချို့လည်းရှိနေတယ်။အခုနောက်တစ်ခုရှိနေတယ်။တသတ်မတ်တည်းမရှိမှုပါ။ဒိုင်တွေကရာသီစကတည်းကပေါ်လစီနဲ့လာတာ။ကျွန်တော်တို့ကပရီးမီးယားလိဂ်မှာကစားနေတာပါ။သန်မာတယ်။ပြင်းထန်တာကိုကျွန်တော်တို့လိုချင်ကြတယ်”လို့ပြောကြားသွားပါတယ်။
အဲရစ်တန်ဟက်ဟာပွဲအဖြေမှာဒိုင်လူကြီးအန်တိုနီတေလာရဲ့ဆုံးဖြတ်ချက်အပေါ်များစွာမူတည်နေခဲ့ကြောင်းပြောကြားခဲ့မှုနှင့်အတူ အက်ဖ်အေရဲ့ဒဏ်ရိုက်မှုခံလာရဖို့ရှိနေပါတယ်။
ကက်စ်မီရိုဟာယခုရာသီပရီးမီးယားလိဂ်တွင်ဒုတိယမြောက်အနီကတ်ပြသခြင်းခံရမှုနှင့်အတူ၄ပွဲပယ်ပြစ်ဒဏ်အထိကျခံလာရတော့မှာဖြစ်ပါတယ်။
ZawGyi
ပွဲပြီး မှတ်ချက်စကားကြောင့် အက်ဖ်အေရဲ့ကြီးမားတဲ့ ဒဏ်ရိုက်မှု ခံရဖို့ ရှိနေတဲ့ အဲရစ်တန်ဟက်
ကက်စ်မီရိုဟာယခုရာသီပရီးမီးယားလိဂ်တွင်ဒုတိယမြောက်အနီကတ်ပြသခြင်းခံရမှုနှင့်အတူ၎ပွဲပယ်ပြစ်ဒဏ်အထိကျခံလာရတော့မှာဖြစ်ပါတယ်။