ပွဲမကစားခဲ့ရပေမဲ့ ဝတ်စုံပြည့်ဖြင့် ချန်ပီယံလိဂ်ဖလားချီမြှောက်ခဲ့တဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်မာဆယ်လိုဟာမနေ့ညတုန်းကလီဗာပူးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပါဝင်ကစားခဲ့ရခြင်းမရှိပေမဲ့ချန်ပီယံဖြစ်သွားချိန်တွင်ဝတ်စုံအပြည့်ဝတ်ကာချန်ပီယံလိဂ်ဖလားကိုချီမြှောက်မှုပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးဘယ်နောက်ခံလူဟာပဲရစ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အရန်စာရင်းတွင်သာပါဝင်တဲ့အပြင်ပွဲကစားခွင့်လည်းရရှိခဲ့ခြင်းမရှိပါဘူး။

မာဆယ်လိုဟာရီးရဲလ်မက်ဒရစ်အသင်း ၁၄ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားဆွတ်ခူးသွားပြီးနောက်ထရက်ဆုကိုချွတ်ပြီးဝတ်စုံပြည့်ဝတ်ဆင်တဲ့အခါအသင်းခေါင်းဆောင်လက်ပတ်ကိုလည်းကာရမ်ဘန်ဇီးမားထံမှရယူပတ်ခဲ့ကာ ဆုချီးမြှင့်အခမ်းအနားတွင်ချန်ပီယံလိဂ်ဖလားကိုချီမြှောက်ခဲ့ပါတယ်။

ဗိုလ်လုပွဲတွင်ပွဲမကစားခဲ့ရပေမဲ့ချန်ပီယံဖြစ်သွားပြီးနောက်ဝတ်စုံအပြည့်ဖြင့်ဆုဖလားချီမြှောက်တာမျိုးလုပ်တာ မာဆယ်လိုပထမဆုံးမဟုတ်ပါဘူး။

ဂျွန်တယ်ရီဟာလည်းချဲလ်ဆီးတွင်ဘိုင်ယန်မြူးနစ်ကိုပင်နယ်တီဖြင့်အနိုင်ရကာချန်ပီယံလိဂ်ဖလားရစဉ်တုန်းကပွဲပယ်ပြစ်ဒဏ်ကြောင့်ပွဲမကစားခဲ့ရပေမဲ့လည်းပွဲအပြီးတွင်ဝတ်စုံပြည့်ဝတ်ဆင်ပြီးချန်ပီယံလိဂ်ဖလားကိုချီမြှောက်ခဲ့ပါတယ်။

အသက်၃၄နှစ်ရှိမာဆယ်လိုဟာရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား၅ကြိမ်ဆွတ်ခူးထားနိုင်သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကြောင့် ဆုဖလား၂၅ကြိမ်ဖြင့်ရီးရဲလ်မက်ဒရစ်သမိုင်းတွင်အအောင်မြင်ဆုံးကစားသမားဖြစ်လာပါတယ်။

သူဟာလာမယ့်ဇွန်လအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံမးည်ဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမှာသူ့ရဲ့ရီးရဲလ်မက်ဒရစ်နှင့်အတူရယူတဲ့နောက်ဆုံးဆုဖလားဖြစ်လာဖို့ရှိပါတယ်။

ZawGyi

ပြဲမကစားခဲ့ရေပမဲ့ ဝတ္စုံျပည့္ျဖင့္ ခ်န္ပီယံလိဂ္ဖလားခ်ီေျမႇာက္ခဲ့တဲ့ မာဆယ္လို

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္မာဆယ္လိုဟာမေန႔ညတုန္းကလီဗာပူးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပါဝင္ကစားခဲ့ရျခင္းမရွိေပမဲ့ခ်န္ပီယံျဖစ္သြားခ်ိန္တြင္ဝတ္စုံအျပည့္ဝတ္ကာခ်န္ပီယံလိဂ္ဖလားကိုခ်ီေျမႇာက္မႈျပဳလုပ္ခဲ့ပါတယ္။

ဘရာဇီးဘယ္ေနာက္ခံလူဟာပဲရစ္တြင္လီဗာပူးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အရန္စာရင္းတြင္သာပါဝင္တဲ့အျပင္ပြဲကစားခြင့္လည္းရရွိခဲ့ျခင္းမရွိပါဘူး။

မာဆယ္လိုဟာရီးရဲလ္မက္ဒရစ္အသင္း ၁၄ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးသြားၿပီးေနာက္ထရက္ဆုကိုခြၽတ္ၿပီးဝတ္စုံျပည့္ဝတ္ဆင္တဲ့အခါအသင္းေခါင္းေဆာင္လက္ပတ္ကိုလည္းကာရမ္ဘန္ဇီးမားထံမွရယူပတ္ခဲ့ကာ ဆုခ်ီးျမႇင့္အခမ္းအနားတြင္ခ်န္ပီယံလိဂ္ဖလားကိုခ်ီေျမႇာက္ခဲ့ပါတယ္။

ဗိုလ္လုပြဲတြင္ပြဲမကစားခဲ့ရေပမဲ့ခ်န္ပီယံျဖစ္သြားၿပီးေနာက္ဝတ္စုံအျပည့္ျဖင့္ဆုဖလားခ်ီေျမႇာက္တာမ်ိဳးလုပ္တာ မာဆယ္လိုပထမဆုံးမဟုတ္ပါဘူး။

ဂြၽန္တယ္ရီဟာလည္းခ်ဲလ္ဆီးတြင္ဘိုင္ယန္ျမဴးနစ္ကိုပင္နယ္တီျဖင့္အႏိုင္ရကာခ်န္ပီယံလိဂ္ဖလားရစဥ္တုန္းကပြဲပယ္ျပစ္ဒဏ္ေၾကာင့္ပြဲမကစားခဲ့ရေပမဲ့လည္းပြဲအၿပီးတြင္ဝတ္စုံျပည့္ဝတ္ဆင္ၿပီးခ်န္ပီယံလိဂ္ဖလားကိုခ်ီေျမႇာက္ခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိမာဆယ္လိုဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူ ခ်န္ပီယံလိဂ္ဖလား၅ႀကိမ္ဆြတ္ခူးထားႏိုင္သူျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားေၾကာင့္ ဆုဖလား၂၅ႀကိမ္ျဖင့္ရီးရဲလ္မက္ဒရစ္သမိုင္းတြင္အေအာင္ျမင္ဆုံးကစားသမားျဖစ္လာပါတယ္။

သူဟာလာမယ့္ဇြန္လအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံမးည္ျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားမွာသူ႔ရဲ႕ရီးရဲလ္မက္ဒရစ္ႏွင့္အတူရယူတဲ့ေနာက္ဆုံးဆုဖလားျဖစ္လာဖို႔ရွိပါတယ္။