ပွဲမကစားချင်လို့ ဒဏ်ရာ ရဟန်ဆောင်ကြောင်း ချဲလ်ဆီးစတားဇီယက်ချ်ကို မော်ရိုကိုနည်းပြစွပ်စွဲ

မော်ရိုကိုနည်းပြဗာဟစ်ဟာလီဟိုဗစ်ကချဲလ်ဆီးတိုက်စစ်သမားဟာကမ်ဇီယက်ချ်မှာခြေစမ်းပွဲတစ်ပွဲအားဒဏ်ရာရရှိဟန်ဆောင်ကာမကစားရရန်ကြိုးစားခဲ့ကြောင်းစွပ်စွဲပြောကြားလိုက်ပါတယ်။

ဇီယက်ချ်ဟာမော်ရိုကိုအသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ယင်းသို့ဇီယက်ချ်အားချန်လှပ်မှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။ယခုအခါမော်ရိုကိုနည်းပြဟာဇီယက်ချ်အားချန်လှပ်ထားခဲ့ရတဲ့အကြောင်းအရင်းအားဖွင့်ဟလာပြီဖြစ်ပါတယ်။

ဟာလီဟိုဗစ်က “နောက်ဆုံးနှစ်ပွဲမှာသူ့အပြုအမူကလက်မခံနိုင်စရာပါ။အထူးသဖြင့်နောက်ဆုံးပွဲမှာပါ။လက်ရွေးစင်အသင်းကိုဦးဆောင်နေတဲ့စံပြကစားသမားတစ်ဦးမလုပ်သင့်တဲ့အရာမျိုးပါ။သူဟာနောက်ကျပြီးမှရောက်တယ်။ပြီးတော့ကစားဖို့ငြင်းတယ်။ဒီတော့ဘာမှဆွေးနွေးစရာမလိုတော့ပါဘူး။ကျွန်တော့်အတွက်ကတော့လက်ရွေးစင်အသင်းကအားလုံးရဲ့အထက်မှာရှိပါတယ်။ဘယ်သူမှလက်ရွေးစင်အသင်းကိုဓားစာခံလုပ်လို့မရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဇီယက်ချ်ဟာဇွန်လတုန်းကဂါနာ၊ဘူကီနာဖာဆိုတို့နှင့်ခြေစမ်းပွဲစဉ်မှအပြုအမူများကြောင့်ချန်လှပ်ခံခဲ့ရတာလို့ယူဆရပါတယ်။

သူဟာဂါနာနှင့်ခြေစမ်းပွဲအားဒဏ်ရာရရှိဟန်ဆောင်ကာပါဝင်မကစားရန်ငြင်းခဲ့ပါတယ်။

ဆက်လက်ပြီးမော်ရိုကိုနည်းပြက “ကျွန်တော့်နည်းပြဘဝမှာပထမဆုံးကြုံရတာပါ။ဒီအပြုအမူတွေမြင်ရတော့အရမ်းစိတ်ပျက်ရတယ်။ကစားသမားတစ်ဦးကဒဏ်ရာရရှိဟန်ဆောင်ပြီးခြေစမ်းပွဲမှာမကစားဖို့လုပ်ခဲ့တယ်။ဆေးအဖွဲ့ကသူ့အခြေအနေကိုအမျိုးမျိုးစစ်ပြီးကစားနိုင်တယ်လို့ပြောတယ်။နောက်တော့သူဟာဒုတိယပိုင်းမှာလူစားဝင်ကစားဖို့သွေးပူလေ့ကျင့်ခန်းလုပ်ဖို့တောင်ငြင်းတယ်။ဒီအပြုအမူကလုံးဝလက်ခံနိုင်စရာမရှိပါဘူး။လက်ရွေးစင်အသင်းကိုလိမ်လို့မရပါဘူး။ရာနှုန်းပြည့်ပေးဆပ်ရမယ်။မဟုတ်ရင်ကစားခွင့်ရမှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဇီယက်ချ်ဟာယခင်တုန်းကလည်းမော်ရိုကိုအသင်းအတွက်ကစားရန်ငြင်းဆိုခဲ့ဖူးပါတယ်။ဒါကြောင့်လည်းထိုစဉ်ကမော်ရိုကိုနည်းပြဟာဗီးရီနတ်ဟာသူ့အား၂၀၁၇အာဖရိကဖလားပြိုင်ပွဲမှာချန်လှပ်ခဲ့ဖူးပါတယ်။

သူဟာမော်ရိုကိုနည်းပြရီနတ်နှင့်အမ်စတာဒမ်တွင်ဆွေးနွေးမှုပြုလုပ်ပြီးမှ တစ်နှစ်အကြာတွင်မော်ရိုကိုမှာပြန်ကစားခွင့်ရခဲ့ပါတယ်။

ZawGyi

ပြဲမကစားခ်င္လို႔ ဒဏ္ရာရဟန္ေဆာင္ေၾကာင္း ခ်ဲလ္ဆီးစတားဇီယက္ခ်္ကို ေမာ္႐ိုကိုနည္းျပစြပ္စြဲ

ေမာ္႐ိုကိုနည္းျပဗာဟစ္ဟာလီဟိုဗစ္ကခ်ဲလ္ဆီးတိုက္စစ္သမားဟာကမ္ဇီယက္ခ်္မွာေျခစမ္းပြဲတစ္ပြဲအားဒဏ္ရာရရွိဟန္ေဆာင္ကာမကစားရရန္ႀကိဳးစားခဲ့ေၾကာင္းစြပ္စြဲေျပာၾကားလိုက္ပါတယ္။

ဇီယက္ခ်္ဟာေမာ္႐ိုကိုအသင္းရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲအတြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ယင္းသို႔ဇီယက္ခ်္အားခ်န္လွပ္မႈေၾကာင့္အားလုံးအံ့ဩသင့္ခဲ့ရပါတယ္။ယခုအခါေမာ္႐ိုကိုနည္းျပဟာဇီယက္ခ်္အားခ်န္လွပ္ထားခဲ့ရတဲ့အေၾကာင္းအရင္းအားဖြင့္ဟလာၿပီျဖစ္ပါတယ္။

ဟာလီဟိုဗစ္က “ေနာက္ဆုံးႏွစ္ပြဲမွာသူ႔အျပဳအမူကလက္မခံႏိုင္စရာပါ။အထူးသျဖင့္ေနာက္ဆုံးပြဲမွာပါ။လက္ေ႐ြးစင္အသင္းကိုဦးေဆာင္ေနတဲ့စံျပကစားသမားတစ္ဦးမလုပ္သင့္တဲ့အရာမ်ိဳးပါ။သူဟာေနာက္က်ၿပီးမွေရာက္တယ္။ၿပီးေတာ့ကစားဖို႔ျငင္းတယ္။ဒီေတာ့ဘာမွေဆြးေႏြးစရာမလိုေတာ့ပါဘူး။ကြၽန္ေတာ့္အတြက္ကေတာ့လက္ေ႐ြးစင္အသင္းကအားလုံးရဲ႕အထက္မွာရွိပါတယ္။ဘယ္သူမွလက္ေ႐ြးစင္အသင္းကိုဓားစာခံလုပ္လို႔မရပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဇီယက္ခ်္ဟာဇြန္လတုန္းကဂါနာ၊ဘူကီနာဖာဆိုတို႔ႏွင့္ေျခစမ္းပြဲစဥ္မွအျပဳအမူမ်ားေၾကာင့္ခ်န္လွပ္ခံခဲ့ရတာလို႔ယူဆရပါတယ္။

သူဟာဂါနာႏွင့္ေျခစမ္းပြဲအားဒဏ္ရာရရွိဟန္ေဆာင္ကာပါဝင္မကစားရန္ျငင္းခဲ့ပါတယ္။

ဆက္လက္ၿပီးေမာ္႐ိုကိုနည္းျပက “ကြၽန္ေတာ့္နည္းျပဘဝမွာပထမဆုံးႀကဳံရတာပါ။ဒီအျပဳအမူေတြျမင္ရေတာ့အရမ္းစိတ္ပ်က္ရတယ္။ကစားသမားတစ္ဦးကဒဏ္ရာရရွိဟန္ေဆာင္ၿပီးေျခစမ္းပြဲမွာမကစားဖို႔လုပ္ခဲ့တယ္။ေဆးအဖြဲ႕ကသူ႔အေျခအေနကိုအမ်ိဳးမ်ိဳးစစ္ၿပီးကစားႏိုင္တယ္လို႔ေျပာတယ္။ေနာက္ေတာ့သူဟာဒုတိယပိုင္းမွာလူစားဝင္ကစားဖို႔ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ေတာင္ျငင္းတယ္။ဒီအျပဳအမူကလုံးဝလက္ခံႏိုင္စရာမရွိပါဘူး။လက္ေ႐ြးစင္အသင္းကိုလိမ္လို႔မရပါဘူး။ရာႏႈန္းျပည့္ေပးဆပ္ရမယ္။မဟုတ္ရင္ကစားခြင့္ရမွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဇီယက္ခ်္ဟာယခင္တုန္းကလည္းေမာ္႐ိုကိုအသင္းအတြက္ကစားရန္ျငင္းဆိုခဲ့ဖူးပါတယ္။ဒါေၾကာင့္လည္းထိုစဥ္ကေမာ္႐ိုကိုနည္းျပဟာဗီးရီနတ္ဟာသူ႔အား၂၀၁၇အာဖရိကဖလားၿပိဳင္ပြဲမွာခ်န္လွပ္ခဲ့ဖူးပါတယ္။

သူဟာေမာ္႐ိုကိုနည္းျပရီနတ္ႏွင့္အမ္စတာဒမ္တြင္ေဆြးေႏြးမႈျပဳလုပ္ၿပီးမွ တစ္ႏွစ္အၾကာတြင္ေမာ္႐ိုကိုမွာျပန္ကစားခြင့္ရခဲ့ပါတယ္။