ပွဲမတိုင်ခင် ဖိနပ်ကို မိုက်ခရိုဝေးမှာ အပူပေးတဲ့လျို့ဝှက်စနစ်ကို ချဲလ်ဆီးကစားသမားများသုံးနေ
ချဲလ်ဆီးကစားသမားများဟာပွဲမကစားမီအချိန်တွင်သူတို့ရဲ့ဖိနပ်များကိုမိုက်ခရိုဝေးအတွင်းသို့ထည့်သွင်းကာဖိနပ်ကိုအပူပေးနေကြောင်းသိရပါတယ်။
ချဲလ်ဆီးကစားသမားများဟာမိုက်ခရိုဝေးတွင်ထည့်သွင်းထားတဲ့ဖိနပ်နွေးနွေးလေးကိုစီးရမှုကြောင့်ရာသီ ဥတုဒဏ်မခံရဘဲသက်တောင့်သက်သာဖြင့်ကစားနေနိုင်ကာချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲအတွက် အလွန်အရေးပါနေတယ်လို့ယုံကြည်နေကြပါတယ်။
ချဲလ်ဆီးအသင်းဟာကိုယ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ရှိအဝတ်အစားလဲခန်းအတွင်းမှာကစားသမားများရဲ့ဖိနပ်ကိုကွင်းမကစားမီTimer ဖြင့်အပူပေးပါတယ်။ဒါ့အပြင်ချဲလ်ဆီးဟာအဝေးကွင်းပွဲစဉ်သွားကစားရာတွင် လည်းအသင်းရဲ့ဘတ်စ်ကားနဲ့အတူမိုက်ခရိုဝေးကိုလည်းယူဆောင်သွားပါတယ်။
ဖိနပ်ကိုမိုက်ခရိုဝေးတွင်ထည့်သွင်းပြီးအပူပေးမှုကြောင့်ကစားသမားများအနေဖြင့်ဖိနပ်စီးတဲ့အခါသက်တောင့်သက်သာရှိလာစေကြောင်းသိရပါတယ်။
ဒါ့အပြင်ချဲလ်ဆီးဟာပွဲများကစားပြီးချိန်တွင်လည်းကစားသမားများရဲ့စွမ်းအင်ပြန်လည်ပြည့်ဝလာရေး အတွက်အစားအသောက်များချက်ကျွေးရန်စားဖိုမှူးများလည်းငှားရမ်းအသုံးပြုနေပါတယ်။
ချဲလ်ဆီးဟာမနက်ဖြန်တနင်္ဂနွေနေ့မှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲစဉ်အဖြစ်မန်ယူနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi