ပွဲမတိုင်မီ ရန်ပွဲတွင် နော်တင်ဟမ်ဖောရက်စ်ကွင်းဝန်ထမ်းကြောင့် ဘရန့်ဖို့ဒ်နည်းပြအဖွဲ့ဝင် ဒဏ်ရာရရှိ

သောမတ်စ်ဖရန့်ကနော်တင်ဟမ်ဖောရက်စ်ကွင်းဝန်ထမ်းကြောင့် ဘရန့်ဖို့ဒ်အသင်းရဲ့သွေးပူလေ့ကျင့်ခန်းလုပ်မှုအနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အပြင်ဂိုးနည်းပြလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်းစွပ်စွဲလာပါတယ်။

ဘရန့်ဖို့ဒ်နည်းပြကဂိုးနည်းပြမန်နူးဆိုလီတိုမှာနော်တင်ဟမ်ဖောရက်စ်ကွင်းဝန်ထမ်းနှင့်အချင်းများစဉ် ဒဏ်ရာရရှိသွားကြောင်းစွပ်စွဲလာတာဖြစ်ပါတယ်။

ဒါပေမဲ့နော်တင်ဟမ်ဖောရက်စ်ကတော့ အထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးချိန်တွင်ဘရန့်ဖို့ဒ်အသင်းမှာပင်နယ်တီဧရိယာအတွင်းသွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန် စည်းမျဉ်းကိုချိုးဖောက်ခဲ့ကြောင်းပြန်လည်တုံပြန်ထားပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကွင်းဝန်ထမ်းဟာကွင်းကိုညှိမှုပြုလုပ်နေပြီး ဧည့်သည်အသင်းအားဧရိယာအတွင်းမှထွက်ခွာသွားရန်ပြောဆိုချိန်တွင် ဒေါသတကြီးတုံ့ပြန်မှုနှင့်ကြုံခဲ့ရပါတယ်။

ဒါပေမဲ့သောမတ်စ်ဖရန့်ကတော့ “ဒဏ်ရာရသွားတယ်။သူ့ကိုအမှတ်တစ်ခုပေးလိုက်တာ။ဓာတ်ပုံတောင်ရိုက်ကူးထားတယ်။ကျုပ်လည်းဒေါသထွက်သွားတယ်။အမြဲတမ်းသူတော်ကောင်းဖြစ်မနေနိုင်ပါဘူး။အကောင်းဆုံးကြိုးစားခဲ့တာပဲ။ဒါပေမဲ့ကျွန်တော့်ဂိုးနည်းပြက ကွင်းဝန်ထမ်းကိုတွန်းပို့တော့တခုခုပြန်ရသွားတယ်။ဒီအဖြစ်အပျက်ကိုလူတိုင်းမြင်တွေ့လိုက်ဖို့မျှော်လင့်ပါတယ်။ကင်မရာလည်းရိုက်ကူးမိပါလိမ့်မယ်”လို့ဆိုသွားပါတယ်။

ကွင်းလယ်ဒိုင်လူကြီးအင်ဒရေမာရီနာကအထက်ပါအဖြစ်အပျက်ကိုကြားဝင်ဖြေဖျန်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။အက်ဖ်အေဟာအထက်ပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးဒိုင်လူကြီးမာရီနာရဲ့ပွဲပြီးမှတ်တမ်းအစီအရင်ခံစာကိုစောင့်ဆိုင်းပြီးမှစုံစမ်းစစ်ဆေးမှုပြုလုပ်လာပါမယ်။

မနေ့ညတုန်းကနော်တင်ဟမ်ဖောရက်စ်နှင့်ဘရန့်ဖို့ဒ်တို့ပွဲစဉ်မှာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။

ZawGyi

ပြဲမတိုင္မီ ရန္ပြဲတြင္ ေနာ္တင္ဟမ္ေဖာရက္စ္ကြင္းဝန္ထမ္းေၾကာင့္ ဘရန႔္ဖို႔ဒ္နည္းျပအဖြဲ႕ဝင္ ဒဏ္ရာရရွိ

ေသာမတ္စ္ဖရန႔္ကေနာ္တင္ဟမ္ေဖာရက္စ္ကြင္းဝန္ထမ္းေၾကာင့္ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ေသြးပူေလ့က်င့္ခန္းလုပ္မႈအေႏွာင့္အယွက္ျဖစ္ခဲ့ရတဲ့အျပင္ဂိုးနည္းျပလည္း ဒဏ္ရာရရွိသြားခဲ့ေၾကာင္းစြပ္စြဲလာပါတယ္။

ဘရန႔္ဖို႔ဒ္နည္းျပကဂိုးနည္းျပမန္ႏူးဆိုလီတိုမွာေနာ္တင္ဟမ္ေဖာရက္စ္ကြင္းဝန္ထမ္းႏွင့္အခ်င္းမ်ားစဥ္ ဒဏ္ရာရရွိသြားေၾကာင္းစြပ္စြဲလာတာျဖစ္ပါတယ္။

ဒါေပမဲ့ေနာ္တင္ဟမ္ေဖာရက္စ္ကေတာ့ အထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးခ်ိန္တြင္ဘရန႔္ဖို႔ဒ္အသင္းမွာပင္နယ္တီဧရိယာအတြင္းေသြးပူေလ့က်င့္ခန္းျပဳလုပ္ခ်ိန္ စည္းမ်ဥ္းကိုခ်ိဳးေဖာက္ခဲ့ေၾကာင္းျပန္လည္တုံျပန္ထားပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ကြင္းဝန္ထမ္းဟာကြင္းကိုညႇိမႈျပဳလုပ္ေနၿပီး ဧည့္သည္အသင္းအားဧရိယာအတြင္းမွထြက္ခြာသြားရန္ေျပာဆိုခ်ိန္တြင္ ေဒါသတႀကီးတုံ႔ျပန္မႈႏွင့္ႀကဳံခဲ့ရပါတယ္။

ဒါေပမဲ့ေသာမတ္စ္ဖရန႔္ကေတာ့ “ဒဏ္ရာရသြားတယ္။သူ႔ကိုအမွတ္တစ္ခုေပးလိုက္တာ။ဓာတ္ပုံေတာင္႐ိုက္ကူးထားတယ္။က်ဳပ္လည္းေဒါသထြက္သြားတယ္။အၿမဲတမ္းသူေတာ္ေကာင္းျဖစ္မေနႏိုင္ပါဘူး။အေကာင္းဆုံးႀကိဳးစားခဲ့တာပဲ။ဒါေပမဲ့ကြၽန္ေတာ့္ဂိုးနည္းျပက ကြင္းဝန္ထမ္းကိုတြန္းပို႔ေတာ့တခုခုျပန္ရသြားတယ္။ဒီအျဖစ္အပ်က္ကိုလူတိုင္းျမင္ေတြ႕လိုက္ဖို႔ေမွ်ာ္လင့္ပါတယ္။ကင္မရာလည္း႐ိုက္ကူးမိပါလိမ့္မယ္”လို႔ဆိုသြားပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးအင္ဒေရမာရီနာကအထက္ပါအျဖစ္အပ်က္ကိုၾကားဝင္ေျဖဖ်န္မႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။အက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးဒိုင္လူႀကီးမာရီနာရဲ႕ပြဲၿပီးမွတ္တမ္းအစီအရင္ခံစာကိုေစာင့္ဆိုင္းၿပီးမွစုံစမ္းစစ္ေဆးမႈျပဳလုပ္လာပါမယ္။

မေန႔ညတုန္းကေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ဘရန႔္ဖို႔ဒ္တို႔ပြဲစဥ္မွာႏွစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားခဲ့ပါတယ္။