ဂျပန်ကို မထင်မှတ်ရှုံးနိမ့်တဲ့ပွဲမတိုင်မီ အသင်းလိုက်ဓာတ်ပုံကို ပါးစပ်ပိတ်ရိုက်ကူးခဲ့လို့ အပြင်းအထန်ဝေဖန်ခံနေရတဲ့ ဂျာမနီ

ဘောလုံးပရိသတ်များဟာဗုဒ္ဓဟူးနေ့တုန်းကဂျပန်ကိုမထင်မှတ်ဘဲရှုံးနိမ့်ပြီးနောက်နိုင်ငံရေးအပေါ်တွင်များစွာအာရုံစိုက်မှုအတွက်ဂျာမနီကစားသမားများအားဝေဖန်မှုပြုလုပ်နေကြပါတယ်။

ဂျာမနီကစားသမားများဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်ပိတ်ပင်ခံရမှုကို ဆန့်ကျင်တဲ့အနေဖြင့်ဂျပန်နှင့်ပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးရာတွင်ပါးစပ်ပိတ်ပြီးရိုက်ကူးခဲ့ကြပါတယ်။

ဂျာမနီ၊ဝေးလ်၊အင်္ဂလန်၊ဘယ်လ်ဂျီယံ၊နယ်သာလန်အပါအဝင်ဥရောပနိုင်ငံ၇နိုင်ငံတို့ဟာ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်လျင် အားကစားဆိုင်ရာအရေးယူခြင်းခံရမယ်လို့ဖီဖာရဲ့ခြိမ်းခြောက်မှုကြုံခဲ့ရပါတယ်။

ဒါကြောင့်လည်းဂျာမနီအသင်းဟာ One Love အသင်းခေါင်းဆောင်လက်ပတ်ကိုပိတ်ပင်မှုအား ဂျပန်နှင့်ပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးမှုပြုလုပ်ရာတွင်ပါးစပ်ပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။

ယင်းနောက်ပွဲကစားရာတွင်ဂျာမနီဟာဂန်ဒိုဂန်ရဲ့ပင်နယ်တီဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းပွဲအပြီးတွင်၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတော့တယ်။

ပရိသတ်များဟာဂျာမနီကစားသမားများကိုဘောလုံးအပေါ်အာရုံမစိုက်ဘဲ နိုင်ငံရေးအပေါ်တွင်သာအာရုံစိုက်နေမှုနှင့်အတူ ဂျပန်အရှုံးနှင့်ထိုက်တန်တယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။

ပရိသတ်တစ်ဦးက “သက်တန့်လက်ပတ်နဲ့နိုင်ငံရေးအပေါ်မှာပဲအာရုံရောက်နေတော့ဂျာမနီအရှုံးနဲ့ထိုက်တန်ပါတယ်”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “နိုင်ငံရေးကြောင့်ဘေးထွက်မခံရစေနဲ့။ဘောလုံးပဲကစားကြပါ။အပြင်ကအရာတွေကအနိုင်ရအောင်အကူအညီမဖြစ်ဘူး”လို့ဆိုသွားပါတယ်။

ဂျပန်နှင့်ပွဲစဉ်တွင်ဂျာမနီပြည်ထဲရေးဝန်ကြီးနန်စီဖေဇာဟာလည်း One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ကာဖီဖာဥက္ကဌအင်ဖန်တီနိုနှင့်အတူကြည့်ရှုခဲ့ပါတယ်။

ZawGyi

ဂ်ပန္ကို မထင္မွတ္ရႈံးနိမ့္တဲ့ပြဲမတိုင္မီ အသင္းလိုက္ဓာတ္ပုံကို ပါးစပ္ပိတ္႐ိုက္ကူးခဲ့လို႔ အျပင္းအထန္ေဝဖန္ခံေနရတဲ့ ဂ်ာမနီ

ေဘာလုံးပရိသတ္မ်ားဟာဗုဒၶဟူးေန႔တုန္းကဂ်ပန္ကိုမထင္မွတ္ဘဲရႈံးနိမ့္ၿပီးေနာက္ႏိုင္ငံေရးအေပၚတြင္မ်ားစြာအာ႐ုံစိုက္မႈအတြက္ဂ်ာမနီကစားသမားမ်ားအားေဝဖန္မႈျပဳလုပ္ေနၾကပါတယ္။

ဂ်ာမနီကစားသမားမ်ားဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ခြင့္ပိတ္ပင္ခံရမႈကို ဆန႔္က်င္တဲ့အေနျဖင့္ဂ်ပန္ႏွင့္ပြဲမတိုင္မီအသင္းလိုက္ဓာတ္ပုံ႐ိုက္ကူးရာတြင္ပါးစပ္ပိတ္ၿပီး႐ိုက္ကူးခဲ့ၾကပါတယ္။

ဂ်ာမနီ၊ေဝးလ္၊အဂၤလန္၊ဘယ္လ္ဂ်ီယံ၊နယ္သာလန္အပါအဝင္ဥေရာပႏိုင္ငံ၇ႏိုင္ငံတို႔ဟာ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္လ်င္ အားကစားဆိုင္ရာအေရးယူျခင္းခံရမယ္လို႔ဖီဖာရဲ႕ၿခိမ္းေျခာက္မႈႀကဳံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းဂ်ာမနီအသင္းဟာ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုပိတ္ပင္မႈအား ဂ်ပန္ႏွင့္ပြဲမတိုင္မီအသင္းလိုက္ဓာတ္ပုံ႐ိုက္ကူးမႈျပဳလုပ္ရာတြင္ပါးစပ္ပိတ္ၿပီးဆႏၵျပခဲ့ၾကပါတယ္။

ယင္းေနာက္ပြဲကစားရာတြင္ဂ်ာမနီဟာဂန္ဒိုဂန္ရဲ႕ပင္နယ္တီဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းပြဲအၿပီးတြင္၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါေတာ့တယ္။

ပရိသတ္မ်ားဟာဂ်ာမနီကစားသမားမ်ားကိုေဘာလုံးအေပၚအာ႐ုံမစိုက္ဘဲ ႏိုင္ငံေရးအေပၚတြင္သာအာ႐ုံစိုက္ေနမႈႏွင့္အတူ ဂ်ပန္အရႈံးႏွင့္ထိုက္တန္တယ္လို႔ေဝဖန္ေျပာဆိုေနၾကပါတယ္။

ပရိသတ္တစ္ဦးက “သက္တန႔္လက္ပတ္နဲ႔ႏိုင္ငံေရးအေပၚမွာပဲအာ႐ုံေရာက္ေနေတာ့ဂ်ာမနီအရႈံးနဲ႔ထိုက္တန္ပါတယ္”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ႏိုင္ငံေရးေၾကာင့္ေဘးထြက္မခံရေစနဲ႔။ေဘာလုံးပဲကစားၾကပါ။အျပင္ကအရာေတြကအႏိုင္ရေအာင္အကူအညီမျဖစ္ဘူး”လို႔ဆိုသြားပါတယ္။

ဂ်ပန္ႏွင့္ပြဲစဥ္တြင္ဂ်ာမနီျပည္ထဲေရးဝန္ႀကီးနန္စီေဖဇာဟာလည္း One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ကာဖီဖာဥကၠဌအင္ဖန္တီႏိုႏွင့္အတူၾကည့္ရႈခဲ့ပါတယ္။