ပွဲအစ ၁၁ မိနစ်တွင်ပင် မိုနာကိုစတားရဲ့မျက်နှာကို ကန်လို့ အနီကတ်ပြခံခဲ့ရတဲ့ ထရာဇွန်စပေါ်တိုက်စစ်မှူး

ထရာဇွန်စပေါ်တိုက်စစ်မှူးမာဇီဂိုမက်ဇ်ဟာမိုနာကိုနှင့်ပွဲစဉ်တွင်ပွဲအစ၁၁မိနစ်မှာပင် မိုနာကိုကစားသမားမိုဟာမက်ကာရာမာရဲ့မျက်နှာကိုကန်ခဲ့မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လီဂူး၁ကလပ်ဟာမနေ့ညတုန်းက Stade Louis II တွင်ယူရိုပါလိဂ်ပွဲစဉ်အဖြစ်တူရကီချန်ပီယံကိုဧည့်ခံကစားခဲ့ပါတယ်။

ပွဲအစပိုင်းမှာပင်ကာမာရာနှင့်ဂိုမက်ဇ်တို့ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။မိုနာကိုကစားသမားဟာပြိုင်ဘက်ကစားသမားကိုမြေကြီးမှာလဲအောင်ပြုလုပ်လိုက်နိုင်ပါတယ်။

ဒါပေမဲ့တိုက်စစ်မှူးဂိုမက်ဇ်ဟာပြိုင်ဘက်အသင်းအလယ်တန်းကစားသမားရဲ့မျက်နှာကိုတုန်လှုပ်ဖွယ်ကန်ကျောက်ခဲ့ပါတယ်။

တုန်လှုပ်စရာအဖြစ်အပျက်ကိုဒိုင်လူကြီးဟာမတွေ့လိုက်မှုနဲ့အတူ VAR ကစစ်ဆေးမှုပြုလုပ်ပြီးနောက်ဂိုမက်ဇ်ကိုတိုက်ရိုက်အနီကတ်ပြထုတ်ပယ်လိုက်ပါတယ်။

ယင်းနောက်ချက်ချင်းဆိုသလို ၃မိနစ်အကြာမှာဘင်ယက်ဒါကမိုနာကိုအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးပထမပိုင်းပြီးခါနီးမှာပင်နယ်တီကနေ ထပ်မံဂိုးသွင်းခဲ့ပါတယ်။ပွဲချိန်၅၅မိနစ်မှာဒီဆာဆီကမိုနာကိုအတွက်တတိယဂိုးသွင်းခဲ့ပြီးထရာဇွန်စပေါ်အတွက်နှစ်သိမ့်ဂိုးကိုဘာကာဆီတက်စ်က၇၂မိနစ်မှာသွင်းယူခဲ့ပါတယ်။မိုနာကိုဟာယင်းနိုင်ပွဲကြောင့်ထိပ်ဆုံးမှဖီရန်ဗာရို့စ်နှင့်အတူရမှတ်၆မှတ်ဖြင့်ဒုတိယနေရာမှာရပ်တည်နေပြီးထရာဇွန်စပေါ်ကတော့အဆင့်၃နေရာမှာရပ်တည်နေပါတယ်။

ZawGyi

ပြဲအစ ၁၁ မိနစ္တြင္ပင္ မိုနာကိုစတားရဲ႕မ်က္ႏွာကို ကန္လို႔ အနီကတ္ျပခံခဲ့ရတဲ့ ထရာဇြန္စေပၚတိုက္စစ္မႉး

ထရာဇြန္စေပၚတိုက္စစ္မႉးမာဇီဂိုမက္ဇ္ဟာမိုနာကိုႏွင့္ပြဲစဥ္တြင္ပြဲအစ၁၁မိနစ္မွာပင္ မိုနာကိုကစားသမားမိုဟာမက္ကာရာမာရဲ႕မ်က္ႏွာကိုကန္ခဲ့မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

လီဂူး၁ကလပ္ဟာမေန႔ညတုန္းက Stade Louis II တြင္ယူ႐ိုပါလိဂ္ပြဲစဥ္အျဖစ္တူရကီခ်န္ပီယံကိုဧည့္ခံကစားခဲ့ပါတယ္။

ပြဲအစပိုင္းမွာပင္ကာမာရာႏွင့္ဂိုမက္ဇ္တို႔ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။မိုနာကိုကစားသမားဟာၿပိဳင္ဘက္ကစားသမားကိုေျမႀကီးမွာလဲေအာင္ျပဳလုပ္လိုက္ႏိုင္ပါတယ္။

ဒါေပမဲ့တိုက္စစ္မႉးဂိုမက္ဇ္ဟာၿပိဳင္ဘက္အသင္းအလယ္တန္းကစားသမားရဲ႕မ်က္ႏွာကိုတုန္လႈပ္ဖြယ္ကန္ေက်ာက္ခဲ့ပါတယ္။

တုန္လႈပ္စရာအျဖစ္အပ်က္ကိုဒိုင္လူႀကီးဟာမေတြ႕လိုက္မႈနဲ႔အတူ VAR ကစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ဂိုမက္ဇ္ကိုတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္လိုက္ပါတယ္။

ယင္းေနာက္ခ်က္ခ်င္းဆိုသလို ၃မိနစ္အၾကာမွာဘင္ယက္ဒါကမိုနာကိုအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးပထမပိုင္းၿပီးခါနီးမွာပင္နယ္တီကေန ထပ္မံဂိုးသြင္းခဲ့ပါတယ္။ပြဲခ်ိန္၅၅မိနစ္မွာဒီဆာဆီကမိုနာကိုအတြက္တတိယဂိုးသြင္းခဲ့ၿပီးထရာဇြန္စေပၚအတြက္ႏွစ္သိမ့္ဂိုးကိုဘာကာဆီတက္စ္က၇၂မိနစ္မွာသြင္းယူခဲ့ပါတယ္။မိုနာကိုဟာယင္းႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွဖီရန္ဗာ႐ို႕စ္ႏွင့္အတူရမွတ္၆မွတ္ျဖင့္ဒုတိယေနရာမွာရပ္တည္ေနၿပီးထရာဇြန္စေပၚကေတာ့အဆင့္၃ေနရာမွာရပ္တည္ေနပါတယ္။