ပွဲအပြီးတွင် ရရှိတဲ့ ပင်နယ်တီ မဝင်မှု၊ တိုင်ထိထွက်မှုကြောင့် ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရတဲ့ အက်သလက်တီကို

အက်သလက်တီကိုမက်ဒရစ်ဟာမနေ့ညတုန်းကလေဗာကူဆင်နှင့်ပွဲစဉ်တွင် ပွဲအပြီးတွင်ရရှိတဲ့ပင်နယ်တီမဝင်ခဲ့မှုကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

၂၀၂၁လာလီဂါချန်ပီယံဟာမနေ့ညတုန်းကလေဗာကူဆင်နှင့်ပွဲစဉ်တွင်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

အက်သလက်တီကိုဟာဒီယာဘီ၊အေမီရီတို့ရဲ့ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းယန်နစ်ခ်ကာရက်စ်ကို၊ ဒီပေါလ်တို့ရဲ့ဂိုးဖြင့်ချေပဂိုးရရှိခဲ့ပါတယ်။

အချိန်ပိုငါးမိနစ်ပြီးဆုံးချိန်တွင်ကွင်းလယ်ဒိုင်လူကြီးကလီမန့်ကျူပင်က ပွဲပြီးခရာမှုတ်ခဲ့ပါတယ်။

အက်သလက်တီကိုကစားသမားများဟာလက်ထိဘောအတွက်ဒိုင်လူကြီးကိုဝိုင်းရံပင်နယ်တီတောင်းဆိုခဲ့ပြီးပြင်သစ်ဒိုင်လူကြီးကကွင်းအတွင်းမှထွက်ခွာခဲ့ပါတယ်။

ဒါပေမဲ့ VAR ကသူ့ကိုကွင်းဘေးရှိ မော်နီတာတွင်ပြန်လည်စစ်ဆေးရန် ညွှန်ကြားမှုပြုလုပ်လာခဲ့ပါတယ်။

ကျူပင်ဟာမော်နီတာတွင်စစ်ဆေးမှုပြုလုပ်ပြီးနောက်ကစားသမားများကိုပြန်လည်ဆင့်ခေါ်ပြီးပင်နယ်တီပေးခဲ့ပါတယ်။အက်သလက်တီကိုဟာလည်း သေဆုံးနေတဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ပြန်လည်အသက်ဝင်လာပါတယ်။

ယင်းအချိန်တွင်ပွဲချိန်၉၉မိနစ်ရှိနေပြီဖြစ်ပြီးကာရက်စ်ကိုကပင်နယ်တီကန်ရန်ရှေ့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဘယ်လ်ဂျီယံကစားသမားရဲ့ကန်ချက်ကိုလေဗာကူဆင်ဂိုးသမားလူးကပ်စ်ဟရာဒစ်ကီကပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

ယင်းဒရမ်မာမှာ ထိုမျှနဲ့မပြီးသေးပါဘူး။ အံထွက်လာတဲ့ဘောလုံးကို ဆောလ်ကပြေးဝင်ပြီးလွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ဘားထိသွားခဲ့ပါတယ်။ယင်းမှပြန်ကျလာတဲ့ဘောလုံးကနေရီနယ်ဒိုမန်ဒါဗာကန်ချက်ကကံဆိုးသူကာရက်စ်ကိုရဲ့ဖနောင့်နဲ့ထိပြီးဘေးထွက်သွားခဲ့ပါတယ်။

အက်သလက်တီကိုဟာလည်းပွဲပြီးမှရရှိတဲ့အခွင့်အရေးအသုံးမချနိုင်ခဲ့မှုနှင့်အတူချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

အက်သလက်တီကိုဟာအုပ်စုနောက်ဆုံးပွဲအဖြစ် လေးမှတ်ကွာဟနေတဲ့ ဒုတိယနေရာမှပေါ်တိုနဲ့ရင်ဆိုင်ရပါမယ်။

တကယ်လို့များအက်သလက်တီကိုဟာအုပ်စုတတိယရရှိလာမယ်ဆိုရင်ယူရိုပါလိဂ်ဆင်းကစားရပါမယ်။ဒါပေမဲ့၎င်းတို့ဟာလည်းလေဗာကူဆင်နဲ့တစ်မှတ်သာကွာဟမှုနဲ့အတူ ယူရိုပါလိဂ်ဝင်ခွင့်ရရှိဖို့မသေချာသေးပါဘူး။

ZawGyi

ပြဲအၿပီးတြင္ ရရွိတဲ့ ပင္နယ္တီ မဝင္မႈ၊ တိုင္ထိထြက္မႈေၾကာင့္ ခ်န္ပီယံလိဂ္မွ ထြက္ခြာခဲ့ရတဲ့ အက္သလက္တီကို

အက္သလက္တီကိုမက္ဒရစ္ဟာမေန႔ညတုန္းကေလဗာကူဆင္ႏွင့္ပြဲစဥ္တြင္ ပြဲအၿပီးတြင္ရရွိတဲ့ပင္နယ္တီမဝင္ခဲ့မႈေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။

၂၀၂၁လာလီဂါခ်န္ပီယံဟာမေန႔ညတုန္းကေလဗာကူဆင္ႏွင့္ပြဲစဥ္တြင္ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။

အက္သလက္တီကိုဟာဒီယာဘီ၊ေအမီရီတို႔ရဲ႕ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္းယန္နစ္ခ္ကာရက္စ္ကို၊ ဒီေပါလ္တို႔ရဲ႕ဂိုးျဖင့္ေခ်ပဂိုးရရွိခဲ့ပါတယ္။

အခ်ိန္ပိုငါးမိနစ္ၿပီးဆုံးခ်ိန္တြင္ကြင္းလယ္ဒိုင္လူႀကီးကလီမန႔္က်ဴပင္က ပြဲၿပီးခရာမႈတ္ခဲ့ပါတယ္။

အက္သလက္တီကိုကစားသမားမ်ားဟာလက္ထိေဘာအတြက္ဒိုင္လူႀကီးကိုဝိုင္းရံပင္နယ္တီေတာင္းဆိုခဲ့ၿပီးျပင္သစ္ဒိုင္လူႀကီးကကြင္းအတြင္းမွထြက္ခြာခဲ့ပါတယ္။

ဒါေပမဲ့ VAR ကသူ႔ကိုကြင္းေဘးရွိ ေမာ္နီတာတြင္ျပန္လည္စစ္ေဆးရန္ ၫႊန္ၾကားမႈျပဳလုပ္လာခဲ့ပါတယ္။

က်ဴပင္ဟာေမာ္နီတာတြင္စစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ကစားသမားမ်ားကိုျပန္လည္ဆင့္ေခၚၿပီးပင္နယ္တီေပးခဲ့ပါတယ္။အက္သလက္တီကိုဟာလည္း ေသဆုံးေနတဲ့ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ျပန္လည္အသက္ဝင္လာပါတယ္။

ယင္းအခ်ိန္တြင္ပြဲခ်ိန္၉၉မိနစ္ရွိေနၿပီျဖစ္ၿပီးကာရက္စ္ကိုကပင္နယ္တီကန္ရန္ေရွ႕ထြက္လာခဲ့ပါတယ္။ဒါေပမဲ့ဘယ္လ္ဂ်ီယံကစားသမားရဲ႕ကန္ခ်က္ကိုေလဗာကူဆင္ဂိုးသမားလူးကပ္စ္ဟရာဒစ္ကီကပုတ္ထုတ္ကာကြယ္ခဲ့ပါတယ္။

ယင္းဒရမ္မာမွာ ထိုမွ်နဲ႔မၿပီးေသးပါဘူး။ အံထြက္လာတဲ့ေဘာလုံးကို ေဆာလ္ကေျပးဝင္ၿပီးလြတ္လြတ္ကြၽတ္ကြၽတ္ေခါင္းတိုက္ခြင့္ရခဲ့ေပမဲ့ဘားထိသြားခဲ့ပါတယ္။ယင္းမွျပန္က်လာတဲ့ေဘာလုံးကေနရီနယ္ဒိုမန္ဒါဗာကန္ခ်က္ကကံဆိုးသူကာရက္စ္ကိုရဲ႕ဖေနာင့္နဲ႔ထိၿပီးေဘးထြက္သြားခဲ့ပါတယ္။

အက္သလက္တီကိုဟာလည္းပြဲၿပီးမွရရွိတဲ့အခြင့္အေရးအသုံးမခ်ႏိုင္ခဲ့မႈႏွင့္အတူခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။

အက္သလက္တီကိုဟာအုပ္စုေနာက္ဆုံးပြဲအျဖစ္ ေလးမွတ္ကြာဟေနတဲ့ ဒုတိယေနရာမွေပၚတိုနဲ႔ရင္ဆိုင္ရပါမယ္။

တကယ္လို႔မ်ားအက္သလက္တီကိုဟာအုပ္စုတတိယရရွိလာမယ္ဆိုရင္ယူ႐ိုပါလိဂ္ဆင္းကစားရပါမယ္။ဒါေပမဲ့၎တို႔ဟာလည္းေလဗာကူဆင္နဲ႔တစ္မွတ္သာကြာဟမႈနဲ႔အတူ ယူ႐ိုပါလိဂ္ဝင္ခြင့္ရရွိဖို႔မေသခ်ာေသးပါဘူး။