ပွဲအပြီး ဥမင်လှိုဏ်ခေါင်းတွင် ပြိုင်ဘက်နည်းပြကို တိုက်ခိုက်မှုအတွက် ဂျိုးယေဘာတန် ရုံးတင်စစ်ဆေးခံရမည်

ဂျိုယေးဘာတန်ဟာယနေ့တွင်လိဂ်ဝမ်းပွဲစဉ်တစ်ခုတွင်ပြိုင်ဘက်အသင်းနည်းပြကိုတိုက်ခိုက်မှုအတွက်ရုံးတင်စစ်ဆေးခြင်းခံရမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၃၉နှစ်ရှိဘရက်စတိုးရိုဗာနည်းပြဟာ၂၀၁၉ခုနှစ်၊ဧပြီလတုန်းက ထိုစဉ်ကဘန်စလေနည်းပြဒါနီရယ်စတန်ဒေးလ်ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ထိုစဉ်ကဖလက်ဝုဒ်ကိုကိုင်တွယ်နေတဲ့ဘာတန်ဟာဘန်စလေကနိုင်ပွဲရရှိသွားပြီးနောက်ဥမင်လှိုဏ်ခေါင်းတွင်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း အစိုးရရှေ့နေများကစွပ်စွဲထားပါတယ်။

စတန်ဒေးလ်ဟာဘာတန်ရဲ့တိုက်ခိုက်မှုခံခဲ့ရပြးနောက်မျက်နှာတွင်ဒဏ်ရာများရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်စတားဟောင်းဘာတန်ဟာ၄-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ယင်းပွဲတွင်သူ့ကစားသမားတစ်ဦးအထုတ်ခံရမှုကိုအကြီးအကျယ်ဒေါသထွက်နေခဲ့တယ်လို့ယူဆရပါတယ်။

သူဟာပွဲကစားချိန်အတွင်းတွင်လည်းစတန်ဒေးလ်နှင့်အချင်းများခဲ့သလိုပွဲပြီးဥမင်လှိုဏ်ခေါင်းတွင်လည်းထပ်မံအချင်းများခဲ့ပါတယ်။ဘာတန်ဟာစတန်ဒေးလ်ကိုလက်များကိုချုပ်ပြီးမျက်နှာကိုလက်သီးဖြင့်ထိုးကြိတ်မှုပြုလုပ်ခဲ့ပါတယ်။

သူဟာလေ့ကျင့်ရေးကွင်းမှ BMW ကားဖြင့်ထွက်ခွာရန်လုံခြုံရေးတစ်ဦးနှင့်ရဲတစ်ဦးရဲ့တားဆီးခြင်းခံခဲ့ရပါတယ်။နောက်ပိုင်းတွင်ဘန်စလေအသင်းကယော့ခ်ရှိုင်းယားတောင်ပိုင်းရဲစခန်းတွင်အမှုဖွင့်လာမှုနဲ့အတူ ဘာတန်ဟာဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

သူဟာယနေ့မှာရှက်ဖီးလ်တရားရုံးမှာစစ်ဆေးခြင်းခံရမှာလည်းဖြစ်ပါတယ်။

ZawGyi

ပြဲအၿပီး ဥမင္လႈိဏ္ေခါင္းတြင္ ၿပိဳင္ဘက္နည္းျပကို တိုက္ခိုက္မႈအတြက္ ဂ်ိဳးေယဘာတန္ ႐ုံးတင္စစ္ေဆးခံရမည္

ဂ်ိဳေယးဘာတန္ဟာယေန႔တြင္လိဂ္ဝမ္းပြဲစဥ္တစ္ခုတြင္ၿပိဳင္ဘက္အသင္းနည္းျပကိုတိုက္ခိုက္မႈအတြက္႐ုံးတင္စစ္ေဆးျခင္းခံရမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၉ႏွစ္ရွိဘရက္စတိုး႐ိုဗာနည္းျပဟာ၂၀၁၉ခုႏွစ္၊ဧၿပီလတုန္းက ထိုစဥ္ကဘန္စေလနည္းျပဒါနီရယ္စတန္ေဒးလ္ကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ထိုစဥ္ကဖလက္ဝုဒ္ကိုကိုင္တြယ္ေနတဲ့ဘာတန္ဟာဘန္စေလကႏိုင္ပြဲရရွိသြားၿပီးေနာက္ဥမင္လႈိဏ္ေခါင္းတြင္ခိုက္ရန္ျဖစ္ပြားခဲ့ေၾကာင္း အစိုးရေရွ႕ေနမ်ားကစြပ္စြဲထားပါတယ္။

စတန္ေဒးလ္ဟာဘာတန္ရဲ႕တိုက္ခိုက္မႈခံခဲ့ရျပးေနာက္မ်က္ႏွာတြင္ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္စတားေဟာင္းဘာတန္ဟာ၄-၂ဂိုးျဖင့္ရႈံးနိမ့္တဲ့ယင္းပြဲတြင္သူ႔ကစားသမားတစ္ဦးအထုတ္ခံရမႈကိုအႀကီးအက်ယ္ေဒါသထြက္ေနခဲ့တယ္လို႔ယူဆရပါတယ္။

သူဟာပြဲကစားခ်ိန္အတြင္းတြင္လည္းစတန္ေဒးလ္ႏွင့္အခ်င္းမ်ားခဲ့သလိုပြဲၿပီးဥမင္လႈိဏ္ေခါင္းတြင္လည္းထပ္မံအခ်င္းမ်ားခဲ့ပါတယ္။ဘာတန္ဟာစတန္ေဒးလ္ကိုလက္မ်ားကိုခ်ဳပ္ၿပီးမ်က္ႏွာကိုလက္သီးျဖင့္ထိုးႀကိတ္မႈျပဳလုပ္ခဲ့ပါတယ္။

သူဟာေလ့က်င့္ေရးကြင္းမွ BMW ကားျဖင့္ထြက္ခြာရန္လုံၿခဳံေရးတစ္ဦးႏွင့္ရဲတစ္ဦးရဲ႕တားဆီးျခင္းခံခဲ့ရပါတယ္။ေနာက္ပိုင္းတြင္ဘန္စေလအသင္းကေယာ့ခ္ရႈိင္းယားေတာင္ပိုင္းရဲစခန္းတြင္အမႈဖြင့္လာမႈနဲ႔အတူ ဘာတန္ဟာဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

သူဟာယေန႔မွာရွက္ဖီးလ္တရား႐ုံးမွာစစ္ေဆးျခင္းခံရမွာလည္းျဖစ္ပါတယ္။