ပွဲ ၂၀ ကစားပြီး ယမန်နှစ်ရွှေဖိနပ်ဆုရှင် ဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့ဂိုးသွင်းမှတ်တမ်းကို ကျော်ဖြတ်ခဲ့တဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာမနေ့ညတုန်းကမန်စီးတီးကဝုဗ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲယခုရာသီစတုတ္ထမြောက်ပရီးမီးယားလိဂ်ဟက်ထရစ်ဂိုးသွင်းယူနိုင်ပြီးနောက်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်များဖြစ်ကြတဲ့မိုဟာမက်ဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့ဂိုးသွင်းစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လီဗာပူးစတားမိုဟာမက်ဆာလက်နှင့်စပါးစ်စတားဆန်ဟောင်မင်းတို့ဟာပြီးခဲ့တဲ့၂၀၂၁-၂၂ဘောလုံးရာသီတုန်းက၂၃ဂိုးသွင်းယူကာပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုပူးတွဲရယူခဲ့ကြပါတယ်။

ဒါပေမဲ့နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းဟာမနေ့ညတုန်းကဝုဗ်နှင့်ပွဲတွင်ဟက်ထရစ်သွင်းယူပြီးနောက်ပရီးမီးယားလိဂ်ပွဲ၂၀တည်းကစားရာမှာ၂၅ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

မနေ့ညကပွဲတွင်အာလင်းဟာလန်းဟာကီဗင်ဒီဘရိုင်းရဲ့ဖြတ်တင်ဘောကနေပထမဂိုးသွင်းယူပြီးဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့ဂိုးကိုလိုက်မီခဲ့ပါတယ်။ယင်းနောက်သူဟာပင်နယ်တီမှတဆင့်၂၄ဂိုးမြောက်ဂိုးကိုသွင်းခဲ့ပြီး၂၅ဂိုးမြောက်ဂိုးအားဝုဗ်ဂိုးသမားရဲ့အမှားကနေမရာ့ဇ်ရဲ့ပေးပို့မှုမှအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အာလင်းဟာလန်းဟာပွဲ၂၀ကစားပြီး၄ကြိမ်မြောက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာပရီးမီးယားလိဂ်သမိုင်းတွင်အမြန်ဆုံးဟက်ထရစ်သွင်းယူနိုင်သူအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ယခင်တုန်းကပရီးမီးယားလိဂ်သမိုင်းတွင်၄ကြိမ်မြောက်ဟက်ထရစ်အမြန်ဆုံးသွင်းယူနိုင်သူအဖြစ်ယူနိုက်တက်တိုက်စစ်မှူးဟောင်းရူဗင်နစ္စတယ်ရွိုင်းက၆၅ပွဲဖြင့်စံချိန်တင်ခဲ့တာဖြစ်ပြီးအာလင်းဟာလန်းကပွဲ၂၀တည်းဖြင့်ရိုက်ချိုးလာပါတယ်။

ဒါပေမဲ့အာလင်းဟာလန်းအနေဖြင့်တစ်ရာသီတည်းဟက်ထရစ်အများဆုံးစံချိန်ကိုလိုက်ချိုးဖို့ကြိုးပမ်းရပါဦးမယ်။

ပရီးမီးယားလိဂ်သမိုင်းတွင်တစ်ရာသီတည်းဟက်ထရစ်အများဆုံးသွင်းယူသူအဖြစ်နယူးကာဆယ်သူရဲကောင်းအလန်ရှီးယားက၁၉၉၅-၉၆ရာသီတွင်ဟက်ထရစ်၅ကြိမ်သွင်းပြီးသမိုင်းမှတ်တမ်းရေးထိုးထားပါတယ်။

ဒါ့အပြင်အာလင်းဟာလန်းဟာပရီးမီးယားလိဂ်တစ်ရာသီတည်းတွင်ဂိုးအများဆုံးသွင်းယူသူစံချိန်ကိုလည်းရိုက်ချိုးရန်လက်ကျန်၁၈ပွဲတွင်ကြိုးပမ်းရပါဦးမယ်။

ပရီးမီးယားလိဂ်သမိုင်းတွင်တစ်ရာသီတည်းဂိုးအများဆုံးသွင်းယူသူအဖြစ် မိုဟာမက်ဆာလက်က၂၀၁၇-၁၈ရာသီတုန်းက၃၂ဂိုးဖြင့်သမိုင်းမှတ်တမ်းရေးထိုးထားပါတယ်။

ZawGyi

ပြဲ ၂၀ ကစားၿပီး ယမန္ႏွစ္ေ႐ႊဖိနပ္ဆုရွင္ ဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕ဂိုးသြင္းမွတ္တမ္းကို ေက်ာ္ျဖတ္ခဲ့တဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာမေန႔ညတုန္းကမန္စီးတီးကဝုဗ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲယခုရာသီစတုတၳေျမာက္ပရီးမီးယားလိဂ္ဟက္ထရစ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္မ်ားျဖစ္ၾကတဲ့မိုဟာမက္ဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕ဂိုးသြင္းစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

လီဗာပူးစတားမိုဟာမက္ဆာလက္ႏွင့္စပါးစ္စတားဆန္ေဟာင္မင္းတို႔ဟာၿပီးခဲ့တဲ့၂၀၂၁-၂၂ေဘာလုံးရာသီတုန္းက၂၃ဂိုးသြင္းယူကာပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုပူးတြဲရယူခဲ့ၾကပါတယ္။

ဒါေပမဲ့ေနာ္ေဝတိုက္စစ္မႉးအာလင္းဟာလန္းဟာမေန႔ညတုန္းကဝုဗ္ႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၂၀တည္းကစားရာမွာ၂၅ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

မေန႔ညကပြဲတြင္အာလင္းဟာလန္းဟာကီဗင္ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာကေနပထမဂိုးသြင္းယူၿပီးဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕ဂိုးကိုလိုက္မီခဲ့ပါတယ္။ယင္းေနာက္သူဟာပင္နယ္တီမွတဆင့္၂၄ဂိုးေျမာက္ဂိုးကိုသြင္းခဲ့ၿပီး၂၅ဂိုးေျမာက္ဂိုးအားဝုဗ္ဂိုးသမားရဲ႕အမွားကေနမရာ့ဇ္ရဲ႕ေပးပို႔မႈမွအပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

အာလင္းဟာလန္းဟာပြဲ၂၀ကစားၿပီး၄ႀကိမ္ေျမာက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ကာပရီးမီးယားလိဂ္သမိုင္းတြင္အျမန္ဆုံးဟက္ထရစ္သြင္းယူႏိုင္သူအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

ယခင္တုန္းကပရီးမီးယားလိဂ္သမိုင္းတြင္၄ႀကိမ္ေျမာက္ဟက္ထရစ္အျမန္ဆုံးသြင္းယူႏိုင္သူအျဖစ္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း႐ူဗင္နစၥတယ္႐ြိဳင္းက၆၅ပြဲျဖင့္စံခ်ိန္တင္ခဲ့တာျဖစ္ၿပီးအာလင္းဟာလန္းကပြဲ၂၀တည္းျဖင့္႐ိုက္ခ်ိဳးလာပါတယ္။

ဒါေပမဲ့အာလင္းဟာလန္းအေနျဖင့္တစ္ရာသီတည္းဟက္ထရစ္အမ်ားဆုံးစံခ်ိန္ကိုလိုက္ခ်ိဳးဖို႔ႀကိဳးပမ္းရပါဦးမယ္။

ပရီးမီးယားလိဂ္သမိုင္းတြင္တစ္ရာသီတည္းဟက္ထရစ္အမ်ားဆုံးသြင္းယူသူအျဖစ္နယူးကာဆယ္သူရဲေကာင္းအလန္ရွီးယားက၁၉၉၅-၉၆ရာသီတြင္ဟက္ထရစ္၅ႀကိမ္သြင္းၿပီးသမိုင္းမွတ္တမ္းေရးထိုးထားပါတယ္။

ဒါ့အျပင္အာလင္းဟာလန္းဟာပရီးမီးယားလိဂ္တစ္ရာသီတည္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူစံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးရန္လက္က်န္၁၈ပြဲတြင္ႀကိဳးပမ္းရပါဦးမယ္။

ပရီးမီးယားလိဂ္သမိုင္းတြင္တစ္ရာသီတည္းဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ မိုဟာမက္ဆာလက္က၂၀၁၇-၁၈ရာသီတုန္းက၃၂ဂိုးျဖင့္သမိုင္းမွတ္တမ္းေရးထိုးထားပါတယ္။