ဖက်တီးဖြစ်နေပြီလို့ ပရိသတ်များရဲ့ဝေဖန်မှုကို နေမာ တုံ့ပြန်လာ

နေမာဟာဖက်တီးဖြစ်နေပြီလို့ပရိသတ်များရဲ့ဝေဖန်မှုများကိုပြန်လည်တုံ့ပြန်လာပါတယ်။နေမာက၎င်းမှာကြီးမားတဲ့အင်္ကျီဝတ်ဆင်ထားမှုကြောင့်ဝနေသကဲ့သို့ဖြစ်နေခြင်းမျှာဖြစ်ကြောင်းဆိုလာပါတယ်။

အသက်၂၉နှစ်ရှိဘရာဇီးတိုက်စစ်မှူးဟာယခုရာသီတွင်ပီအက်စ်ဂျီရဲ့ပြင်သစ်လီဂူး၁ပွဲလေးပွဲတွင်တစ်နာရီကျော်မျှသာပါဝင်ကစားထားသူဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာရိမ်းစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပွဲချိန်၆၆မိနစ်တွင်ပင်နေမာကိုထုတ်ပြီးကစားသမားသစ်မက်ဆီကိုလူစားထည့်ခဲ့ပါတယ်။

ယင်းနောက်တွင် စပိန်ထိပ်သီးသတင်းစာ AS ကနေမာရဲ့ခန္ဓာကိုယ်အနေအထားမှာကျစ်လစ်ခြင်းမရှိတော့ဘဲပုံစံမကျတော့ကြောင်းဝေဖန်ရေးသားခဲ့ပါတယ်။

နေမာဟာချီလီအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်လည်းကိုယ်အလေးချိန်တက်ကာဖက်တီးဖြစ်နေပြီဆိုပြီးဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမယ့်နေမာက၎င်းမှာပုံမှန်ဝတ်နေတဲ့ M ဆိုဒ်မဝတ်ဘဲ ဆိုဒ် G(Large) ဝတ်ဆင်ထားမှုကြောင့်ဝနေကဲ့သို့ယူဆနေရခြင်းဖြစ်ကြောင်းဖြေရှင်းသွားပါတယ်။

ဒါ့အပြင်၎င်းကနောက်ပွဲများတွင်သူပုံမှန်ဝတ်နေကြ M ဆိုဒ်ကိုသာဝတ်ဆင်ခွင့်တောင်းဆိုသွားမယ်ဆိုပြီးဟာသနှောဆိုသွားပါသေးတယ်။

နေမာဟာနွေရာသီတုန်းကအပန်းဖြေခရီးစဉ်အတွင်းထွက်ပေါ်လာတဲ့ဓာတ်ပုံများကြောင့်ဖက်တီးဖြစ်နေပြီဆိုပြီးတော့ဝေဖန်မှုများကြုံခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

ဖက္တီးျဖစ္ေနၿပီလို႔ ပရိသတ္မ်ားရဲ႕ေဝဖန္မႈကို ေနမာ တုံ႔ျပန္လာ

ေနမာဟာဖက္တီးျဖစ္ေနၿပီလို႔ပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားကိုျပန္လည္တုံ႔ျပန္လာပါတယ္။ေနမာက၎မွာႀကီးမားတဲ့အက်ႌဝတ္ဆင္ထားမႈေၾကာင့္ဝေနသကဲ့သို႔ျဖစ္ေနျခင္းမွ်ာျဖစ္ေၾကာင္းဆိုလာပါတယ္။

အသက္၂၉ႏွစ္ရွိဘရာဇီးတိုက္စစ္မႉးဟာယခုရာသီတြင္ပီအက္စ္ဂ်ီရဲ႕ျပင္သစ္လီဂူး၁ပြဲေလးပြဲတြင္တစ္နာရီေက်ာ္မွ်သာပါဝင္ကစားထားသူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုဟာရိမ္းစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာပြဲခ်ိန္၆၆မိနစ္တြင္ပင္ေနမာကိုထုတ္ၿပီးကစားသမားသစ္မက္ဆီကိုလူစားထည့္ခဲ့ပါတယ္။

ယင္းေနာက္တြင္ စပိန္ထိပ္သီးသတင္းစာ AS ကေနမာရဲ႕ခႏၶာကိုယ္အေနအထားမွာက်စ္လစ္ျခင္းမရွိေတာ့ဘဲပုံစံမက်ေတာ့ေၾကာင္းေဝဖန္ေရးသားခဲ့ပါတယ္။

ေနမာဟာခ်ီလီအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္လည္းကိုယ္အေလးခ်ိန္တက္ကာဖက္တီးျဖစ္ေနၿပီဆိုၿပီးေဝဖန္ခံခဲ့ရပါတယ္။

ဒါေပမယ့္ေနမာက၎မွာပုံမွန္ဝတ္ေနတဲ့ M ဆိုဒ္မဝတ္ဘဲ ဆိုဒ္ G(Large) ဝတ္ဆင္ထားမႈေၾကာင့္ဝေနကဲ့သို႔ယူဆေနရျခင္းျဖစ္ေၾကာင္းေျဖရွင္းသြားပါတယ္။

ဒါ့အျပင္၎ကေနာက္ပြဲမ်ားတြင္သူပုံမွန္ဝတ္ေနၾက M ဆိုဒ္ကိုသာဝတ္ဆင္ခြင့္ေတာင္းဆိုသြားမယ္ဆိုၿပီးဟာသေႏွာဆိုသြားပါေသးတယ္။

ေနမာဟာေႏြရာသီတုန္းကအပန္းေျဖခရီးစဥ္အတြင္းထြက္ေပၚလာတဲ့ဓာတ္ပုံမ်ားေၾကာင့္ဖက္တီးျဖစ္ေနၿပီဆိုၿပီးေတာ့ေဝဖန္မႈမ်ားႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။