ဖက်ဒါးရားရဲ့အင်စတာဂရမ်စံချိန်ကို ရိုက်ချိုးလိုက်တဲ့ ဗီလာစတားအလီရှာလေမန်း

အလီရှာလေမန်းဟာအင်စတာဂရမ်တွင် Follower အများဆုံးဆွစ်ဇာလန်အားကစားသမားဖြစ်လာခဲ့ပါတယ်။အက်စတွန်ဗီလာအမျိုးသမီးအသင်းစတားဟာတင်းနစ်ဂန္ထဝင်ဖက်ဒါးရားကို ကျော်ဖြတ်ပြီးဆွစ်ဇာလန်ရဲ့အင်စတာဂရမ်တွင်ဖော်လိုဝါအများဆုံးအားကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာစတားလေမန်းဟာဖော်လိုဝါ၁၁.၄သန်းဖြင့်ဖက်ဒါးရားရဲ့၁၁.၂သန်းစံချိန်ကိုကျော်ဖြတ်လာခဲ့တာလ ည်းဖြစ်ပါတယ်။

နှစ်ဖက်ချွန်အဖြစ်နာမည်ကြီးတဲ့အလီရှာလေမန်းဟာအင်စတာဂရမ်တွင်ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံများတင်ကာဖော်လိုဝါမြင့်တက်လာခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိအလီရှာလေမန်းဟာဗီလာကွင်းလယ်ကစားသမားဒေါက်ကလပ်စ်လူးဝစ်ဇ်နှင့်ချစ်ကြိုက်ခဲ့ပေမဲ့လည်းဆက်ဆီ ပြက္ခဒိန်ဓာတ်ပုံရိုက်ကူးမှုအတွက်အချင်းများပြီးနောက်လမ်းခွဲခဲ့ကြပါတယ်။

လက်ရှိအချိန်တွင်အင်စတာဂရမ်တွင်ဖော်လိုဝါအများဆုံးအားကစားသမားအဖြစ်ခရစ္စတီယာနိုရော်နယ်ဒိုကဖော်လိုဝါသန်း၅၂၀ဖြင့်ရပ်တည်နေပါတယ်။

ZawGyi





