ဖခင်တာဝန်ပျက်ကွက်လို့ တရားစွဲခံထားရတဲ့ ဘာစီလိုနာစတားဟောင်းစီလစ်ဆင်

ဘာစီလိုနာဂိုးသမားဟောင်းဂျက်စ်ပါစီလစ်ဆင်ဟာသူ့ကလေးဆေးရုံစရိတ်မပေးမှုကြောင့်ချစ်သူဟောင်းရဲ့တရားစွဲဆိုခြင်းခံထားရကြောင်းသိရပါတယ်။

သူဟာစပိန်ကလပ်များတွင်နှစ်အတန်ကြာကစားပြီးနောက်နယ်သာလန်တွင်ပြန်လည်ကစားနေသူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နွေရာသီတုန်းကလူငယ်ကစားသမားဘဝတုန်းကကျင်လည်ခဲ့တဲ့ NEC သို့ပြောင်းရွှေ့ကစားနေပါတယ်။

သူဟာကွင်းပြင်ပတွင်ချစ်သူဟောင်းမာရီယာမိုရန်ရဲ့တရားစွဲဆိုမှုနှင့်ရင်ဆိုင်နေရကြောင်း AS ရဲ့ဖော်ပြမှုအရသိရပါတယ်။

စီလစ်ဆင်ဟာမိုရန်နှင့်အတူရရှိခဲ့တဲ့သမီးလေးအတွက်ဆေးရုံစရိတ် ယူရို၁၂၀၀ ကျော်(ပေါင်၁၀၀၀ဝန်းကျင်)မျှကိုမပေးမှုအတွက်တရားစွဲခံထားရတာဖြစ်ပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့မိုရန်ဟာဖခင်တစ်ဦးရဲ့တာဝန်ပျက်ကွယ်မှုအတွက်စီလစ်ဆင်ကိုတရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင်စီလစ်ဆင်ဘက်ကမိုရန်ရဲ့တရားစွဲဆိုမှုကိုလူသိရှင်ကြားတုံ့ပြန်မှုမရှိသေးပါဘူး။

အသက်၃၁နှစ်ရှိဂိုးသမားဟာဘာစီလိုနာတွင်၂၀၁၆ခုနှစ်မှ၂၀၁၉ခုနှစ်အတွင်းကစားခဲ့သူဖြစ်ပြီးအရန်ဂိုးသမားအဖြစ်သာကစားခွင့်ရရှိခဲ့တာပါ။ယင်းနောက်သူဟာဗလင်စီယာတွင်သုံးရာသီကစားခဲ့ပါတယ်။သူဟာယခင်တုန်းကအေဂျက်စ်အသင်းတွင်ငါးရာသီကစားခဲ့တဲ့သူဖြစ်ပါတယ်။

ZawGyi

ဖခင္တာဝန္ပ်က္ကြက္လို႔ တရားစြဲခံထားရတဲ့ ဘာစီလိုနာစတားေဟာင္းစီလစ္ဆင္

ဘာစီလိုနာဂိုးသမားေဟာင္းဂ်က္စ္ပါစီလစ္ဆင္ဟာသူ႔ကေလးေဆး႐ုံစရိတ္မေပးမႈေၾကာင့္ခ်စ္သူေဟာင္းရဲ႕တရားစြဲဆိုျခင္းခံထားရေၾကာင္းသိရပါတယ္။

သူဟာစပိန္ကလပ္မ်ားတြင္ႏွစ္အတန္ၾကာကစားၿပီးေနာက္နယ္သာလန္တြင္ျပန္လည္ကစားေနသူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကလူငယ္ကစားသမားဘဝတုန္းကက်င္လည္ခဲ့တဲ့ NEC သို႔ေျပာင္းေ႐ႊ႕ကစားေနပါတယ္။

သူဟာကြင္းျပင္ပတြင္ခ်စ္သူေဟာင္းမာရီယာမိုရန္ရဲ႕တရားစြဲဆိုမႈႏွင့္ရင္ဆိုင္ေနရေၾကာင္း AS ရဲ႕ေဖာ္ျပမႈအရသိရပါတယ္။

စီလစ္ဆင္ဟာမိုရန္ႏွင့္အတူရရွိခဲ့တဲ့သမီးေလးအတြက္ေဆး႐ုံစရိတ္ ယူ႐ို၁၂၀၀ ေက်ာ္(ေပါင္၁၀၀၀ဝန္းက်င္)မွ်ကိုမေပးမႈအတြက္တရားစြဲခံထားရတာျဖစ္ပါတယ္။

ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့မိုရန္ဟာဖခင္တစ္ဦးရဲ႕တာဝန္ပ်က္ကြယ္မႈအတြက္စီလစ္ဆင္ကိုတရားစြဲဆိုလိုက္ၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္စီလစ္ဆင္ဘက္ကမိုရန္ရဲ႕တရားစြဲဆိုမႈကိုလူသိရွင္ၾကားတုံ႔ျပန္မႈမရွိေသးပါဘူး။

အသက္၃၁ႏွစ္ရွိဂိုးသမားဟာဘာစီလိုနာတြင္၂၀၁၆ခုႏွစ္မွ၂၀၁၉ခုႏွစ္အတြင္းကစားခဲ့သူျဖစ္ၿပီးအရန္ဂိုးသမားအျဖစ္သာကစားခြင့္ရရွိခဲ့တာပါ။ယင္းေနာက္သူဟာဗလင္စီယာတြင္သုံးရာသီကစားခဲ့ပါတယ္။သူဟာယခင္တုန္းကေအဂ်က္စ္အသင္းတြင္ငါးရာသီကစားခဲ့တဲ့သူျဖစ္ပါတယ္။