ဖခင်နှင့်ဆွေးနွေးပြီးနောက် ခရစ္စတီယန်ဆင်ကို စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီးမျှော်လင့်ချက်ရှိလာ

ချဲလ်ဆီးဟာဗဟိုနောက်ခံလူအင်ဒရေခရစ္စတီယန်ဆင်ကိုစာချုပ်သစ်ချုပ်ဆိုရန်တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ကြောင်းသိရပါတယ်။အသက်၂၅နှစ်ရှိဗဟိုနောက်ခံလူဟာသောမတ်စ်တူချယ်လက်အောက်တွင်ချဲလ်ဆီးရဲ့အဓိကကစားသမားအဖြစ်ကစားခွင့်ရရှိနေပေမယ့်သူ့ရဲ့လက်ရှိစာချုပ်မှာရာသီအကုန်တွင်ကုန်ဆုံးပါမယ်။

ချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီတွင်ခရစ္စတီယန်ဆင်ကိုနှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။

ခရစ္စတီယန်ဆင်ကိုယ်တိုင်ကချဲလ်ဆီးတွင်ဆက်လက်ကစားလိုနေတယ်လို့ယူဆရပါတယ်။ဒါ့အပြင် Football Insider ကချဲလ်ဆီးဟာကစားသမားရဲ့ဖခင်ဖြစ်သူနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်စာချုပ်သစ်ချုပ်ဆိုရန်နီးစပ်လာပြီဖြစ်ကြောင်းသိရပါတယ်။

အစောပိုင်းတုန်းကချဲလ်ဆီးဟာခရစ္စတီယန်ဆင်ကိုလုပ်ခလျှော့ချပြီးစာချုပ်သစ်ကမ်းလှမ်းခဲ့တာဖြစ်ပြီးကစားသမားဘက်ကတစ်ပတ်လုပ်ခပေါင်၁၂၀၀၀၀ရရှိလိုနေခဲ့ပါတယ်။

ယခုအခါချဲလ်ဆီးဘက်ကကစားသမားဘက်ကတောင်းဆိုတဲ့လုပ်ခပေးဖို့မီးစိမ်းပြလာမှုနဲ့အတူအခြားအချက်အလက်များနှင့်ပတ်သက်ပြီးတော့သာ ဆွေးနွေးရတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးမှအက်ဇ်ပီလီကူတာ၊တီယာဂိုဆေးလ်ဗားနှင့်အန်တိုနီယိုရူဒီဂါတို့မှာလည်းယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

ZawGyi

ဖခင္ႏွင့္ေဆြးေႏြးၿပီးေနာက္ ခရစၥတီယန္ဆင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ခ်ဲလ္ဆီးေမွ်ာ္လင့္ခ်က္ရွိလာ

ခ်ဲလ္ဆီးဟာဗဟိုေနာက္ခံလူအင္ဒေရခရစၥတီယန္ဆင္ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။အသက္၂၅ႏွစ္ရွိဗဟိုေနာက္ခံလူဟာေသာမတ္စ္တူခ်ယ္လက္ေအာက္တြင္ခ်ဲလ္ဆီးရဲ႕အဓိကကစားသမားအျဖစ္ကစားခြင့္ရရွိေနေပမယ့္သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာရာသီအကုန္တြင္ကုန္ဆုံးပါမယ္။

ခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မတိုင္မီတြင္ခရစၥတီယန္ဆင္ကိုႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနပါတယ္။

ခရစၥတီယန္ဆင္ကိုယ္တိုင္ကခ်ဲလ္ဆီးတြင္ဆက္လက္ကစားလိုေနတယ္လို႔ယူဆရပါတယ္။ဒါ့အျပင္ Football Insider ကခ်ဲလ္ဆီးဟာကစားသမားရဲ႕ဖခင္ျဖစ္သူႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္နီးစပ္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။

အေစာပိုင္းတုန္းကခ်ဲလ္ဆီးဟာခရစၥတီယန္ဆင္ကိုလုပ္ခေလွ်ာ့ခ်ၿပီးစာခ်ဳပ္သစ္ကမ္းလွမ္းခဲ့တာျဖစ္ၿပီးကစားသမားဘက္ကတစ္ပတ္လုပ္ခေပါင္၁၂၀၀၀၀ရရွိလိုေနခဲ့ပါတယ္။

ယခုအခါခ်ဲလ္ဆီးဘက္ကကစားသမားဘက္ကေတာင္းဆိုတဲ့လုပ္ခေပးဖို႔မီးစိမ္းျပလာမႈနဲ႔အတူအျခားအခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီးေတာ့သာ ေဆြးေႏြးရေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးမွအက္ဇ္ပီလီကူတာ၊တီယာဂိုေဆးလ္ဗားႏွင့္အန္တိုနီယို႐ူဒီဂါတို႔မွာလည္းယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးပါမယ္။