ဖနောင့်ဒဏ်ရာကြောင့် အီတလီစတားစပီနာဇိုလာ တစ်နှစ်အထိနားရနိုင်

အီတလီစတားလီယိုနာဒိုစပီနာဇိုလာဟာမနေ့ညတုန်းကဘယ်လ်ဂျီယံကိုအနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲကွာတားဖိုင်နယ်တွင်ရရှိတဲ့ဖနောင့်ဒဏ်ရာကြောင့်တစ်နှစ်အထိအနားယူရရေဖို့ရှိနေကြောင််းသိရပါတယ်။

အီတလီလက်ရွေးစင်နောက်တန်းအစွန်လူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အီတလီအသင်းနှင့်အတူခြေစွမ်းပြကစားနေသူဖြစ်ပြီးဘယ်လ်ဂျီယံနှင့်ပွဲတွင်လည်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။

မန်စီနီဦးဆောင်တဲ့အီတလီဟာမြူးနစ်မှာဘယ်လ်ဂျီယံကို၂-၁ဂိုးနဲ့အနိုင်ရရှိပြီးဆီမီးဖိုင်နယ်အဆင့်သို့တက်နိုင်ခဲ့ပါတယ်။ဒါပေမယ့်စပီနာဇိုလာကတော့ဒုတိယပိုင်းမှာဒဏ်ရာရရှိကာစပိန်နှင့်ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

စပီနာဇိုလာကိုလူနာတင်ထမ်းစဉ်ဖြင့်ကွင်းပြင်သို့ထုတ်ခဲ့ရပြီး၎င်းမှာနာကျင်လွန်းမှုကြောင့်ငိုယိုနေရာဒဏ်ရာပြင်းထန်တယ်လို့ယူဆရပါတယ်။

အသက်၂၈နှစ်ရှိကစားသမားရဲ့ဖနောင့်ဒဏ်ရာသာအလွန်ပြင်းထန်ပါကတစ်နှစ်အထိအနားယူရဖို့လည်းရှိနေပါတယ်။

ဘယ်လ်ဂျီယံနှင့်ပွဲတွင်အီတလီဟာပထမပိုင်းတွင်ဘာရယ်လာ၊အင်ဆစ်နီတို့ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးပထမပိုင်းပြီးခါနီးမှာဘယ်လ်ဂျီယံကလူကာကူရဲ့ပင်နယ်တီဂိုးနဲ့ချေပဂိုးရရှိခဲ့ပါတယ်။

ZawGyi

ဖေနာင့္ဒဏ္ရာေၾကာင့္ အီတလီစတားစပီနာဇိုလာ တစ္ႏွစ္အထိနားရႏိုင္

အီတလီစတားလီယိုနာဒိုစပီနာဇိုလာဟာမေန႔ညတုန္းကဘယ္လ္ဂ်ီယံကိုအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲကြာတားဖိုင္နယ္တြင္ရရွိတဲ့ဖေနာင့္ဒဏ္ရာေၾကာင့္တစ္ႏွစ္အထိအနားယူရေရဖို႔ရွိေနေၾကာင္္းသိရပါတယ္။

အီတလီလက္ေ႐ြးစင္ေနာက္တန္းအစြန္လူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္အီတလီအသင္းႏွင့္အတူေျခစြမ္းျပကစားေနသူျဖစ္ၿပီးဘယ္လ္ဂ်ီယံႏွင့္ပြဲတြင္လည္းေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

မန္စီနီဦးေဆာင္တဲ့အီတလီဟာျမဴးနစ္မွာဘယ္လ္ဂ်ီယံကို၂-၁ဂိုးနဲ႔အႏိုင္ရရွိၿပီးဆီမီးဖိုင္နယ္အဆင့္သို႔တက္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္စပီနာဇိုလာကေတာ့ဒုတိယပိုင္းမွာဒဏ္ရာရရွိကာစပိန္ႏွင့္ဆီမီးဖိုင္နယ္ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

စပီနာဇိုလာကိုလူနာတင္ထမ္းစဥ္ျဖင့္ကြင္းျပင္သို႔ထုတ္ခဲ့ရၿပီး၎မွာနာက်င္လြန္းမႈေၾကာင့္ငိုယိုေနရာဒဏ္ရာျပင္းထန္တယ္လို႔ယူဆရပါတယ္။

အသက္၂၈ႏွစ္ရွိကစားသမားရဲ႕ဖေနာင့္ဒဏ္ရာသာအလြန္ျပင္းထန္ပါကတစ္ႏွစ္အထိအနားယူရဖို႔လည္းရွိေနပါတယ္။

ဘယ္လ္ဂ်ီယံႏွင့္ပြဲတြင္အီတလီဟာပထမပိုင္းတြင္ဘာရယ္လာ၊အင္ဆစ္နီတို႔ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးပထမပိုင္းၿပီးခါနီးမွာဘယ္လ္ဂ်ီယံကလူကာကူရဲ႕ပင္နယ္တီဂိုးနဲ႔ေခ်ပဂိုးရရွိခဲ့ပါတယ္။