
လီယွန်နယ်မက်ဆီဟာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်နှစ်ပတ်သာလိုတော့တဲ့အချိန်တွင်ဖနောင့်ဒဏ်ရာရရှိခဲ့ပေမဲ့လည်းစိုးရိမ်စရာမရှိကြောင်းသိရပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာဖနောင့်ဒဏ်ရာကြောင့်ယနေ့ညတွင်လိုရီယန့်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့် လီဂူး၁အဝေးကွင်းပွဲစဉ်ကိုလွဲချော်လာပါမယ်။
ဒါပေမဲ့ပီအက်စ်ဂျီက မက်ဆီရဲ့ဖနောင့်ဒဏ်ရာမှာအသေးစားဒဏ်ရာမျှသာဖြစ်ရာလာမယ့်အပတ်တွင်ပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်မှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။
သူဟာလိုရီယန့်ပွဲကိုလွဲမှာဖြစ်ပေမဲ့ကမ္ဘာ့ဖလားမတိုင်မီနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အော်ဇေးနှင့်ပွဲစဉ်မှာတော့ပါဝင်လာဖို့သေချာနေပါတယ်။
မက်ဆီဟာလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုကစားသမားဘဝနောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ်ပါဝင်ကစားလာမှာဖြစ်ပါတယ်။အာဂျင်တီးနားဟာနိုဝင်ဘာလ၂၂ရက်နေ့တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။
ZawGyi
ဖနောင့်ဒဏ်ရာရရှိကာ ယနေ့ည လိုရီယန့်နှင့်ပွဲ လွဲမှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာမရှိတဲ့ မက်ဆီ