ဖမ်းဆီးခံခဲ့ရတဲ့ ကစားသမားအဖြစ် အဲဗာတန်စတားဖေဘီယန်ဒဲလ် မှားယွင်းအမည်တပ်ခံရ

အင်္ဂလန်စတားဖေဘီယန်ဒဲလ်ဟာသက်ငယ်လိင်အကြမ်းဖက်မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့အဲဗာတန်ကစားသမားအဖြစ်မှားယွင်းအမည်တပ်စွပ်စွဲခြင်းခံခဲ့ရပါတယ်။

အဲဗာတန်အသင်းမှအမည်ဖော်ပြထားခြင်းမရှိတဲ့ကစားသမားတစ်ဦးဟာသက်ငယ်လိင်အကြမ်းဖက်မှုဖြင့်ဖမ်းဆီးခြင်းခံခဲ့ရပြီးအာမခံဖြင့်လွတ်မြောက်လာပါတယ်။ကစားသမားရဲ့အမည်ကိုဥပဒေပိုင်းဆိုင်ရာအကြောင်းပြချက်ဖြင့်ဖော်ပြထားခြင်းမရှိပါဘူး။

ဒါပေမယ့်ဆိုရှယ်မီဒီယာအသုံးပြုသူများကဖမ်းဆီးထိန်းသိမ်းခံရသူမှာအသက်၃၁နှစ်ရှိကစားသမားလို့ဖော်ပြထားမှုကြောင့်ဖေဘီယန်ဒဲလ်လို့ယုံကြည်ကာမှားယွင်းကာ Share လုပ်ခဲ့ကြပါတယ်။

အဲဗာတန်အသင်းကယင်းကစားသမားမှာပထမအသင်းကစားသမားလို့လည်းဖော်ပြထားတာကြောင့် အသက်၃၁နှစ်ရှိဒဲလ်လို့ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။ဒါပေမယ့်တကယ်တမ်းမှာသက်ငယ်လိင်အကြမ်းဖက်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူမှာဖေဘီယန်ဒဲလ်မဟုတ်ပါဘူး။

ZawGyi




