ဖရက်နှင့် စကော့မက်တိုမီနေးတို့လောက် မကောင်းတဲ့ ရာဘီယော့ကို ဘာကြောင့် ယူနိုက်တက်ခေါ်ယူချင်သလဲ?

မန်ချက်စတာယူနိုက်တက်ဟာဂျူဗင်တပ်အလယ်တန်းကစားသမားအက်ဒရီယန်ရာဘီယော့ကိုခေါ်ယူရေးကြိုးပမ်းနေကြောင်းသတင်းထွက်နေပါတယ်။

အဲရစ်တန်ဟက်ဟာယခုနွေရာသီမှာပေါလ်ပေါ့ဘာနှင့်နီမင်ဂျာမာတစ်တို့ကိုဆုံးရှုံးခဲ့ရပြီးနောက် ဖရက်နှင့်စကော့မက်တိုမီနေးတို့ကိုသာ ကွင်းလယ်အထိုင်အတွက်အားကိုးနေရမှုကြောင့်ကွင်းလယ်ပိုင်းကိုအားဖြည့်လိုနေပါတယ်။

ဒါပေမဲ့ယနေ့အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့မှတ်တမ်းမှတ်ရာတွေအရအက်ဒရီယန်ရာဘီယော့က ယူနိုက်တက်အတွက်အဖြေတစ်ခုဖြစ်လာဖို့အလှမ်းဝေးနေတာတွေ့ရပါတယ်။

ပြင်သစ်အလယ်တန်းကစားသမားကယူနိုက်တက်မှာရှိနှင့်နေပြီးသားဖြစ်တဲ့ဖရက်၊စကော့မက်တိုမီနေးတို့လောက်တောင်ခြေစွမ်းကောင်းမွန်ခြင်းမရှိတာတွေ့ရပါတယ်။

ရာဘီယော့ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာနှောင်းပိုင်းမှာ၆၆ပွဲကစားထားရပြီးမက်တိုမီနေးထက်၃ပွဲနှင့်ဖရက်ထက်၆ပွဲပိုကစားထားပါတယ်။

ဒါပေမဲ့ဂျူဗင်တပ်အတွက်ရာဘီယော့ရဲ့စွမ်းဆောင်ပေးမှုကဖရက်၊စကော့မက်တိုမီနေးတို့ရဲ့ခြေစွမ်းကိုမမီတာတွေ့ရပါတယ်။

သူဟာယင်းကာလအတွင်းမှာ၄ဂိုးတည်းသာသွင်းထားနိုင်ပြီး ဘရိုက်တန်နှင့်ပွဲမှာပွဲထွက်ခဲ့တဲ့ဖရက်နှင့်စကော့မက်တိုမီနေးတို့နှစ်ဦးထက်တစ်ဂိုးလျှော့ပြီးသွင်းထားပါတယ်။

ဖန်တီးမှုပိုင်းမှာလည်းသူဟာမက်တိုမီနေးထက်၂ကြိမ်သာပိုများပြားပြီးဖရက်ရဲ့ဖန်တီးမှုနှင့်အတူတူဖြစ်ပါတယ်။

အခြားစွမ်းဆောင်ရည်ပိုင်းမှာပီအက်စ်ဂျီကစားသမားဟောင်းဟာဖရက်နှင့်စကော့မက်တိုမီနေးတို့ကိုလိုက်မမီပါဘူး။

သူဟာဂိုးရနိုင်တဲ့ဖန်တီးမှု၃၁ကြိမ်တည်းသာပြုလုပ်ထားကာမက်တိုမီနေးထက်၉ကြိမ်နည်းပါးပြီးဖရက်ထက်၂၂ကြိမ်အထိနည်းပါးပါတယ်။

ဖရက်ဟာ၂၀၂၀ခုနှစ်စက်တင်ဘာလနောက်ပိုင်းမှာဘောလုံးပေးပို့မှုအကြိမ်၇၀၀ကျော်ပိုမိုပြုလုပ်ထားသလို မက်တိုမီနေးကလည်းရာဘီယော့ထက် ပိုများပြားပါတယ်။

ဂျူဗင်တပ်ကစားသမားဟာဘောလုံးထိတွေ့မှုနည်းသလိုပြစ်ဒဏ်ဘောကျူးလွန်မှုကလည်းနည်းပါးပါတယ်။ Possion Won ပိုင်းမှာလည်းစကော့မက်တိုမီနေးနှင့်ဖရက်တို့ကိုလိုက်မမီပါဘူး။

ဒီတော့အဲရစ်တန်ဟက်နှင့်မန်ချက်စတာယူနိုက်တက်အနေနဲ့ ဖရက်၊စကော့မက်တိုမီနေးလောက်တောင်မကောင်းတဲ့ အက်ဒရီယန်ရာဘီယော့ကို ဘာကြောင့်ခေါ်ယူချင်ရသလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။

သူ့ကိုခေါ်ယူလိုက်တဲ့အတွက်ယူနိုက်တက်အတွက်ဘာများထူးထူးခြားခြားပိုကောင်းလာမလဲမေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ZawGyi

ဖရက္ႏွင့္ စေကာ့မက္တိုမီေနးတို႔ေလာက္ မေကာင္းတဲ့ ရာဘီေယာ့ကို ဘာေၾကာင့္ ယူႏိုက္တက္ေခၚယူခ်င္သလဲ?

မန္ခ်က္စတာယူႏိုက္တက္ဟာဂ်ဴဗင္တပ္အလယ္တန္းကစားသမားအက္ဒရီယန္ရာဘီေယာ့ကိုေခၚယူေရးႀကိဳးပမ္းေနေၾကာင္းသတင္းထြက္ေနပါတယ္။

အဲရစ္တန္ဟက္ဟာယခုေႏြရာသီမွာေပါလ္ေပါ့ဘာႏွင့္နီမင္ဂ်ာမာတစ္တို႔ကိုဆုံးရႈံးခဲ့ရၿပီးေနာက္ ဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ကိုသာ ကြင္းလယ္အထိုင္အတြက္အားကိုးေနရမႈေၾကာင့္ကြင္းလယ္ပိုင္းကိုအားျဖည့္လိုေနပါတယ္။

ဒါေပမဲ့ယေန႔အြန္လိုင္းတြင္ထြက္ေပၚလာတဲ့မွတ္တမ္းမွတ္ရာေတြအရအက္ဒရီယန္ရာဘီေယာ့က ယူႏိုက္တက္အတြက္အေျဖတစ္ခုျဖစ္လာဖို႔အလွမ္းေဝးေနတာေတြ႕ရပါတယ္။

ျပင္သစ္အလယ္တန္းကစားသမားကယူႏိုက္တက္မွာရွိႏွင့္ေနၿပီးသားျဖစ္တဲ့ဖရက္၊စေကာ့မက္တိုမီေနးတို႔ေလာက္ေတာင္ေျခစြမ္းေကာင္းမြန္ျခင္းမရွိတာေတြ႕ရပါတယ္။

ရာဘီေယာ့ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာေႏွာင္းပိုင္းမွာ၆၆ပြဲကစားထားရၿပီးမက္တိုမီေနးထက္၃ပြဲႏွင့္ဖရက္ထက္၆ပြဲပိုကစားထားပါတယ္။

ဒါေပမဲ့ဂ်ဴဗင္တပ္အတြက္ရာဘီေယာ့ရဲ႕စြမ္းေဆာင္ေပးမႈကဖရက္၊စေကာ့မက္တိုမီေနးတို႔ရဲ႕ေျခစြမ္းကိုမမီတာေတြ႕ရပါတယ္။

သူဟာယင္းကာလအတြင္းမွာ၄ဂိုးတည္းသာသြင္းထားႏိုင္ၿပီး ဘ႐ိုက္တန္ႏွင့္ပြဲမွာပြဲထြက္ခဲ့တဲ့ဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ႏွစ္ဦးထက္တစ္ဂိုးေလွ်ာ့ၿပီးသြင္းထားပါတယ္။

ဖန္တီးမႈပိုင္းမွာလည္းသူဟာမက္တိုမီေနးထက္၂ႀကိမ္သာပိုမ်ားျပားၿပီးဖရက္ရဲ႕ဖန္တီးမႈႏွင့္အတူတူျဖစ္ပါတယ္။

အျခားစြမ္းေဆာင္ရည္ပိုင္းမွာပီအက္စ္ဂ်ီကစားသမားေဟာင္းဟာဖရက္ႏွင့္စေကာ့မက္တိုမီေနးတို႔ကိုလိုက္မမီပါဘူး။

သူဟာဂိုးရႏိုင္တဲ့ဖန္တီးမႈ၃၁ႀကိမ္တည္းသာျပဳလုပ္ထားကာမက္တိုမီေနးထက္၉ႀကိမ္နည္းပါးၿပီးဖရက္ထက္၂၂ႀကိမ္အထိနည္းပါးပါတယ္။

ဖရက္ဟာ၂၀၂၀ခုႏွစ္စက္တင္ဘာလေနာက္ပိုင္းမွာေဘာလုံးေပးပို႔မႈအႀကိမ္၇၀၀ေက်ာ္ပိုမိုျပဳလုပ္ထားသလို မက္တိုမီေနးကလည္းရာဘီေယာ့ထက္ ပိုမ်ားျပားပါတယ္။

ဂ်ဴဗင္တပ္ကစားသမားဟာေဘာလုံးထိေတြ႕မႈနည္းသလိုျပစ္ဒဏ္ေဘာက်ဴးလြန္မႈကလည္းနည္းပါးပါတယ္။ Possion Won ပိုင္းမွာလည္းစေကာ့မက္တိုမီေနးႏွင့္ဖရက္တို႔ကိုလိုက္မမီပါဘူး။

ဒီေတာ့အဲရစ္တန္ဟက္ႏွင့္မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဖရက္၊စေကာ့မက္တိုမီေနးေလာက္ေတာင္မေကာင္းတဲ့ အက္ဒရီယန္ရာဘီေယာ့ကို ဘာေၾကာင့္ေခၚယူခ်င္ရသလဲဆိုတာေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

သူ႔ကိုေခၚယူလိုက္တဲ့အတြက္ယူႏိုက္တက္အတြက္ဘာမ်ားထူးထူးျခားျခားပိုေကာင္းလာမလဲေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။