
မန်ချက်စတာယူနိုက်တက်ဟာအေစီမီလန်စတားဖရန့်ကက်စီအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။
အသက်၂၄နှစ်ရှိအလယ်တန်းကစားသမားဟာယခုရာသီအကုန်တွင်အေစီမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးဇန်နဝါရီလမှစတင်ကာအီတလီကလပ်မဟုတ်တဲ့အသင်းများနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။
La Gazzetta dello Sport ကမန်ယူဟာကက်စီအားအသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာရဲ့နေရာတွင်အစားထိုးရန်ခေါ်ယူလိုနေကြောင်းဖော်ပြသွားပါတယ်။ကက်စီကဲ့သို့ပင်ပေါလ်ပေါ့ဘာမှာလည်းယခုဘောလုံးရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။
ကက်စီဟာအေစီလန်နှင့်စာချုပ်သက်တမ်းတိုးရေးအတွက်ဆွေးနွေးနေသော်လည်းကစားသမားဘက်မှတစ်နှစ်လုပ်ခယူရို၈သန်းရရှိလိုနေသော်လည်းမီလန်ကဘက်ကတစ်နှစ်လုပ်ခယူရို၆သန်းသာပေးလိုနေပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားရဲ့လုပ်ခတောင်းဆိုမှုမှာမန်ယူအတွက်ပေးရန် အခက်အခဲလုံးဝမရှိပါဘူး။ပေါလ်ပေါ့ဘာဟာမန်ယူမှာတစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ ရရှိနေပြီးကက်စီတောင်းဆိုတဲ့ပမာဏကပေါ့ဘာရဲ့တစ်ဝက်တောင်မရှိပါဘူး။
ကက်စီဟာ၂၀၁၇ခုနှစ်၊ဇွန်လတွင်အတ္တလန္တာမှပြောင်းလာပြီးနောက်မီလန်အတွက်စီးရီးအေပွဲ၁၄၇ပွဲကစားထားပါတယ်။
သူ့ကိုခေါ်ယူဖို့မန်ယူတစ်သင်းတည်းကြိုးပမ်းနေတာမဟုတ်ပါဘူး။စပါးစ်၊လီဗာပူး၊ချဲလ်ဆီးတို့ကလည်းခေါ်ယူရေးစိတ်ဝင်စားနေတာပါ။
ZawGyi
ဖရန့်ကက်စီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် မန်ယူကြိုးပမ်းနေ