ဖရန့်ကက်ဆီအားခေါ်ယူရေး တိုမိုရီကို ချဲလ်ဆီးအလိုက်ပေးကမ်းလှမ်းနိုင်

ချဲလ်ဆီးဟာအေစီမီလန်ကွင်းလယ်ကစားသမားဖရန့်ကက်ဆီအားခေါ်ယူရေးအတွက်ဖီကာယိုတိုမိုရီအား အလိုက်ပေးကမ်းလှမ်းရန်စီစဉ်နေကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိနောက်ခံလူဟာနည်းပြဖရန့်လမ်းပတ်လက်အောက်မှာတုန်းကနေရာမရရှိမှုကြောင့်အေစီမီလန်သို့ ရာသီအကုန်အထိအငှားချခြင်းခံထားရပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုမိုရီဟာအေစီမီလန်သို့ရောက်ပြီးနောက်ချက်ချင်းအထိုင်ကျကာအကောင်းဆုံးကစားလျက် ရှိပြီးအေစီမီလန်အတွက်၅ပွဲကစားထားပြီးဖြစ်ပါတယ်။

အေစီမီလန်ဟာတိုမိုရီအားရာသီအကုန်အထိအငှားဖြင့်ခေါ်ယူတဲ့စာချုပ်တွင်နွေရာသီတွင်ပြောင်းရွှေ့ကြေးယူရို၂၇ သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။

ချဲလ်ဆီးနည်းပြသစ်တူချယ်ဟာအေစီမီလန်ကွင်းလယ်ကစားသမားကက်ဆီကိုခေါ်ယူလိုနေပြီးတိုမိုရီကိုအလိုက် ပေးကမ်းလှမ်းမှုပြုလုပ်လာနိုင်ကြောင်းသိရပါတယ်။

အသက်၂၄နှစ်ရှိအိုင်ဗရီကို့စ်လက်ရွေးစင်ကက်ဆီဟာ၂၀၁၇ခုနှစ်ကတည်းကအေစီမီလန်တွင်ကစားလာခဲ့သူဖြစ်ပြီး သူ့စာချုပ်က၂၀၂၂ခုနှစ်တွင်ကုန်ဆုံးပါမယ်။အေစီမီလန်ဟာသူ့ကိုစာချုပ်သစ်ချုပ်ဆိုရေးကြိုးပမ်းနေပေမယ့်မအောင်မြင်တာကြောင့်နွေရာသီမှာရောင်းချရဖို့ရှိနေပါတယ်။

ယင်းသို့အနေအထားကြောင့်ချဲလ်ဆီးဟာကက်ဆီကိုခေါ်ယူရာမှာတိုမိုရီကိုအလိုက်ပေးပြီးကမ်းလှမ်းမှုပြုလုပ်လာနိုင်ပါတယ်။အေစီမီလန်ဟာကက်ဆီကိုပေါင်၃၅သန်းခန့်ရရှိပါကရောင်းချဖို့ရှိနေပါတယ်။

ZawGyi

ဖရန႔္ကက္ဆီအားေခၚယူေရး တိုမိုရီကို ခ်ဲလ္ဆီးအလိုက္ေပးကမ္းလွမ္းႏိုင္

ခ်ဲလ္ဆီးဟာေအစီမီလန္ကြင္းလယ္ကစားသမားဖရန႔္ကက္ဆီအားေခၚယူေရးအတြက္ဖီကာယိုတိုမိုရီအား အလိုက္ေပးကမ္းလွမ္းရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိေနာက္ခံလူဟာနည္းျပဖရန႔္လမ္းပတ္လက္ေအာက္မွာတုန္းကေနရာမရရွိမႈေၾကာင့္ေအစီမီလန္သို႔ ရာသီအကုန္အထိအငွားခ်ျခင္းခံထားရပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုမိုရီဟာေအစီမီလန္သို႔ေရာက္ၿပီးေနာက္ခ်က္ခ်င္းအထိုင္က်ကာအေကာင္းဆုံးကစားလ်က္ ရွိၿပီးေအစီမီလန္အတြက္၅ပြဲကစားထားၿပီးျဖစ္ပါတယ္။

ေအစီမီလန္ဟာတိုမိုရီအားရာသီအကုန္အထိအငွားျဖင့္ေခၚယူတဲ့စာခ်ဳပ္တြင္ေႏြရာသီတြင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၂၇ သန္းျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။

ခ်ဲလ္ဆီးနည္းျပသစ္တူခ်ယ္ဟာေအစီမီလန္ကြင္းလယ္ကစားသမားကက္ဆီကိုေခၚယူလိုေနၿပီးတိုမိုရီကိုအလိုက္ ေပးကမ္းလွမ္းမႈျပဳလုပ္လာႏိုင္ေၾကာင္းသိရပါတယ္။

အသက္၂၄ႏွစ္ရွိအိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကက္ဆီဟာ၂၀၁၇ခုႏွစ္ကတည္းကေအစီမီလန္တြင္ကစားလာခဲ့သူျဖစ္ၿပီး သူ႔စာခ်ဳပ္က၂၀၂၂ခုႏွစ္တြင္ကုန္ဆုံးပါမယ္။ေအစီမီလန္ဟာသူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးႀကိဳးပမ္းေနေပမယ့္မေအာင္ျမင္တာေၾကာင့္ေႏြရာသီမွာေရာင္းခ်ရဖို႔ရွိေနပါတယ္။

ယင္းသို႔အေနအထားေၾကာင့္ခ်ဲလ္ဆီးဟာကက္ဆီကိုေခၚယူရာမွာတိုမိုရီကိုအလိုက္ေပးၿပီးကမ္းလွမ္းမႈျပဳလုပ္လာႏိုင္ပါတယ္။ေအစီမီလန္ဟာကက္ဆီကိုေပါင္၃၅သန္းခန႔္ရရွိပါကေရာင္းခ်ဖို႔ရွိေနပါတယ္။