ဖရန့်ဖတ်ကို အနိုင်ရရှိကာ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပါက ဆုကြေးအမြောက်အမြားရရှိလာမယ့် ရိန်းဂျား

ရိန်းဂျားဟာယနေ့ညယူရိုပါလိဂ်ဗိုလ်လုပွဲတွင်အနိုင်ရဗိုလ်စွဲပါကဆုကြေးငွေယူရိုသန်း၄၀အထိရရှိလာဖို့ရှိနေပါတယ်။

ဂျီယိုဗန်နီဘရွန်ခရော့စ်ရဲ့အသင်းဟာယနေ့တွင်ဆဗီးလ်ရှိRamon Sanchez-Pizjuan Stadium တွင်ဖရန့်ဖတ်နှင့်ရင်ဆိုင်ကစားရပါမယ်။

The Mirror ရဲ့ဖော်ပြချက်အရရိန်းဂျားဟာဗိုလ်လုပွဲသို့တက်ရောက်လာရာလမ်းတွင်ဒေါ့မွန်၊ရက်စတားဘဲလ်ဂရိတ်၊ဘရာဂါနှင့်ရက်ဘူးလ်လိုက်ဇစ်တို့ကိုအနိုင်ယူကာကျော်ဖြတ်လာပြီးနောက်ဆုကြေးငွေယူရို၂၂.၆သန်းရရှိထားပြီးလည်းဖြစ်ပါတယ်။

စကော့တလန်ထိပ်သီးကလပ်ဟာဖရန့်ဖတ်ကိုအနိုင်ရရှိကာယူရိုပါလိဂ်ချန်ပီယံဖြစ်ပါကဆုကြေးငွေယူရို၄သန်း(ပေါင်၃.၄သန်း)ရရှိလာပါမယ်။

ရိန်းဂျားဟာလာမယ့်ရာသီတွင်ရီးရဲလ်မက်ဒရစ်(သို့မဟုတ်)လီဗာပူးနှင့်ကစားရမယ့်ဥရောပစူပါဖလားအတွက်ယူရို၃.၅သန်း(ပေါင်၃သန်း)ရရှိပါမယ်။၎င်းတို့ဟာဥရောပစူပါဖလားဆွတ်ခူးလျှင်ယူရို၁သန်း(ပေါင်၈၄၀၀၀၀)ရရှိလာပါဦးမယ်။

ရိန်းဂျားဟာဖရန့်ဖတ်ကိုအနိုင်ရရှိကာယူရိုပါလိဂ်ချန်ပီယံဖြစ်ပါကလာမယ့်ရာသီတွင်ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိပါမယ်။၎င်းတို့ဟာချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုကြောင့်ယူရို၁၅.၆သန်း(ပေါင်၁၃.၁သန်း)ရရှိပါဦးမယ်။

ရိန်းဂျားဟာချန်ပီယံလိဂ်တွင်အုပ်စုပွဲတစ်ပွဲနိုင်လျှင်ယူရို၂.၈သန်း(ပေါင်၂.၃သန်း)နှုန်းရရှိလာပါဦးမယ်။

ဒါ့အပြင်ရိန်းဂျားဟာယခုရာသီယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းတိုင်းအချိုးကျခွဲဝေရရှိလာဦးမယ့်ရုပ်သံလွှင့်ခငွေ ယူရို၁.၉.၅သန်း(ယူရို၁၁၇.၂သန်း)ရရှိပါဦးမယ်။

တဖက်တွင်ရိန်းဂျားလာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုကြောင့်ရုပ်သံလွှင့်ခယူရိုသန်း၃၀၀(ပေါင်၂၅၂သန်း)မှအချိုးကျခံစားခွင့်ရလာပါဦးမယ်။

ဒါကြောင့်လည်းပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်တုန်းကယူရို၂.၆၁သန်းသာအသုံးပြုခဲ့တဲ့ရိန်းဂျားဟာနွေရာသီတွင်ကစားသမားခေါ်ယူအားဖြည့်ရေးအသုံးစရိတ်များစွာအသုံးပြုလာနိုင်ပါမယ်။

ရိန်းဂျားပရိသတ်များဟာယနေ့ညပွဲအတွက်လက်မှတ်ခွဲတမ်းအနည်းငယ်သာရရှိထားပေမဲ့လည်းပရိသတ်၈၀၀၀၀အထိဆဗီးလ်သို့သွားရောက်အားပေးကြပါမယ်။

Zawgyi





စကော့တလန်ထိပ်သီးကလပ်ဟာဖရန့်ဖတ်ကိုအနိုင်ရရှိကာယူရိုပါလိဂ်ချန်ပီယံဖြစ်ပါကဆုကြေးငွေယူရို၎သန်း(ပေါင်၃.၄သန်း)ရရှိလာပါမယ်။






