ဖရန့်ရီဘာရီကို တိကျသေချာတဲ့ ဘောလုံးဖျက်ထုတ်မှုပြုလုပ်မှုအတွက် ချဲလ်ဆီးအငှားစတားအမ်ပါဒူ အနီကတ်ပြသခံခဲ့ရ

အီသန်အမ်ပါဒူဟာအင်္ဂါနေ့တုန်းကဆာလာနီတာနာနှင့်ရင်ဆိုင်ကစားရတဲ့ ဗီနီဇီယာနှင့်စီးရီးအေပွဲစဉ်တွင် အလွန်အငြင်းပွားစရာကောင်းတဲ့အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

အသက်၂၁နှစ်ရှိဝေးလ်လက်ရွေးစင်ဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့နွေရာသီတုန်းကချဲလ်ဆီးမှစီးရီးအေကလပ်သို့တစ်ရာသီအငှားဖြင့်ရောက်လာသူဖြစ်ပါတယ်။

သူဟာအင်္ဂါနေ့တုန်းကပွဲစဉ်တွင်သူ့ရဲ့စတုတ္ထမြောက်လိဂ်ပွဲအဖြစ် လူစားဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာတစ်ဂိုးစီသရေကျနေတဲ့ဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပြီးဝင်ကစားပြီး၇မိနစ်အကြာတွင်ပင်ဒိုင်လူကြီးရဲ့အငြင်းပွားစရာကောင်းတဲ့အနီကတ်ပြသခြင်းခံခဲ့ရတာပါ။

သူဟာသူ့ဆီကိုကစားဖော်ကပေးပို့လာတဲ့ဘောလုံးကိုဆုံးရှုံးရနိုင်တဲ့အခြေအနေကြောင့်အလွန်တိကျသေသပ်ပြီးရှင်းလင်းတဲ့ဘောလုံးဖျက်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ပြိုင်ဘက်ကစားသမားဖရန့်ရီဘာရီဟာအော်စကာရလောက်အောင်သရုပ်ဆောင်ချက်မျိုးဖြင့်ကွင်းထဲမှာလူးလိမ့်နေခဲ့ပါတယ်။

ဒိုင်လူကြီးဟာပွဲကိုချက်ချင်းရပ်ကိုအမ်ပါဒူကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

အမ်ပါဒူအထုတ်ခံရမှုနဲ့အတူတစ်ယောက်အလျှော့နဲ့ကစားခဲ့ရတဲ့ဗီနီဇီယာဟာနောက်ကျအနိုင်ဂိုးပေးခဲ့ရပြီး၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi








