ဖရန့်လမ်းပတ်ကို စတီဗင်ဂျရတ်သီချင်းဖြင့် လှောင်ပြောင်ခဲ့ကြတဲ့ စပါးစ်ပရိသတ်များ

ဖရန့်လမ်းပတ်ဟာမနေ့ညတုန်းကစပါးစ်ကိုအရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်မှာစပါးစ်ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ကြုံခဲ့ရပါတယ်။

အသက်၄၃နှစ်ရှိဖရန့်လမ်းပတ်ဟာချဲလ်ဆီးနှင့်အတူကစားသမား၊နည်းပြအဖြစ်စပါးစ်နှင့်ရင်ဆိုင်ခဲ့ရာမှာနိုင်ပွဲများရယူနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူဟာအဲဗာတန်နည်းပြအဖြစ်စပါးစ်ကိုရင်ဆိုင်ရတဲ့ပထမဆုံးပွဲမှာတော့၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ယင်းပွဲစဉ်အတွင်းတွင်ဖရန့်လမ်းပတ်ဟာအိမ်ရှင်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

စပါးစ်ပရိသတ်များဟာ လမ်းပတ်ကိုရည်ရွယ်ပြီး “မင်းကစတီဗင်ဂျရတ်ရဲ့ချီး”လို့အော်ဟစ်ခဲ့သလို အချို့ကလည်း “မနက်ကျရင်မင်းအထုတ်ခံရပြီ”လို့အော်ဟစ်ခဲ့ကြပါတယ်။

မနေ့ညတုန်းကပွဲစဉ်တွင်စပါးစ်အတွက်ဂိုးများကိုဟယ်ရီကိန်းက၂ဂိုး၊ဆန်ဟောင်မင်နှင့်ရီဂူလွန်တို့ကတစ်ဂိုးစီနှင့်မိုက်ကယ်ကိန်း(OG)တို့သွင်းယူခဲ့ကြပါတယ်။

စပါးစ်ဟာအဲဗာတန်နိုင်ပွဲကြောင့်အဆင့်၄နေရာမှအာဆင်နယ်နှင့်ရမှတ်၃မှတ်အကွာအဆင့်၇နေရာတွင်ရပ်တည်နေပြီးအဲဗာတန်ကတော့တန်းဆင်းဇုန်နှင့်ရမှတ်၁မှတ်အကွာသို့ရောက်နေပါတယ်။

ZawGyi

ဖရန႔္လမ္းပတ္ကို စတီဗင္ဂ်ရတ္သီခ်င္းျဖင့္ ေလွာင္ေျပာင္ခဲ့ၾကတဲ့ စပါးစ္ပရိသတ္မ်ား

ဖရန႔္လမ္းပတ္ဟာမေန႔ညတုန္းကစပါးစ္ကိုအရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္မွာစပါးစ္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။

အသက္၄၃ႏွစ္ရွိဖရန႔္လမ္းပတ္ဟာခ်ဲလ္ဆီးႏွင့္အတူကစားသမား၊နည္းျပအျဖစ္စပါးစ္ႏွင့္ရင္ဆိုင္ခဲ့ရာမွာႏိုင္ပြဲမ်ားရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ဒါေပမဲ့သူဟာအဲဗာတန္နည္းျပအျဖစ္စပါးစ္ကိုရင္ဆိုင္ရတဲ့ပထမဆုံးပြဲမွာေတာ့၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

ယင္းပြဲစဥ္အတြင္းတြင္ဖရန႔္လမ္းပတ္ဟာအိမ္ရွင္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

စပါးစ္ပရိသတ္မ်ားဟာ လမ္းပတ္ကိုရည္႐ြယ္ၿပီး “မင္းကစတီဗင္ဂ်ရတ္ရဲ႕ခ်ီး”လို႔ေအာ္ဟစ္ခဲ့သလို အခ်ိဳ႕ကလည္း “မနက္က်ရင္မင္းအထုတ္ခံရၿပီ”လို႔ေအာ္ဟစ္ခဲ့ၾကပါတယ္။

မေန႔ညတုန္းကပြဲစဥ္တြင္စပါးစ္အတြက္ဂိုးမ်ားကိုဟယ္ရီကိန္းက၂ဂိုး၊ဆန္ေဟာင္မင္ႏွင့္ရီဂူလြန္တို႔ကတစ္ဂိုးစီႏွင့္မိုက္ကယ္ကိန္း(OG)တို႔သြင္းယူခဲ့ၾကပါတယ္။

စပါးစ္ဟာအဲဗာတန္ႏိုင္ပြဲေၾကာင့္အဆင့္၄ေနရာမွအာဆင္နယ္ႏွင့္ရမွတ္၃မွတ္အကြာအဆင့္၇ေနရာတြင္ရပ္တည္ေနၿပီးအဲဗာတန္ကေတာ့တန္းဆင္းဇုန္ႏွင့္ရမွတ္၁မွတ္အကြာသို႔ေရာက္ေနပါတယ္။