ဖရန်ကီဒီဂျောင်အပြောင်းအရွှေ့အပြီးသတ်နိုင်ရေးအတွက် ဘာစီလိုနာသို့ ယူနိုက်တက်အကြီးအကဲများရောက်နေ

မန်ချက်စတာယူနိုက်တက်အကြီးအကဲများဟာဖရန်ကီဒီဂျောင်အပြောင်းအရွှေ့အပြီးသတ်နိုင်ရေးအတွက်ဘာစီလိုနာသို့ရောက်နေပါတယ်။

ယူနိုက်တက်စီအီးအိုရစ်ချက်အာနိုးနှင့်ဘောလုံးဒါရိုက်တာဂျွန်မော်တပ်ခ်တို့ဟာတနင်္လာနေ့ကတည်းက ဘာစီလိုနာသို့ရောက်နေကြတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာအသက်၂၅နှစ်ရှိဒတ်ချ်ကွင်းလယ်ကစားသမားအားခေါ်ယူရန်ဘာစီလိုနာနှင့်ပေါင်၅၅သန်းဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ဖရန်ကီဒီဂျောင်မှာဘာစီလိုနာထံတွင်လုပ်ခကြွေးကျန်များရရှိရန်ကျန်နေသေးမှုနဲ့အတူ အပြောင်းအရွှေ့အပြီးသတ်ရေးခက်ခဲနေပါတယ်။ဒီဂျောင်ဟာကိုဗစ်ကာလအတွင်းတွင်လုပ်ခလျှော့ယူရန်သဘောတူညီခဲ့ပြီး ဘာစီလိုနာထံမှကြွေးမြီပေါင်၂၄သန်းရရန်ရှိနေပါတယ်။

ဘာစီလိုနာဟာယင်းကြွေးမြီများကို ယူနိုက်တက်ဘက်ကပေးစေလိုနေပြီး ယူနိုက်တက်တော့ပေးရန်ငြင်းပယ်ထားပါတယ်။

ယူနိုက်တက်ဟာယခုနွေရာသီတွင်အဲရစ်တန်ဟက်အတွက်ဘယ်နောက်ခံလူတိုင်ရဲလ်မာလာစီယာတစ်ဦးတည်းကိုသာခေါ်ဆောင်ပေးထားနိုင်ပါသေးတယ်။

ဒါပေမဲ့လက်ရှိအခြေအနေအရယူနိုက်တက်ဟာမဝေးတော့တဲ့ကာလအတွင်းမှာဖရန်ကီဒီဂျောင်ကိုခေါ်ယူရေးအပြီးသတ်လာနိုင်ဖို့ရှိနေပါတယ်။

ZawGyi

ဖရန္ကီဒီေဂ်ာင္အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ေရးအတြက္ ဘာစီလိုနာသို႔ ယူႏိုက္တက္အႀကီးအကဲမ်ားေရာက္ေန

မန္ခ်က္စတာယူႏိုက္တက္အႀကီးအကဲမ်ားဟာဖရန္ကီဒီေဂ်ာင္အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ေရးအတြက္ဘာစီလိုနာသို႔ေရာက္ေနပါတယ္။

ယူႏိုက္တက္စီအီးအိုရစ္ခ်က္အာႏိုးႏွင့္ေဘာလုံးဒါ႐ိုက္တာဂြၽန္ေမာ္တပ္ခ္တို႔ဟာတနလၤာေန႔ကတည္းက ဘာစီလိုနာသို႔ေရာက္ေနၾကတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာအသက္၂၅ႏွစ္ရွိဒတ္ခ်္ကြင္းလယ္ကစားသမားအားေခၚယူရန္ဘာစီလိုနာႏွင့္ေပါင္၅၅သန္းျဖင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

ဒါေပမဲ့ဖရန္ကီဒီေဂ်ာင္မွာဘာစီလိုနာထံတြင္လုပ္ခေႂကြးက်န္မ်ားရရွိရန္က်န္ေနေသးမႈနဲ႔အတူ အေျပာင္းအေ႐ႊ႕အၿပီးသတ္ေရးခက္ခဲေနပါတယ္။ဒီေဂ်ာင္ဟာကိုဗစ္ကာလအတြင္းတြင္လုပ္ခေလွ်ာ့ယူရန္သေဘာတူညီခဲ့ၿပီး ဘာစီလိုနာထံမွေႂကြးၿမီေပါင္၂၄သန္းရရန္ရွိေနပါတယ္။

ဘာစီလိုနာဟာယင္းေႂကြးၿမီမ်ားကို ယူႏိုက္တက္ဘက္ကေပးေစလိုေနၿပီး ယူႏိုက္တက္ေတာ့ေပးရန္ျငင္းပယ္ထားပါတယ္။

ယူႏိုက္တက္ဟာယခုေႏြရာသီတြင္အဲရစ္တန္ဟက္အတြက္ဘယ္ေနာက္ခံလူတိုင္ရဲလ္မာလာစီယာတစ္ဦးတည္းကိုသာေခၚေဆာင္ေပးထားႏိုင္ပါေသးတယ္။

ဒါေပမဲ့လက္ရွိအေျခအေနအရယူႏိုက္တက္ဟာမေဝးေတာ့တဲ့ကာလအတြင္းမွာဖရန္ကီဒီေဂ်ာင္ကိုေခၚယူေရးအၿပီးသတ္လာႏိုင္ဖို႔ရွိေနပါတယ္။