ဖရီးကစ်လေ့ကျင့်ခန်းကို ရိုဘော့နှင့် ပြုလုပ်နေတဲ့ ဘိုင်ယန်မြူးနစ် လှောင်ပြောင်ခံနေရ

ဘိုင်ယန်မြူးနစ်အသင်းဟာလေ့ကျင့်ရေးကွင်းတွင်ဖရီးကစ်လေ့ကျင့်မှုပြုလုပ်ရာတွင်ရိုဘော့အသုံးပြုလေ့ကျင့်နေပါတယ်။

ဘိုင်ယန်မြူးနစ်စတားဂျိုရှာကမ်မစ်ချ်ကဘိုင်ယန်မြူးနစ်ရဲ့လေ့ကျင့်ရေးကွင်းတွင်ရိုဘော့ဖြင့်ဖရီးကစ်လေ့ကျင့်မှုအားဗီဒီယိုရိုက်ကူးကာတင်ကာပရိသတ်များကိုအသိပေးလာပါတယ်။

ကမ်မစ်ချ်ရဲ့ဗီဒီယိုဖိုင်အရဂျာမနီကစားသမားကဖရီးကစ်ကန်လိုက်တဲ့အချိန်တွင် အနက်ရောက်ရောင်စက်အပြားငါးပြားကထခုန်သွားတာတွေ့ရပါတယ်။

ဒါပေမဲ့ကမ်မစ်ချ်ရဲ့ဖရီးကစ်ဟာတံတိုင်းကိုကျော်ပြီးဂိုးသမားအတွက်အခွင့်အရေးမရှိဘဲဂိုးဝင်သွားခဲ့ပါတယ်။

ကမ်မစ်ချ်ဟာဖရီးကစ်ကိုဝင်အောင်ကန်နိုင်လို့ချီးကျူးခံရမှာဖြစ်ပေမဲ့လည်းတကယ်တမ်းမှာတော့ပရိသတ်များရဲ့လှောင်ပြောင်မှုသာခံနေရပါတယ်။

အထူးသဖြင့်ဘိုင်ယန်မြူးနစ်ဟာယခုရာသီမှာဖရီးကစ်ကနေတစ်ဂိုးမျှမသွင်းနိုင်သေးမှုနဲ့အတူလှောင်ပြောင်ခြင်းခံနေရတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “လေ့ကျင့်ရေးကွင်းမှာတော့သွင်းတယ်၊ပွဲကျတော့တစ်ဂိုးမျှတောင်မသွင်းနိုင်ဘူး”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ပွဲကျတော့ဒါမျိုးသူဘာလို့မလုပ်နိုင်တာပါလိမ့်”လို့ဆိုသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးပထမဆုံးပွဲအဖြစ်ယနေ့ညတွင် တတိယနေရာမှလိုက်ဇစ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

ဖရီးကစ္ေလ့က်င့္ခန္းကို ႐ိုေဘာ့ႏွင့္ ျပဳလုပ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ ေလွာင္ေျပာင္ခံေနရ

ဘိုင္ယန္ျမဴးနစ္အသင္းဟာေလ့က်င့္ေရးကြင္းတြင္ဖရီးကစ္ေလ့က်င့္မႈျပဳလုပ္ရာတြင္႐ိုေဘာ့အသုံးျပဳေလ့က်င့္ေနပါတယ္။

ဘိုင္ယန္ျမဴးနစ္စတားဂ်ိဳရွာကမ္မစ္ခ်္ကဘိုင္ယန္ျမဴးနစ္ရဲ႕ေလ့က်င့္ေရးကြင္းတြင္႐ိုေဘာ့ျဖင့္ဖရီးကစ္ေလ့က်င့္မႈအားဗီဒီယို႐ိုက္ကူးကာတင္ကာပရိသတ္မ်ားကိုအသိေပးလာပါတယ္။

ကမ္မစ္ခ်္ရဲ႕ဗီဒီယိုဖိုင္အရဂ်ာမနီကစားသမားကဖရီးကစ္ကန္လိုက္တဲ့အခ်ိန္တြင္ အနက္ေရာက္ေရာင္စက္အျပားငါးျပားကထခုန္သြားတာေတြ႕ရပါတယ္။

ဒါေပမဲ့ကမ္မစ္ခ်္ရဲ႕ဖရီးကစ္ဟာတံတိုင္းကိုေက်ာ္ၿပီးဂိုးသမားအတြက္အခြင့္အေရးမရွိဘဲဂိုးဝင္သြားခဲ့ပါတယ္။

ကမ္မစ္ခ်္ဟာဖရီးကစ္ကိုဝင္ေအာင္ကန္ႏိုင္လို႔ခ်ီးက်ဴးခံရမွာျဖစ္ေပမဲ့လည္းတကယ္တမ္းမွာေတာ့ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈသာခံေနရပါတယ္။

အထူးသျဖင့္ဘိုင္ယန္ျမဴးနစ္ဟာယခုရာသီမွာဖရီးကစ္ကေနတစ္ဂိုးမွ်မသြင္းႏိုင္ေသးမႈနဲ႔အတူေလွာင္ေျပာင္ျခင္းခံေနရတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ေလ့က်င့္ေရးကြင္းမွာေတာ့သြင္းတယ္၊ပြဲက်ေတာ့တစ္ဂိုးမွ်ေတာင္မသြင္းႏိုင္ဘူး”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ပြဲက်ေတာ့ဒါမ်ိဳးသူဘာလို႔မလုပ္ႏိုင္တာပါလိမ့္”လို႔ဆိုသြားပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးပထမဆုံးပြဲအျဖစ္ယေန႔ညတြင္ တတိယေနရာမွလိုက္ဇစ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။