ဖရီးကစ်လေ့ကျင့်ခန်းဆင်းစဉ် ကြွက်သားဒဏ်ရာရရှိကာ သုံးပတ်ခန့် အနားရဦးမဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာ ဂျူဗင်တပ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင် ဖရီးကစ်လေ့ကျင့်ခန်းပြုလုပ်နေစဉ် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၃ ပတ်ကြာ အနားယူရဦးမည်ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၉ နှစ်ရှိ ပေါလ်ပေါ့ဘာဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ထွက်ခွာလာပြီးနောက် ဂျူဗင်တပ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အမေရိကန်ရာသီကြိုခြေစမ်းပွဲခရီးစဉ်အတွင်း ဒူးအရွတ်ဒဏ်ရာရရှိကာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့လကမှ ပြန်လည် ကစားနိုင်ခဲ့ပါတယ်။

သူဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက တိုရီနိုကို ၄-၂ ဂိုးဖြင့် အနိုင်ရတဲ့ ဒါဘီပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားကာ ဂျူဗင်တပ်အတွက် ပထမဆုံးပွဲအဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ လေ့ကျင့်ခန်းအစီအစဉ်တွင် ကြွက်သားဒဏ်ရာထပ်မံ ရရှိသွားမှုနှင့်အတူ နောက်ထပ် အနားယူရတော့မှာ ဖြစ်ပါတယ်။

ပေါလ်ပေါ့ဘာဟာ ဇွန်လတုန်းက ဂျူဗင်တပ်သို့ ပြန်လည်ပြောင်းရွှေ့လာပြီးနောက် စုစုပေါင်း ၃၃ ပွဲချော်လာခဲ့သူဖြစ်ပါတယ်။

ယခုအခါ သူဟာ ကြွက်သားဒဏ်ရာကြောင့် နောက်ထပ် ရက် ၂၀ မှ ရက် ၃၀ အတွင်း အနားယူရဦးမည်ဖြစ်ကြောင်း Pazzi Di Fanta က ဖော်ပြသွားပါတယ်။

ဒါ့အပြင် Tuttosport ကလည်း ပေါလ်ပေါ့ဘာဟာ စည်းကမ်းပျက်ကွက်မှု ပြဿနာကြောင့် ဖရိုင်းဘတ်နှင့် ရင်ဆိုင်ကစားရမဲ့ ပွဲမတိုင်မီ ဂျူဗင်တပ်အသင်းမှ ဖယ်ရှားခြင်းခံခဲ့ရကြောင်း သိရပါတယ်။

သူဟာ ကြာသပတေးနေ့ ဖရိုင်းဘတ်နှင့်ပွဲမတိုင်မီ ပြုလုပ်တဲ့ အသင်းရဲ့ ညစာအတူစားပွဲသို့ နောက်ကျပြီးမှ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ZawGyi

ဖရီးကစ္ေလ့က်င့္ခန္းဆင္းစဥ္ ႂကြက္သားဒဏ္ရာရရွိကာ သုံးပတ္ခန႔္ အနားရဦးမဲ့ ေပါလ္ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာ ဂ်ဴဗင္တပ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္တြင္ ဖရီးကစ္ေလ့က်င့္ခန္းျပဳလုပ္ေနစဥ္ ႂကြက္သားဒဏ္ရာရရွိခဲ့ၿပီး အနည္းဆုံး ၃ ပတ္ၾကာ အနားယူရဦးမည္ျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၂၉ ႏွစ္ရွိ ေပါလ္ေပါ့ဘာဟာ ေႏြရာသီတုန္းက ယူႏိုက္တက္မွ ထြက္ခြာလာၿပီးေနာက္ ဂ်ဴဗင္တပ္သို႔ ၄ ႏွစ္စာခ်ဳပ္ျဖင့္ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ အေမရိကန္ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အတြင္း ဒူးအ႐ြတ္ဒဏ္ရာရရွိကာ အနားယူခဲ့ရၿပီး ၿပီးခဲ့တဲ့လကမွ ျပန္လည္ ကစားႏိုင္ခဲ့ပါတယ္။

သူဟာ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔တုန္းက တိုရီႏိုကို ၄-၂ ဂိုးျဖင့္ အႏိုင္ရတဲ့ ဒါဘီပြဲတြင္ အရန္အျဖစ္ ဝင္ေရာက္ကစားကာ ဂ်ဴဗင္တပ္အတြက္ ပထမဆုံးပြဲအျဖစ္ ဝင္ေရာက္ကစားခဲ့ပါတယ္။

ဒါေပမဲ့ သူဟာ ေလ့က်င့္ခန္းအစီအစဥ္တြင္ ႂကြက္သားဒဏ္ရာထပ္မံ ရရွိသြားမႈႏွင့္အတူ ေနာက္ထပ္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။

ေပါလ္ေပါ့ဘာဟာ ဇြန္လတုန္းက ဂ်ဴဗင္တပ္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ စုစုေပါင္း ၃၃ ပြဲေခ်ာ္လာခဲ့သူျဖစ္ပါတယ္။

ယခုအခါ သူဟာ ႂကြက္သားဒဏ္ရာေၾကာင့္ ေနာက္ထပ္ ရက္ ၂၀ မွ ရက္ ၃၀ အတြင္း အနားယူရဦးမည္ျဖစ္ေၾကာင္း Pazzi Di Fanta က ေဖာ္ျပသြားပါတယ္။

ဒါ့အျပင္ Tuttosport ကလည္း ေပါလ္ေပါ့ဘာဟာ စည္းကမ္းပ်က္ကြက္မႈ ျပႆနာေၾကာင့္ ဖ႐ိုင္းဘတ္ႏွင့္ ရင္ဆိုင္ကစားရမဲ့ ပြဲမတိုင္မီ ဂ်ဴဗင္တပ္အသင္းမွ ဖယ္ရွားျခင္းခံခဲ့ရေၾကာင္း သိရပါတယ္။

သူဟာ ၾကာသပေတးေန႔ ဖ႐ိုင္းဘတ္ႏွင့္ပြဲမတိုင္မီ ျပဳလုပ္တဲ့ အသင္းရဲ႕ ညစာအတူစားပြဲသို႔ ေနာက္က်ၿပီးမွ ေရာက္လာခဲ့တာလည္း ျဖစ္ပါတယ္။