ဖရီးကစ်အား ကာကွယ်စဉ် ဘောင်းဘီချွတ်ကာ ငယ်ပါ ထုတ်ပြပြီး ပုံမှန်မဟုတ်တဲ့ နည်းဗျူဟာသုံးခဲ့တဲ့ ကစားသမား

ကိုလံဘီယာကစားသမားဟာပြိုင်ဘက်အသင်းရဲ့ဖရီးကစ်ကိုကာကွယ်စဉ် ဘောင်းဘီချွတ်ပြီးငယ်ပါထုတ်ပြကာ ပုံမှန်မဟုတ်တဲ့နည်းဗျူဟာကိုအသုံးပြုခဲ့ပါတယ်။

ဆန်တီဖီနောက်ခံလူဂိုင်ဆင်ပီရီယာဟာတနင်္လာနေ့တုန်းကဂျာဂူရက်စ်နှင့်ရင်ဆိုင်ကစားရတဲ့ ကိုလံဘီယာပထမတန်းလိဂ်ပွဲစဉ်တွင်သူ့ရဲ့ပစ္စည်းကိုထုတ်ပြပြီးအသင်းကိုကူညီခဲ့တာလည်းဖြစ်ပါတယ်။

ပွဲအစပိုင်းတွင် ဂျာဂူယက်စ်အသင်း ဖရီးကစ်ရရှိသွားပြီးနောက် ပီရီယာဟာကစားဖော် ဗီလာ၊ဝက်စ်ဟမ်းနှင့်ဝက်ဖို့ဒ်အလယ်တန်းကစားသမားဟောင်းကားလို့စ်ဆန်းချက်ဇ်နှင့်အတူ ဖရီးကစ်ကိုကာကွယ်ရန် Wall စီခဲ့ပါတယ်။

သူဟာဘေးနားတွင်ဒိုင်လူကြီးမတ်တပ်ရပ်နေပေမဲ့လည်း ရယ်စရာကောင်းလောက်အောင်ဘောင်းဘီချွတ်ပြီးသူ့ပစ္စည်းကိုဆွဲထုတ်ပြကာ ဖရီးကစ်ကန်မယ့်ပြိုင်ဘက်ကစားသမားကိုအနှောက်အယှက်ပေးခဲ့ပါတယ်။

အဆိုပါပွဲအဖြစ်အပျက်ဖြစ်ပျက်ချိန်တွင်ပွဲအစ၄မိနစ်သာရှိပြီးဂိုးမရှိသရေကျနေတဲ့အချိန်ဖြစ်ပါတယ်။

ကံကောင်းတာကတော့ဒိုင်လူကြီးတွေဟာပီရီယာရဲ့လုပ်ရပ်ကိုမမြင်တွေ့လိုက်ပါဘူး။ဒါကြောင့်လည်းသူဟာကွင်းအတွင်းမှာတစုံတရာအရေးယူခြင်းမခံခဲ့ရပါဘူး။

ဒါပေမဲ့သူ့လုပ်ရပ်အားလုံးကိုရုပ်သံကိုမိမိရရရိုက်ကူးမိသွားခဲ့တာကတော့ကံဆိုးပါတယ်။

ကြည့်ရှုသူများဟာပီရီယာရဲ့လုပ်ရပ်ကိုအကြီးအကျယ်ဝေဖန်နေကြပြီးအရေးယူမှုပြုလုပ်ရန်တောင်းဆိုလျက်ရှိကြပါတယ်။

ကံဆိုးတာကတော့ပီရီယာရဲ့လုပ်ဆောင်မှုကအသင်းအတွက်ကံဆိုးမှုတွေယူဆောင်လာစေပါတယ်။ယင်းပွဲတွင်ဂျာဂွါရက်စ်က၂-၁ဖြင့်အနိုင်ရရှိသွားပါတယ်။

ZawGyi

ဖရီးကစ္အား ကာကြယ္စဥ္ ေဘာင္းဘီခြၽတ္ကာ ငယ္ပါ ထုတ္ျပၿပီး ပုံမွန္မဟုတ္တဲ့ နည္းဗ်ဴဟာသုံးခဲ့တဲ့ ကစားသမား

ကိုလံဘီယာကစားသမားဟာၿပိဳင္ဘက္အသင္းရဲ႕ဖရီးကစ္ကိုကာကြယ္စဥ္ ေဘာင္းဘီခြၽတ္ၿပီးငယ္ပါထုတ္ျပကာ ပုံမွန္မဟုတ္တဲ့နည္းဗ်ဴဟာကိုအသုံးျပဳခဲ့ပါတယ္။

ဆန္တီဖီေနာက္ခံလူဂိုင္ဆင္ပီရီယာဟာတနလၤာေန႔တုန္းကဂ်ာဂူရက္စ္ႏွင့္ရင္ဆိုင္ကစားရတဲ့ ကိုလံဘီယာပထမတန္းလိဂ္ပြဲစဥ္တြင္သူ႔ရဲ႕ပစၥည္းကိုထုတ္ျပၿပီးအသင္းကိုကူညီခဲ့တာလည္းျဖစ္ပါတယ္။

ပြဲအစပိုင္းတြင္ ဂ်ာဂူယက္စ္အသင္း ဖရီးကစ္ရရွိသြားၿပီးေနာက္ ပီရီယာဟာကစားေဖာ္ ဗီလာ၊ဝက္စ္ဟမ္းႏွင့္ဝက္ဖို႔ဒ္အလယ္တန္းကစားသမားေဟာင္းကားလို႔စ္ဆန္းခ်က္ဇ္ႏွင့္အတူ ဖရီးကစ္ကိုကာကြယ္ရန္ Wall စီခဲ့ပါတယ္။

သူဟာေဘးနားတြင္ဒိုင္လူႀကီးမတ္တပ္ရပ္ေနေပမဲ့လည္း ရယ္စရာေကာင္းေလာက္ေအာင္ေဘာင္းဘီခြၽတ္ၿပီးသူ႔ပစၥည္းကိုဆြဲထုတ္ျပကာ ဖရီးကစ္ကန္မယ့္ၿပိဳင္ဘက္ကစားသမားကိုအေႏွာက္အယွက္ေပးခဲ့ပါတယ္။

အဆိုပါပြဲအျဖစ္အပ်က္ျဖစ္ပ်က္ခ်ိန္တြင္ပြဲအစ၄မိနစ္သာရွိၿပီးဂိုးမရွိသေရက်ေနတဲ့အခ်ိန္ျဖစ္ပါတယ္။

ကံေကာင္းတာကေတာ့ဒိုင္လူႀကီးေတြဟာပီရီယာရဲ႕လုပ္ရပ္ကိုမျမင္ေတြ႕လိုက္ပါဘူး။ဒါေၾကာင့္လည္းသူဟာကြင္းအတြင္းမွာတစုံတရာအေရးယူျခင္းမခံခဲ့ရပါဘူး။

ဒါေပမဲ့သူ႔လုပ္ရပ္အားလုံးကို႐ုပ္သံကိုမိမိရရ႐ိုက္ကူးမိသြားခဲ့တာကေတာ့ကံဆိုးပါတယ္။

ၾကည့္ရႈသူမ်ားဟာပီရီယာရဲ႕လုပ္ရပ္ကိုအႀကီးအက်ယ္ေဝဖန္ေနၾကၿပီးအေရးယူမႈျပဳလုပ္ရန္ေတာင္းဆိုလ်က္ရွိၾကပါတယ္။

ကံဆိုးတာကေတာ့ပီရီယာရဲ႕လုပ္ေဆာင္မႈကအသင္းအတြက္ကံဆိုးမႈေတြယူေဆာင္လာေစပါတယ္။ယင္းပြဲတြင္ဂ်ာဂြါရက္စ္က၂-၁ျဖင့္အႏိုင္ရရွိသြားပါတယ္။