ဖရီးကစ် ၇၂ ကြိမ်တွင် ၁ ဂိုးတည်းသာသွင်းထားနိုင်တဲ့ ရော်နယ်ဒိုရဲ့ ဆိုးရွားလှတဲ့ဖရီးကစ်မှတ်တမ်း

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်သို့ပြောင်းလာပြီးတဲ့နောက်ဆိုးရွားလွန်းလှတဲ့ဖရီးကစ်မှတ်တမ်းနှင့် ရင်ဆိုင်နေရပါတယ်။ပေါ်တူဂီစတားဟာဂျူဗင်တပ်သို့ရောက်လာပြီးတဲ့နောက်ဖရီးကစ်၇၂ကြိမ်ကန်ရာမှာ တစ်ကြိမ်တည်းသာဂိုးဝင်ထားပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်နွေရာသီမှာရီးရဲလ်မက်ဒရစ်မှပြောင်းလာပြီးတဲ့ နောက်ဂျူဗင်တပ်မှာဂိုးသွင်းဖို့ရုန်းကန်လာခဲ့ရတဲ့သူတော့မဟုတ်ပါဘူး။

ဂျူဗင်တပ်ကစကူဒက်တိုချန်ပီယံကာကွယ်နိုင်မယ့်အခွင့်အရေးနည်းပါးလာနေပေမယ့်ရော်နယ်ဒိုဟာယခုရာသီမှာဂျူဗင်တပ်အတွက်၃၄ပွဲကစားထားရာမှာဂိုး၃၀အထိသွင်းယူထားနိုင်ပါတယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာဂျူဗင်တပ်မှာဂိုးသွင်းဖို့မရုန်းကန်ရပေမယ့်လည်းဖရီးကစ်နေ ဂိုးရဖို့တော့ဆိုးဆိုးရွားရွားရုန်းကန်နေရပါတယ်။

အီတလီသတင်းစာ La Repubblica ရဲ့ဖော်ပြချက်အရရော်နယ်ဒိုဟာတူရင်သို့ရောက်လာပြီးနောက်၂ နှစ်ကျော်ကာလအတွင်းမှာဖရီးကစ်ကနေတစ်ကြိမ်တည်းဘဲဂိုးသွင်းထားနိုင်ပါတယ်။

ရော်နယ်ဒိုဟာတိုရီနိုကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတုန်းကဖရီးကစ်ကနေဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

တကယ်တော့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူ၊ရီးရဲလ်မက်ဒရစ်တို့မှာကစားစဉ်တုန်းကဖရီးကစ်စပါယ်ရှယ်လစ်ကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်ခဲ့သူဖြစ်ပါတယ်၊။

ZawGyi

ဖရီးကစ္ ၇၂ ႀကိမ္တြင္ ၁ ဂိုးတည္းသာသြင္းထားႏိုင္တဲ့ ေရာ္နယ္ဒိုရဲ႕ ဆိုး႐ြားလွတဲ့ဖရီးကစ္မွတ္တမ္း

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္သို႔ေျပာင္းလာၿပီးတဲ့ေနာက္ဆိုး႐ြားလြန္းလွတဲ့ဖရီးကစ္မွတ္တမ္းႏွင့္ ရင္ဆိုင္ေနရပါတယ္။ေပၚတူဂီစတားဟာဂ်ဴဗင္တပ္သို႔ေရာက္လာၿပီးတဲ့ေနာက္ဖရီးကစ္၇၂ႀကိမ္ကန္ရာမွာ တစ္ႀကိမ္တည္းသာဂိုးဝင္ထားပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္ေႏြရာသီမွာရီးရဲလ္မက္ဒရစ္မွေျပာင္းလာၿပီးတဲ့ ေနာက္ဂ်ဴဗင္တပ္မွာဂိုးသြင္းဖို႔႐ုန္းကန္လာခဲ့ရတဲ့သူေတာ့မဟုတ္ပါဘူး။

ဂ်ဴဗင္တပ္ကစကူဒက္တိုခ်န္ပီယံကာကြယ္ႏိုင္မယ့္အခြင့္အေရးနည္းပါးလာေနေပမယ့္ေရာ္နယ္ဒိုဟာယခုရာသီမွာဂ်ဴဗင္တပ္အတြက္၃၄ပြဲကစားထားရာမွာဂိုး၃၀အထိသြင္းယူထားႏိုင္ပါတယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟာဂ်ဴဗင္တပ္မွာဂိုးသြင္းဖို႔မ႐ုန္းကန္ရေပမယ့္လည္းဖရီးကစ္ေန ဂိုးရဖို႔ေတာ့ဆိုးဆိုး႐ြား႐ြား႐ုန္းကန္ေနရပါတယ္။

အီတလီသတင္းစာ La Repubblica ရဲ႕ေဖာ္ျပခ်က္အရေရာ္နယ္ဒိုဟာတူရင္သို႔ေရာက္လာၿပီးေနာက္၂ ႏွစ္ေက်ာ္ကာလအတြင္းမွာဖရီးကစ္ကေနတစ္ႀကိမ္တည္းဘဲဂိုးသြင္းထားႏိုင္ပါတယ္။

ေရာ္နယ္ဒိုဟာတိုရီႏိုကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတုန္းကဖရီးကစ္ကေနဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူ၊ရီးရဲလ္မက္ဒရစ္တို႔မွာကစားစဥ္တုန္းကဖရီးကစ္စပါယ္ရွယ္လစ္ကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ခဲ့သူျဖစ္ပါတယ္၊။