ဖလာမင်ဂိုသို့ မန်ယူအလယ်တန်းကစားသမားပီရဲရာအငှားဖြင့် ပြောင်းရွှေ့

မန်ယူအလယ်တန်းကစားသမားအင်ဒရေပီရဲရာဟာဘရာဇီးကလပ်ဖလာမင်ဂိုသို့အငှားဖြင့်ပြောင်းရွှေ့လိုက်ပါတယ်။

အသက်၂၅နှစ်ရှိဘရာဇီးအလယ်တန်းတိုက်စစ်သမားဟာယခုအပတ်အစောပိုင်းကတည်းကဖလာမင်ဂိုသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိလာခဲ့တာဖြစ်ပြီးယခုအခါအပြောင်းအရွှေ့အပြီးသတ်လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

ပီရဲရာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလာဇီယိုသို့အငှားဖြင့်သွားရောက်ကစားခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်လာဇီယိုဟာသူ့ကိုပေါင်၂၁သန်းဖြင့်အပြီးသတ်မခေါ်ယူမှုနဲ့အတူမန်ယူသို့ပြန်ပို့ခဲ့ပါတယ်။

ဘရာဇီးကစားသမားဟာယခုနွေရာသီမှာမန်ယူရဲ့ရာသီကြိုခြေစမ်းပွဲများတွင်ပါဝင်ကစားခဲ့ပြီးဘရန့်ဖို့ဒ်နှင့်ခြေစမ်းပွဲတွင်သူ့ကစားသမားဘဝတစ်လျှောက်အလှပဆုံးဂိုးတစ်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဖလာမင်ဂိုဟာပီရဲရာအားငှားရမ်းခအဖြစ်ပေါင်၈၅၀၀၀၀ပေးခဲ့ရပြီးသူ့လုပ်ခ၆၀ရာခိုင်နှုန်းကိုပေးချေရပါမယ်။ဒါ့အပြင်ဖလာမင်ဂိုဟာပီရဲရာရဲ့အငှားစာချုပ်အတွင်းတွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi

ဖလာမင္ဂိုသို႔ မန္ယူအလယ္တန္းကစားသမားပီရဲရာအငွားျဖင့္ ေျပာင္းေ႐ႊ႕

မန္ယူအလယ္တန္းကစားသမားအင္ဒေရပီရဲရာဟာဘရာဇီးကလပ္ဖလာမင္ဂိုသို႔အငွားျဖင့္ေျပာင္းေ႐ႊ႕လိုက္ပါတယ္။

အသက္၂၅ႏွစ္ရွိဘရာဇီးအလယ္တန္းတိုက္စစ္သမားဟာယခုအပတ္အေစာပိုင္းကတည္းကဖလာမင္ဂိုသို႔ေျပာင္းေ႐ႊ႕ရန္သေဘာတူညီမႈရရွိလာခဲ့တာျဖစ္ၿပီးယခုအခါအေျပာင္းအေ႐ႊ႕အၿပီးသတ္လုပ္ေဆာင္လာႏိုင္ၿပီျဖစ္ပါတယ္။

ပီရဲရာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလာဇီယိုသို႔အငွားျဖင့္သြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္လာဇီယိုဟာသူ႔ကိုေပါင္၂၁သန္းျဖင့္အၿပီးသတ္မေခၚယူမႈနဲ႔အတူမန္ယူသို႔ျပန္ပို႔ခဲ့ပါတယ္။

ဘရာဇီးကစားသမားဟာယခုေႏြရာသီမွာမန္ယူရဲ႕ရာသီႀကိဳေျခစမ္းပြဲမ်ားတြင္ပါဝင္ကစားခဲ့ၿပီးဘရန႔္ဖို႔ဒ္ႏွင့္ေျခစမ္းပြဲတြင္သူ႔ကစားသမားဘဝတစ္ေလွ်ာက္အလွပဆုံးဂိုးတစ္ဂိုးကိုလည္းသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

ဖလာမင္ဂိုဟာပီရဲရာအားငွားရမ္းခအျဖစ္ေပါင္၈၅၀၀၀၀ေပးခဲ့ရၿပီးသူ႔လုပ္ခ၆၀ရာခိုင္ႏႈန္းကိုေပးေခ်ရပါမယ္။ဒါ့အျပင္ဖလာမင္ဂိုဟာပီရဲရာရဲ႕အငွားစာခ်ဳပ္အတြင္းတြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။